BBC News, မြန်မာ - ပင်မစာမျက်နှာ
ထိပ်တန်း သတင်းများ
ငလျင်ကြောင့် ပျက်စီးသွားတဲ့ မန္တလေးက ဗလီတွေ ဘာဆက်ဖြစ်နေလဲ
စစ်ကိုင်းပြတ်ရွေ့ငလျင်ကြီး လှုပ်ခတ်မှုကြောင့် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗလီပေါင်း ၁၈၃ လုံး ထိခိုက်ပျက်စီးခဲ့ပြီး မန္တလေးမြို့ပေါ် ၇ မြို့နယ်မှာတော့ ဗလီ ၅၀ ကျော်နဲ့ အထိအခိုက်အများဆုံး ဖြစ်ခဲ့တယ်လို့ စာရင်းကောက်ယူထားတဲ့ အစ္စလာမ်ဘာသာ အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ မန္တလေးမြို့မှာတော့ ဗလီနဲ့ ဘာသာရေးကျောင်း တစ်လုံးမှကို ခွင့်ပြုချက် မရသေးတာဖြစ်ပါတယ်။
မတ် ၂၈ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - ကျားဖြန့်ကြောင့် ထိုင်းမှာ တိုးရစ်ဖုန်းဆင်းကတ်တချို့ ပိတ်သိမ်းခံရ
လာမယ့်မေလမှာလုပ်မယ့် အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးအစည်းအဝေးပွဲမှာ လောင်စာဆီပြဿနာတွေကို ဆွေးနွေးသွားမယ်လို့ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ သမ္မတ ဖာဒီနန်မားကို့စ်က ကြေညာလိုက်ပါတယ်။
ငလျင်ကြီးတစ်နှစ်တာ - Sky Villa တိုက်ခန်းပိုင်ရှင်တွေရဲ့ အမေ့လျော့ခံဒဏ်ရာများ
မြန်မာနိုင်ငံမှာ ၂၀၂၅၊ မတ်လ ၂၈ ရက်က ငလျင်လှုပ်ခတ်မှု တစ်နှစ်ပြည့်လာပြီးတဲ့နောက်မှာ လူ ရာနဲ့ချီ သေဆုံးခဲ့တဲ့ Sky Villa ကွန်ဒိုတည်ဆောက်တဲ့ ကုမ္ပဏီပိုင်ရှင်ကို တရားစွဲဆိုမှုထွက်ပေါ်လာပါပြီ။ အိမ်ပိုင်ရှင်တွေစုစုပေါင်းပြီးတော့ လည်း တရားစွဲဖို့ပြင်နေပါတယ်။ ငလျင်လှုပ်ခတ်မှုအပြီး တစ်နှစ်အကြာပေါ်လာတဲ့ တရားအခြေအနေဘယ်လိုရှိပါသလဲ။ Sky Villa ကွန်ဒို အခန်းပိုင်ရှင်တွေ ရဲ့ တောင်းဆိုမှုတွေကဘာတွေလဲ။
အခြေခံဥပဒေထဲက ပြင်ဆင်ဖို့ သဘောတူထားတဲ့ ၄၃ ချက်ကို လွှတ်တော်မှာ ပြင်ဆင်မယ်လို့ စစ်ခေါင်းဆောင်ပြော
အခြေခံဥပဒေထဲက ပြင်ဆင်ဖြည့်စွက်ဖို့ သဘောတူထားတဲ့ ၄၃ ချက်ကို လွှတ်တော်မှာ ပြင်ဆင်မယ်လို့ စစ်ခေါင်းဆောင်ပြော တဲ့သတင်းအပါအဝင် မတ် ၂၇ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။
ရပ်အဆိုတော်ဟောင်း နီပေါ ဝန်ကြီးချုပ်သစ် ကျမ်းကျိန်
