၂၀၂၀ မြန်မာရွေးကောက်ပွဲ - ပါတီ ၁၀ ခု အကြောင်း ဘယ်လောက်သိသလဲ
မဲဆွယ်ကာလအတွင်း အရင်ရွေးကောက်ပွဲတွေထက် ပါတီကြီးတွေကြား ဝန်းရံထောက်ခံ အင်အားပြမှုတွေ အရှိန်မြင့်တက်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ နောက်တစ်ကြိမ် အနိုင်ရဖို့ အားထုတ်နေတဲ့ အာဏာရ NLD ပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့နဲ့အတူ နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားသူတွေ ခေါင်းဆောင်တဲ့ ပါတီသစ်တချို့ အခု ရွေးကောက်ပွဲမှာ ပေါ်ထွက်လာပါတယ်။
ဒါ့အပြင် အရင်ရွေးကောက်ပွဲတွေမတူဘဲ သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေအချင်းချင်း စုပေါင်းဖွဲ့စည်းလိုက်တဲ့ ပိုအင်အားကောင်းလာတဲ့ တိုင်းရင်းသားပါတီသစ်တွေလည်း ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ပြီး တစ်နိုင်ငံလုံး ပါတီပေါင်း ၈၈ ပါတီကနေ ကိုယ်စားလှယ် ၅၃၉၈ ဦး ပါဝင်ယှဥ်ပြိုင်မယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီ ပါတီတွေအနက် ပါတီ ၁၀ ခုရဲ့ ခေါင်းဆောင်တွေအကြောင်း၊ သူတို့ပါတီတွေရဲ့ ရွေးကောက်ပွဲ မူဝါဒ သဘောထားတွေ စတာတွေကို ဖော်ပြလိုက်ပါတယ်။
ပါတီခေါင်းဆောင်များ ကိုယ်ရေးအကျဥ်း၊ ရွေးကောက်ပွဲ ကြေညာစာတမ်းနှင့် ကတိပြုချက် အကျဥ်းချုပ်များ
ပါတီတစ်ခုချင်းစီ ပုံပေါ်နှိပ်၍ ရွေးချယ်ကြည့်ပါ။
ဒေါ်အောင်ဆန်းစုကြည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- အောင်လံခိုင်ဖို့မဲပေးစို့
ကိုယ်ရေးအကျဥ်း
ကိုယ်ရေးအကျဥ်း
အသက် ၇၅ နှစ် (၁၉ - ၆- ၁၉၄၅)
ပညာအရည်အချင်း
- ဒဿနိကဗေဒ၊နိုင်ငံရေးနှင့်စီးပွားရေး B.A ဘွဲ့ (အောက်စ်ဖို့ဒ်တက္ကသိုလ်)
- နိုင်ငံရေး M.A ဘွဲ့ (အောက်စ်ဖို့ဒ်တက္ကသိုလ်)
အရေးကြီး အတွေ့အကြုံ
- နိုဘယ် ငြိမ်းချမ်းရေးဆုရှင် (၁၉၉၁)
- ၂၀၁၂ ကော့မှူးမြိုနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
- ၂၀၁၅ ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
- နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး (၂၀၁၅)
တိုင်းရင်းသားအရေး
တိုင်းရင်းသားအရေး
ပြည်နယ်နှင့်တိုင်း ဒေသကြီးအားလုံး ဟန်ချက်ညီညီဖွံ့ဖြိုးစေရေးနှင့် သဘာဝအရင်းအမြစ်များမှ ရရှိလာသည့် အကျိုးအမြတ်များကို ဖက်ဒရယ် ပြည်ထောင်စုမူနှင့်အတူ ဒေသအလိုက် မျှတစွာခွဲဝေခံစားရေး စသည့် အချက်အများ
စီးပွားရေး
စီးပွားရေး
ပုဂ္ဂလိက စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အားပေးခြင်း။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ရေးနှင့် ပွင့်လင်းမြင်သာသည့် အခွန်ယဥ်ကျေးမှု ထွန်းကားလာစေရေး စသည့် အချက်များ
အခြား
အခြား
ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ ပြည်သူလူထုအကျိုးပြုရေးတို့ကို ရှေးရှုပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလနှင့် ဆီလျော်စေရန် တည်ဆဲဥပဒေများကို ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြဌာန်းခြင်းတို့ ပြုလုပ်မည် စသည့်အချက်များ
ဦးသန်းဌေး
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ- ပိုမိုတောက်ပသော အနာဂတ်
ကိုယ်ရေးအကျဥ်း
ကိုယ်ရေးအကျဥ်း
အသက် ၆၆ နှစ် (၁၂-၁၁-၁၉၅၄)
ပညာအရည်အချင်း
ဝိဇ္ဇာဘွဲ့ (စစ်တက္ကသိုလ်)၊ မဟာဝိဇ္ဇာဘွဲ့ (ကာကွယ်ရေးပညာ)
အရေးကြီး အတွေ့အကြုံ
- အငြိမ်းစား စွမ်းအင် ဝန်ကြီး
- ပထမအကြိမ်လွှတ်တော် မြန်အောင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တိုင်းရင်းသားအရေး
တိုင်းရင်းသားအရေး
တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို အလေးထားမည်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်အညီ တိုင်းရင်းသားများ၏ အခွင့်အရေးများကို အပြည့်အဝရရှိ ခံစားနိုင်စေရန် ကြိုးပမ်းဆောင်ရွက်မည်။
စီးပွားရေး
စီးပွားရေး
စျေးကွက်စီးပွားရေး စနစ်ကို လက်ခံကျင့်သုံးမည်။
အခြား
အခြား
ကာကွယ်ရေးလုပ်ငန်းစဥ်
တပ်မတော်ကို အင်အားတောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီ မျိုးချစ်တပ်မတော် ဖြစ်စေရန် အားပေးကူညီမည်။ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံး ပါဝင်နိုင်ရေး အားပေးကူညီမည် စသည့် အချက်များ
ဒေါက်တာ သက်သက်ခိုင်
ပြည်သူ့ရှေ့ဆောင်ပါတီ- လူထုဘ၀အဓိက
ကိုယ်ရေးအကျဥ်း
ကိုယ်ရေးအကျဥ်း
အသက် ၅၃ နှစ် ( ၁၉ -၀၈- ၁၉၆၇ )
ပညာအရည်အချင်း
- M.B.B.S (YGN) (1994), MBA ဘွဲ့ရ (အထွေထွေစီမံခန့်ခွဲမှု) (Y.I.E) (2004)
- MBA (နန်ယန်း Fellows) (စင်္ကာပူ) (2008)
- နိုင်ငံတကာစီမံခန့်ခွဲမှုအစီအစဉ်, MA, (USA) (2008)
- Ph.D ကိုယ်စားလှယ်လောင်းပြည်သူ့စီမံခန့်ခွဲမှုနှင့်ခေါင်းဆောင်မှု (USA)
အရေးကြီး အတွေ့အကြုံ
- ရွှေနန်းတော် စိန်ရွှေရတနာတိုက်ပိုင်ရှင်
- ၂၀၁၅ ဒဂုံမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
- Outstanding ASEAN WOMEN Entrepreneurs Award ဆုရှင်
တိုင်းရင်းသားအရေး
တိုင်းရင်းသားအရေး
တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက ဦးစီးဆောင်ရွက်ခွင့် ရှိသည့် ဒေသန္တရစီမံကိန်းများ၊ အထူးပြုထုတ်ကုန်မဟာဗျူဟာများကို ပေါင်းစပ်ညှိနှိုင်း သတ်မှတ်သွားရန်။ တိုင်းရင်းသားဒေသများ၏ ကိုယ်ပိုင်ရပ်တည်နိုင်မှုကို အထောက်အကူပြုမည့် ပြည်သူ့ဘဏ္ဍာ စီမံခန့်ခွဲမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဘဏ္ဍာရန်ပုံငွေ လျာထားပိုင်ခွင့်၊ နယ်စပ်ဒေသ ကုန်သွယ်စခန်းများမှ အချိုးကျ အကောက်ခွန်ဝေစုနှင့် အခြားအခွန်အခများ ခွဲဝေသုံးစွဲနိုင်ရန် စသည့်အချက်အများ
