ကိုဖီ အာနန် ရခိုင် ဒုက္ခသည် စခန်းတွေဆီကိုသွားရောက်

ရခိုင်ပြည်နယ် အရေး ဆိုင်ရာ အကြံပေး ကော်မရှင် ဥက္ကဋ္ဌ ရဲ့ စက်တင်ဘာလ ၇ ရက်နေ့မှာ ရခိုင် ခရီးစဉ်က ပြန်လာ ပြီ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အရေးဆိုင်ရာအကြံပေး ကော်မရှင် ဥက္ကဋ္ဌ ကိုဖီ အာနန် ရဲ့ ရခိုင်ပြည်နယ် ဒုတိယနေ့ ခရီးစဉ် မှာတော့ စစ်တွေ နဲ့ စစ်တွေ မြို့အနီးက ရခိုင်နဲ့ မွတ်ဆလင် ဒုက္ခသည်စခန်းတွေကို အဓိကသွားခဲ့ ပါတယ်။
မနက်ပိုင်းမှာ စစ်တွေမြို့ပေါ် က အန်ဘာလ လို့ခေါ် တဲ အောင်မင်္ဂလာရပ်ကွက် က မွတ်ဆလင်တွေနဲ့ တွေ့ခဲ သလို၊ စစ်တွေ မင်းဂံရပ်ကွတ်မှာရှိတဲ ရခိုင် ဒုက္ခသည် စခန်း ကိုလည်း သွားခဲ့ပါတယ်။
သက္ကယ်ပြင်စခန်း ကို နေ့လယ်ပိုင်းမှာ ရောက်ရှိလာခဲ့ပြီး၊ စခန်းက ဒုက္ခသည်တွေက သူတို့ စခန်းမှာ တွေ့ကြုံ နေရတဲ့ အခက်အခဲ အခြေအနေ တွေကို ကိုဖီအာနန် ဆီကို တင်ပြ ခဲ့တယ်လို့ သိရပါတယ်။
ကိုဖီ အာနန် ဟာ ဒုက္ခသည်တွေတင်ပြ မှုနဲ့ ပတ်သတ်ပြီး စိတ်ဝင်တစား နား ထောင်တာ ကလွဲ ပြီး မေးမြန်းတာ၊ ပြန်လည် ပြောဆိုတာတွေ လုပ် တာမတွေ့ရဘူးလို့ သက္ကယ်ပြင်စခန်း က ဒုက္ခသည်တွေက ပြောပါတယ်။
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ဦးဆောင် တဲ့ ရခိုင်ပြည်နယ် အရေး ဆိုင်ရာ အကြံပေး ကော်မရှင် က သူတို့ရဲ့ တွေ့ ရှိမှုတွေကို အကြံပေး တင်ပြ ဖို့သာ ဖြစ်တယ်လို့ ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင် က ဘီဘီစီ ကို ပြောပါတယ်။
ကော်မရှင် ဥက္ကဋ္ဌ ကိုဖီ အာနန်ဟာ နေလယ် တစ်နာရီ မှာ ရခိုင် ခရီးစဉ်ကို အဆုံးသတ်ခဲ့ပြီး ရန်ကုန် ကနေ တစ်ဆင့်နေပြည်တော် ကို ဆက်လက် ထွက်ခွာ သွားပါတယ်။
နေပြည်တော်မှာ သမ္မတ ဦး ထင်ကျော်၊ ကာကွယ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့နဲ တွေ့ဆုံ ခဲ့ပါတယ်။
စက်တင်ဘာလ ၈ ရက်နေ့မှာ ရခိုင် ခရီးစဉ်နဲ့ ပတ်သတ်လို့ သတင်းစာ ရှင်းလင်းပွဲ လုပ်မှာပါ။ သတင်းစာရှင်းလင်းပွဲ မတိုင်မီ ရခိုင် အရပ်ဖက် အဖွဲစည်း အချို့က ခေါင်းဆောင်တွေ နဲ့ ရန်ကုန် မြို့မှာ တွေ့ဆုံဖို့ ရှိပါတယ်။