၃၅ နှစ် အရွယ် ရပ်အဆိုတော်ရဲ့ အောင်မြင်မှုက နီပေါ နိုင်ငံရေးရဲ့ အရေးကြီးတဲ့ အရွေ့အပြောင်းလည်း ဖြစ်ပါတယ်။ ခြစားမှု၊ ဝေစားမျှစား အလေ့အကျင့်နဲ့ အထက်လွှာ ကြီးစိုးတဲ့ နီပေါနိုင်ငံရေးကို စိတ်ဆိုးနေကြတဲ့ မဲဆန္ဒရှင်တွေရဲ့ အသံနဲ့ သူ့ရဲ့ ပြောင်းလဲရေး ကတိက သွား ထင်ဟပ်နေတာပါ။
ထရမ့်က အရှေ့အလယ်ပိုင်းကို စစ်သား ၁၀,၀၀၀ ထပ်ပို့နိုင်ရေး စဉ်းစားနေ- WSJ သတင်း
သမ္မတထရမ့်က အီရန်ရဲ့ စွမ်းအင်စက်ရုံတွေကို တိုက်ခိုက်မယ့် အစီအစဉ်ကို နောက်ထပ် ၁၀ ရက် ထပ်ပြီး ရပ်ထားမယ်လို့ မတ် ၂၆ ရက် ကြာသပတေးနေ့ကအစိုးရအဖွဲ့အစည်းအဝေးအပြီးမှာ ပြောပါတယ်။
အော်စကာဆုရ 'ပူတင်ကို ဆန့်ကျင်တဲ့ ဘာမှမဟုတ်သူ' ဇာတ်ကားကို ရုရှားမှာပိတ်ပင်
ယူကရိန်းကို ၂၀၂၂ ဖေဖော်ဝါရီက ရုရှားဝင်တိုက်ပြီးနောက် ရုရှားကျောင်းတွေမှာ စစ်ဝါဒဖြန့်မှုတွေ အရှိန်တက်လာတဲ့အကြောင်း မှတ်တမ်းတင်တဲ့ ဒီဇာတ်ကားက ဒီလဆန်းမှာ အော်စကာဆုရခဲ့ပါတယ်။ ရုရှားက ထွက်ပြေးရတဲ့ ကျောင်းပြပွဲ အခမ်းအနား စီစဉ်သူ ပါဗယ် တလန်ကင် စုဆောင်းထားတဲ့ ဗီဒီယိုရုပ်သံကို အခြေခံ ထားတာပါ။
ငလျင်ကြီးတစ်နှစ်ပြည့် - ဘန်ကောက်ပြိုကျအဆောက်အဦကမြန်မာလုပ်သားတွေ
မြန်မာနိုင်ငံသားတွေအတွက် မတ် ၂၈ ရက်ဟာ မမေ့နိုင်စရာရက်စွဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ငြိမ်သက်နေတဲ့ စစ်ကိုင်းပြတ်ရွေ့လှုပ်ခတ်ခဲ့တာကြောင့် လူဦးရေ ၄,၀၀၀ နီးပါးသေဆုံးခဲ့ပြီး လူဦးရေသိန်းချီ အိုးမဲ့အိမ်မဲ့ဘဝရောက်ခဲ့ရတဲ့ အိပ်မက်ဆိုးသဖွယ်ရက်စွဲ တစ်နှစ်ပြည့်ပါပြီ။
ဘီဘီစီ ညွှန်ချုပ်အဖြစ် ဂူဂဲလ် အမှုဆောင် အရာရှိဟောင်း မက်ထ် ဘရစ်တင်ကို ခန့်
ဒီအလုပ်သစ်မှာ စွန့်စားမှုနဲ့အတူ အခွင့်အလမ်းတွေ ရလာတော့မှာပါလို့ မက်ထ် ဘရစ်တင် ပြော။
စစ်တပ်ရဲ့ စိတ်ဓာတ်စစ်ဆင်ရေးကို တော်လှန်ရေးဘက်ကဘယ်လိုတန်ပြန်မလဲ
နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေးအကျိုး အမြတ်အတွက် လုပ်ဆောင်တဲ့ ဝါဒဖြန့်ချိရေးဗျူဟာကို တော်လှန်ရေးအင်အားစုတွေဘက်က အချိန်မီစုစည်းတုံ့ပြန်နိုင်ဖို့ လိုတယ်ဆိုတဲ့ ထောက်ပြမှုတွေ ရှိလာပါတယ်။
ရုရှား၊ တရုတ်နဲ့ အမေရိကန် - အီရန်စစ်ပွဲမှာ အမြတ်ထွက်သူတွေနဲ့ နစ်နာသူတွေ