စီးပွားရေး
စီးပွားရေး
ဒေသတွင်း မဟာဗျူဟာမြောက် အခြေခံ အဆောက်အဦ လုပ်ငန်းများတွင် ပြည်တွင်းဆောက်လုပ်ရေး လုပ်ငန်းများ ပါဝင်ဆောင်ရွက်ခွင့်ရမည့် အခွင့်အလမ်းများ ဖော်ထုတ်၍ အားပေးရန်နှင့် ရွှေ့ပြောင်း လုပ်သားများ၏ ပြည်ပလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းများမှတဆင့် လွယ်ကူစျေးသင့်စွာ လွှဲပို့နိုင်ရန် စီစဥ်ပေးခြင်းဖြင့် ယင်းတို့၏ ဘဝအာမခံချက် ခိုင်မာစေပြီး နိုင်ငံ၏ နိုင်ငံခြားအရန်ဝင်ငွေ တိုးတက်ရရှိစေရန် စသည့်အချက်များ
အခြား
အခြား
- အရပ်ဘက်-စစ်ဘက် ဆက်ဆံရေးလုပ်ငန်းစဥ်
- တပ်မတော်က လက်ရှိပါဝင်နေသော နိုင်ငံတော်၏ ဥပဒေပြုရေး နှင့် အုပ်ချုပ်ရေးတာဝန်များကို ပြည်သူ့အစိုးရထံသို့ စနစ်တကျ အဆင့်ဆင့် လွှဲပြောင်းနိုင်ရန်နှင့် ပြည်သူဗဟိုပြု ဖွံ့ဖြိုးရေး လုပ်ငန်းနှင့် သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေး လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နိုင်ရန် စသည့် အချက်များ
သူရဦးရွှေမန်း
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ- ပိုပြီးကောင်းအောင်ပြောင်းကြမယ်
ကိုယ်ရေးအကျဥ်း
ကိုယ်ရေးအကျဥ်း
အသက် - ၇၃ နှစ် (၁၁-၇-၁၉၄၇)
ပညာအရည်အချင်း
- B.Sc (D.S.A)
- H.G.P
အရေးကြီး အတွေ့အကြုံ
- သူရဘွဲ့ (၁၉၉၈)
- အငြိမ်းစား ဗိုလ်ချုပ်ကြီး
- ပထမအကြိမ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ
- ၂၀၁၀ ဇေယျာသီရီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
တိုင်းရင်းသားအရေး
တိုင်းရင်းသားအရေး
တိုင်းရင်းသားအားလုံး ဖက်ဒရယ် အခွင့်အရေးနှင့် နိုင်ငံသားအားလုံး နိုင်ငံသားအခွင့်အရေး ရှိစေရမည်။
စီးပွားရေး
စီးပွားရေး
အခွန်အခ လိုင်စင်ကိစ္စ၊ စည်ပင်ကိစ္စ မြို့ဝင်ကြေး၊ လျှပ်စစ်မီတာခနှင့် မှတ်ပုံတင်ကိစ္စရပ်များကို အချိန်ကုန်လူပန်း မဖြစ်စေရန် ဆောင်ရွက်ပေးမည်နှင့် နိုင်ငံ့ဝန်ထမ်းအားလုံး လက်ရှိလစာနှုန်းထားထက် အနည်းဆုံး ၂ ဆ ရရှိရေးကို ၂ နှစ်အတွင်း စီမံဆောင်ရွက်ပေးမည်။ အနိမ့်ဆုံး ဝန်ထမ်းလစာကို ကျပ် ၃ သိန်းနှုန်း သတ်မှတ်ပေးမည်။
အခြား
အခြား
ပြည်သူတစ်ရပ်လုံး စားဝတ်နေရေး၊ ကျန်းမာရေး၊ ပညာရေး၊ အိုးပိုင်အိမ်ပိုင် နေထိုင်ရေး၊ ကိုယ်ပိုင်ကား စီးနိုင်ရေး၊ အများပြည်သူ ခရီးသွားလာမှု ချောမွေ့ အဆင်ပြေရေး တို့ကို လက်ရှိ အခြေအနေထက် သာလွန်ကောင်းမွန်အောင် စီမံ ဆောင်ရွက်ပေးမည် စသည့် အချက်များ
ဦးကိုကိုကြီး
ပြည်သူ့ပါတီ- အလင်းခေတ်ကို အတူသွားမည် ပြည်သူ့ပါတီ
ကိုယ်ရေးအကျဥ်း
ကိုယ်ရေးအကျဥ်း
အသက် ၅၉ နှစ် (၁၈-၁၂-၁၉၆၁)
ပညာအရည်အချင်း
နိုင်ငံတကာဆက်ဆံရေးပညာ ဝိဇ္ဇာဘွဲ့ (၂၀၁၇ ရန်ကုန်တက္ကသိုလ်)
အရေးကြီး အတွေ့အကြုံ
- နိုင်ငံရေး အကျဉ်းသားဟောင်း
- ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း
တိုင်းရင်းသားအရေး
တိုင်းရင်းသားအရေး
တိုင်းရင်းသားများ၏ ရိုးရာဓလေ့၊ စာပေ၊ ယဥ်ကျေးမှုများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်ဘဏ္ဍာကို ပိုမိုသုံးစွဲဆောင်ရွက်သွားမည်။ တိုင်းရင်းသား ဓလေ့ထုံးတမ်း၊ ဥပဒေများနှင့် စပ်လျဥ်း၍ သက်ဆိုင်ရာ ဒေသရှိ လွှတ်တော်၊ တရားရေး ကဏ္ဍ၊ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် စသည့် အချက်များ
စီးပွားရေး
စီးပွားရေး
အစုရှယ်ယာစျေးကွက်၊ ငွေချေးစာချုပ်စျေးကွက်နှင့် ငွေကြေးစျေးကွက်များ အားကောင်းလာစေရေးအတွက် ဆောင်ရွက်သွားမည် ။ နည်းပညာ အခြေပြုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နိုင်ငံတော်ဘဏ္ဍာမှ အထောက်အကူပြုခြင်းများ ဆောင်ရွက်မည် စသည့် အချက်များ
အခြား
အခြား
နိုင်ငံရေးနည်းလမ်းဖြင့် ထာဝရ ငြိမ်းချမ်းရေး ရရှိစေရန် ဆောင်ရွက်သွားမည်။ ငြိမ်းချမ်းရေး ဆောင်ရွက်နေစဥ် ကာလအတွင်း ဒေသတွင်း အပစ်အခတ်ရပ်စဲရေးကို မဖြစ်မနေ ရရှိစေရန် ဆောင်ရွက်သွားမည် စသည့်အချက်များ။
ဒေါက်တာ မနမ်တူးဂျာ
ကချင်ပြည်နယ်ပြည်သူ့ပါတီ- ပေါင်စည်းခြင်းသည်အင်အား
ကိုယ်ရေးအကျဥ်း
ကိုယ်ရေးအကျဥ်း
အသက် ၇၄ နှစ် (၇.၂.၁၉၄၆)
ပညာအရည်အချင်း
သွားဘက်ဆိုင်ရာ ဆရာဝန်ဘွဲ့
အရေးကြီး အတွေ့အကြုံ
- KIO ဒုဥက္ကဌ ဟောင်း
- ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌဟောင်း
တိုင်းရင်းသားအရေး
တိုင်းရင်းသားအရေး
ပင်လုံသဘောတူညီချက်၊ ပင်လုံကတိဝတ်များနှင့်အညီ နိုင်ငံတော်ကို စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖြစ်တည်လာစေရေးကို အလေးထားဆောင်ရွက်ပါမည်။
စီးပွားရေး
စီးပွားရေး
ကချင်ပြည်နယ်အတွင်း အကြီးစား၊ အလတ်စား စီးပွားရေးနှင့် စီမံကိန်းများနှင့် စိုက်ပျိုးမွေးမြူရေး၊ စက်မှုလက်မှု ကဏ္ဍများ လုပ်ကိုင်ဆောင်ရွက်ရာတွင် ဒေသခံ ပြည်သူလူထု၏ လုံခြုံရေးနှင့် အကျိုးစီးပွားများကို ထိခိုက်မှု မရှိစေရန် ကူညီဆောင်ရွက်ပါမည်။
အခြား
အခြား
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်း အပြီးတိုင် ထာဝရ ရပ်ဆိုင်းရေးကို အစဥ်တစိုက် ကြိုးပမ်းဆောင်ရွက်ပါမည်။
ခွန်ထွန်းဦး
ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်- ဖက်ဒရယ်မှသည် ငြိမ်းချမ်းရေးဆီသို့
ကိုယ်ရေးအကျဥ်း
ကိုယ်ရေးအကျဥ်း
အသက် ၇၇ နှစ် (၁၁.၀၉.၁၉၄၃)
ပညာအရည်အချင်း
ဥပဒေပညာ၊ ဒုတိယနှစ်၊ ရန်ကုန်တက္ကသိုလ်
အရေးကြီး အတွေ့အကြုံ
- ၁၉၉၀ ရွေးကောက်ပွဲ ရွေးကောက်ခံ ကိုယ်စားလှယ်
- နိုင်ငံရေးအကျဉ်းသားဟောင်း
တိုင်းရင်းသားအရေး
တိုင်းရင်းသားအရေး
