အီတလီမှာ ငလျင်ပြင်းလှုပ်ခတ်

ဓာတ်ပုံ ရင်းမြစ်, 6.2 . 6 . 76 136 10 . . 20 . . . . Reuters
အီတလီ အလယ်ပိုင်းမှာ ရစ်ချ်တာစကေး ၆.၂ ရှိတဲ့ အင်အားပြင်း ငလျင် တခု လှုပ်ခတ်သွားလို့ အနည်းဆုံး လူ ၃၇ ယောက် သေဆုံးပြီး အများအပြား ပျောက်နေ ပါတယ်။
ကျေးရွာနဲ့ မြို့အတော်များများလည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
နေရာအနှံ့အပြားမှာ အဆောက်အအုံတွေ ပြိုကျ ပျက်စီးပြီး လူ အတော်များများ ပျောက်ဆုံးနေပါတယ်။
အပျက်အစီးပုံတွေအောက်မှာ လူတွေ အော်ဟစ် အကူအညီ တောင်းခံနေသံတွေ ကြားရပြီး တယောက်ချင်းစီ ကယ်ထုတ်နေရတယ်လို့ Amatrice မြို့တော်ဝန်က ပြောပါတယ်။
ငလျင်လှုပ်ခဲ့တဲ့ Umbria၊ Lazio နဲ့ Marche နယ်တွေဟာ ကမ္ဘာလှည့် ခရီးသွားတွေ အလာများတဲ့ နေရာလည်း ဖြစ်ပါတယ်။