အီရန်စစ်ပွဲကြောင့် စီးပွားရေး ထိခိုက်မှုတွေ ဖြစ်လာခဲ့ပြီး နိုင်ငံတချို့ အကြီးအကျယ် ထိခိုက်နစ်နာခဲ့ရပြီး နိုင်ငံတချို့ အတွက်တော့ အမြတ်ထွက်ခဲ့ပါတယ်။
အမေရိကန်- အီရန် ဆွေးနွေးပွဲတကယ်ဖြစ်လာနိုင်လား
အမေရိကန်က အီရန်အပေါ် သူ့ရဲ့ စစ်ရေးတိုက်ခိုက်မှုတွေကို ရွှေ့ဆိုင်းထားမယ်လို့ ပြောနေပေမယ့် အမေရိကန်နဲ့ အီရန်အရာရှိတွေကြားမှာ မတူညီတဲ့ ပြောဆိုချက်တွေကို ထုတ်ပြန်နေကြပါတယ်။
ဒေတာ ချွေတာချင်ပါသလား။
ဘီဘီစီမြန်မာပိုင်းသတင်းကို ဒေတာကုန်ကျမှု နည်းပါးသည့် ပုံဖြင့်ကြည့်ရန်
အထူးစာမျက်နှာ
၂၀၂၅ မြန်မာရွေးကောက်ပွဲ
ဦးအောင်လင်းဒွေး - အမိန့်နာခံသူ ဗိုလ်ချုပ်ကြီး
ဦးအောင်လင်းဒွေးကို တိုင်းပြည်ရဲ့ နံပါတ် ၅ ရာထူးကို ပေးလိုက်တာက အမိန့်နာခံတတ်တဲ့ နောက်လိုက်တစ်ယောက်ကို စစ်ခေါင်းဆောင်ရဲ့ စောင်မကြည့်ရှုမှုလည်းဖြစ်သလို မပြီးပြတ်သေးတဲ့တာဝန်တစ်ခုပေးလိုက်တာလည်းဖြစ်ပါတယ်။
ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းရဲ့နောက်ကွယ်
ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က ရဲချုပ်ဟောင်းဖြစ်တဲ့ အငြိမ်းစားဗိုလ်မှူးချုပ်ခင်ရီ ဦးခင်ရီပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဖြစ်လာခြင်းက စစ်တပ်ကလုပ်ပေးတဲ့ဒီမိုကရေစီအပြောင်းအလဲဟာ စစ်ဗိုလ်ချုပ်တွေလက်ထဲက မလွတ်သေးကြောင်း အကောင်းဆုံး သက်သေပဲ ဖြစ်ပါတယ်။
တပ်ချုပ်နေရာဆက်ခံမယ့်သူ ကြည်းချုပ်လား၊ ညှိကွပ်လား
ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ အာဏာသိမ်းကာလ ၅ နှစ်လုံးအနီးကပ်နေခဲ့သူဖြစ်ပြီး ဗိုလ်ချုပ်ကြီးကျော်စွာလင်းကတော့ တပ်ပိုင်းဆိုင်ရာကိုပဲ သီးသန့်တာဝန်ယူခဲ့သူဖြစ်ပါတယ်။
တပ်နဲ့ ကြံ့ခိုင်ရေး အာဏာခွဲဝေရေး ဆွေးနွေးမှုတချို့ စတင်
USDP ပါတီဥက္ကဋ္ဌ ဦးခင်ရီဟာ နေပြည်တော်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
ကြိုတင်မဲတွေက အဆုံးအဖြတ်ဖြစ်ခဲ့သလား
အပိုင်း ၃ ပိုင်းနဲ့ကျင်းပခဲ့တဲ့စစ်တပ်ရွေးကောက်ပွဲမှာ ကြိုတင်မဲတွေကြောင့် အနိုင်အရှုံးသိသာခဲ့တာက စစ်တပ်ထိန်းချုပ်တဲ့ မြို့နယ် ၃ ခုမှာပဲ ပြုလုပ်နိုင်ခဲ့တဲ့ ရခိုင်ပြည်နယ်ထဲက မဲဆန္ဒနယ်တွေမှာ ဖြစ်ပါတယ်။
စစ်တပ်နဲ့ NUG တို့လှမ်းလာတဲ့ အကြံပေးကောင်စီတွေ
အာဏာသိမ်း ၅ နှစ်ပြည့်ချိန် ဖေဖော်ဝါရီလမှာရွေ့လာတဲ့ နိုင်ငံရေးအခင်းအကျင်းအရ အခုနှစ်ထဲ စစ်တပ်ရောတော်လှန်ရေးမှာပါ လွှတ်တော်၊ အစိုးရ၊ ကောင်စီဆိုတဲ့ အလွှာသုံးခု စင်ပြိုင်ရှိမယ့် သဘောတွေ့နေရပါတယ်။
အတိုင်ပင်ခံကောင်စီ - သမ္မတလုပ်ပိုင်ခွင့်ကို ကြိုတင်ပြဋ္ဌာန်းခြင်း
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီကို သမ္မတက ဖွဲ့စည်းပေးရမှာဖြစ်ပြီး ဒီအဖွဲ့မှာ စစ်ကော်မရှင်အဖွဲ့ဝင်တွေနဲ့ အာဏာသိမ်းစစ်အုပ်ချုပ်ရေးမှာပါဝင်ခဲ့တဲ့ စီနီယာအရာရှိကြီးတွေ ပြန်ပါလာနိုင်တယ်လို့ နေပြည်တော်မှာ ခန့်မှန်းသုံးသပ်နေကြပါတယ်။
အစိုးရသစ်ကာလအထိ ဘာကြောင့် စစ်အုပ်ချုပ်ရေးသက်တမ်းတိုးသလဲ
စစ်ကော်မရှင်ဟာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပဖို့ ပြင်ဆင်နေပြီး တပြိုင်နက်တည်းမှာပဲ မြို့နယ်ပေါင်း ၆၃ ခုကို စစ်အုပ်ချုပ်ရေးသက်တမ်း ဆက်တိုးထားပါတယ်။
NLD မပါတဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေး ဘယ်လိုနိုင်ခဲ့လဲ
NLD ပါတီနဲ့ လူထုထောက်ခံမှုရှိတဲ့ပါတီတချို့ ဖျက်သိမ်းခံထားရပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အတိုက်အခံနိုင်ငံရေးသမားတွေကို ဖမ်းဆီးထောင်ချထားချိန်မှာ ကျင်းပလို့ ဒီရွေးကောက်ပွဲကို ကြံ့ခိုင်ရေးကပဲ အနိုင်ရခဲ့တာလို့ ရွေးကောက်ပွဲလေ့လာ သူတွေကပြောပါတယ်။
အဖြေမရတဲ့ ရွေးကောက်ပွဲ အငြင်းပွားမှုတွေ
ရွေးကောက်ပွဲ အပိုင်း ၁ နဲ့ ၂ ပြီးသွားပေမဲ့ နောက်ဆက်တွဲအငြင်းပွားမှုတွေနဲ့ အားနည်းချက်တွေ ကျန်နေခဲ့ပါတယ်။ အပိုင်း ၁ တုန်းက ဖြစ်ခဲ့တဲ့အငြင်းပွားမှုတွေက အပိုင်း ၂ အထိလည်း ဆက်ဖြစ်ခဲ့ပြီး ဖြေရှင်းပြင်ဆင်နိုင်ခဲ့တာမရှိဘူးလို့ နိုင်ငံရေးပါတီတွေက ညည်းညူနေကြပါတယ်။
ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ
ကြံ့ခိုင်ရေးပါတီ နေရာအများစုနိုင်မယ်လို့ ခန့်မှန်းထားကြတဲ့ ရွေးကောက်ပွဲမှာ မထင်မှတ်တဲ့ ရလဒ်တချို့လည်း ထွက်ပေါ်လာခဲ့ပြီး နာမည်ကြီးနိုင်ငံရေးသမားတချို့ရှုံးပွဲတွေ့သွားပါတယ်။
စစ်တပ်စင်တင်လွှတ်တော်နဲ့ CRPH ဘယ်လိုအားပြိုင်မလဲ
အာဏာသိမ်း ၅ နှစ်အလွန်မှာ လွှတ်တော်ကိုယ်စားပြုကော်မတီဖြစ်တဲ့ (CRPH) ကဘယ်လိုရပ်တည်မလဲ၊ တဖက်မှာလည်း စစ်တပ်ဟာ ရွေးကောက်ပွဲအလွန်မှာ လွှတ်တော်ခေါ်မှာဖြစ်တာကြောင့် စင်ပြိုင်လွှတ်တော်ဖြစ်လာမှာလား... ဆိုတဲ့ မေးခွန်းတွေ နိုင်ငံရေးစောင့်ကြည့်သူတွေကြား အပြောများလာပါတယ်။
ဘီဘီစီမြန်မာပိုင်းရဲ့ သတင်းတွေကို တယ်လီဂရမ်မှာလည်း ဝင်ကြည့်နိုင်ပါပြီ။
မြန်မာနဲ့နိုင်ငံတကာ ထိပ်တန်းသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ တယ်လီဂရမ်ချန်နယ်ကနေ တင်ဆက်ပေးနေပါတယ်။
နားဆင်ကြည့်ရှုရန်
ဗီဒီယို, ဘီဘီစီ မြန်မာတီဗီ အစီအစဉ်
နောက်ဆုံးရ နိုင်ငံတကာ နဲ့ အားကစားသတင်းများ
ညပိုင်းအစီအစဉ်
သတင်းနှင့်ကမ္ဘာ့မျက်မှောက်ရေးရာ
ဆောင်းပါး
IIMM အဖွဲ့ကို ဦးဆောင်သူ နီကိုလပ်စ် ကွမ်ဂျီအန်နဲ့ ဘီဘီစီ သီးသန့် မေးမြန်းခန်း
မြန်မာ့အရေး နိုင်ငံတကာ အမှုတွေ အတွက် သက်သေတွေကို စုဆောင်းရာမှာ အဓိက အကျဆုံးသူ နဲ့ မေးမြန်းခန်း
မူပန်ဖြစ်သွားတဲ့ သိန္နီ
ကိုးကန့်တပ်(MNDAA) အုပ်ချုပ်မှုအောက်မှာ ရှမ်းပြည်နယ်(မြောက်ပိုင်း)က သိန္နီမြို့ကို တရုတ်အခေါ် "မူပန်"ဆိုပြီး တွင်တွင်ကျယ်ကျယ်သုံးလာပါတယ်။
ကျားဖြန့်နှိမ်နင်းရေး ထရမ့်အမိန့်၊ အရှေ့တောင်အာရှမှာ FBI နဲ့ ထိုင်းရဲပူးပေါင်းမှု
အမေရိကန် FBI နဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး အရှေ့တောင်အာရှက အွန်လိုင်းငွေလိမ်(ကျားဖြန့်)ဂိုဏ်းတွေကို နှိမ်နင်းမှု ဘယ်လောက်အထိ ခရီးရောက်နိုင်မလဲ။
တပ်မ ၇၇ ဖမ်းဆီးခံ ညောင်လေးပင်ဒေသခံ ရာချီကို PDF တွေ ဘယ်လိုကယ်ထုတ်ခဲ့ကြလဲ
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်တပ်က စစ်ကြောင်းထိုး၊ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် လူ ၃၀ ကျော်သေဆုံးခဲ့ပြီး နောက်ထပ်လူ ၃၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူ ၃၀၀ ကျော်ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)နဲ့ ကရင်လွတ်မြောက်ရေးတပ်(KNLA) တို့ပူးပေါင်း ကယ်ထုတ်ခဲ့ကြပါတယ်။
အာဆီယံထဲ မြန်မာ ပြန် ဝင်ဆံ့လာမလား
ရွေးကောက်ပွဲလွန် အစိုးရသစ် ပေါ်လာရင် မြန်မာနဲ့ ဆက်ဆံရေး မူဝါဒ ပြန်လည် ချိန်ဆဖို့ အာဆီယံ နိုင်ငံတချို့ စဥ်းစားနေ






































