ပင်လုံကတိကဝတ်များကို ပြန်လည်အသက်သွင်းခြင်းသည် ပဋိပက္ခဖြေရှင်းရေး၏ တစ်ခုတည်းသော အဖြေဖြစ်ကြောင်း အခိုင်အမာ သက်ဝင်ယုံကြည်သည်။ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ခြင်းသည် ပြည်တွင်း ပဋိပက္ခဖြေရှင်းရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးရရှိစေရေး၏ တစ်ခုတည်းသော အဖြေဖြစ်သည်။
စီးပွားရေး
စီးပွားရေး
(စီးပွားရေး မူဝါဒ သီးသန့်မဖော်ပြထား)။ ရေးဆွဲပြီးစီးထားသည့် ကဏ္ဍအလိုက် မူဝါဒပေါင်း ၂၀ အား ပြည်သူအများ လေ့လာသုံးသပ် ဝေဖန်နိုင်စေရန် ဆောင်ရွက်လျက်ရှိသည်။ ပြည်သူများထံမှ အကြံပြုချက်များကို ရယူပြီး လိုအပ်သည့် ပြင်ဆင်မှုများကို လုပ်ဆောင်သွားပါမည်။
အခြား
အခြား
ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် မူဝါဒများ တူညီသည့် ပါတီ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းလက်တွဲဆောင်ရွက်သွားမည်၊ အခြားပါတီများ၊ အဖွဲ့အစည်းများနှင့်လည်း တတ်နိုင်သရွေ့ စေ့စပ်ညှိနှိုင်း ဆွေးနွေးသွားမည် စသည့်အချက်များ
ဦးသာထွန်းလှ
ရခိုင်အမျိုးသားပါတီ- စည်းလုံးချစ်ကြည်ပြည်သစ်တည်
ကိုယ်ရေးအကျဥ်း
ကိုယ်ရေးအကျဥ်း
အသက် ၅၃ နှစ် ( ၁၀.၅.၁၉၆၇)
ပညာအရည်အချင်း
B.Sc (Chemistry)
အရေးကြီး အတွေ့အကြုံ
- ကုန်စည်ပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်သူ
- ၁၉၈၈ အရေးတော်ပုံမှာ ဘူးသီးတောင်မြို့နယ် ကျောင်းသားသမဂ္ဂ စည်းရုံးရေးမှူး
- ၁၉၉၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကိုယ်စားလှယ်အဖြစ် ဆောင်ရွက်
- ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ တည်ထောင်ပြီး အတွင်းရေးမှူးအဖြစ် ဆောင်ရွက်
တိုင်းရင်းသားအရေး
တိုင်းရင်းသားအရေး
ဖက်ဒရယ်ဖွဲ့စည်းပုံပေါ်ပေါက်ရေးနှင့် တိုင်းရင်းသားပြည်နယ်များ၏ ဖွဲ့စည်းပုံ ပေါ်ပေါက်နိုင်ရေး ဦးတည်ဆောင်ရွက်မည်။ တိုင်းရင်းသားများအနေနှင့် ကိုယ့်ကံကြမ္မာ ကိုယ်တိုင်ဖန်တီးပေးနိုင်သော ဖက်ဒရယ်ဖွဲ့စည်ပုံ ဖြစ်ထွန်းရေးကို ကြိုးပမ်းဆောင်ရွက်ရန် စသည့် အချက်များ။
စီးပွားရေး
စီးပွားရေး
ရခိုင်အမျိုးသားဘဏ်များ ဖြစ်ထွန်းပေါ်ပေါက်ရေးကို တွန်းအားပေးလုပ်ဆောင်မည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံဖြိုးနိုင်ရေးအတွက် ချေးငွေများ ထုတ်ပေးနိုင်ရေး တွန်းအားပေးဆောင်ရွက်သွားမည် စသည့်အချက်များ
အခြား
အခြား
- ဒီမိုကရေစီစနစ်ထွန်းကားပြန့်ပွားရေး
- အပစ်အခတ်ရပ်စဲရေးနှင့် စားပွဲဝိုင်းဆွေးနွေးသော ယဥ်ကျေးမှုသို့ ကူးပြောင်းနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်။ ပြည်သူများ အသက်အိုးအိမ် စည်းစိမ်များ လုံခြုံရေးနှင့် ငြိမ်းချမ်းသော လူ့ဘောင်တွင် ဒီမိုကရေစီ ကျင့်စဥ်များအတိုင်း စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးကို ကြိုးပမ်းဆောင်ရွက်သွားမည်။
နိုင်တင်အောင် ခေါ် နိုင်တလနွန်
မွန်ညီညွတ်ရေးပါတီ- ဖက်ဒရယ် ပြည်ထောင်စုဆီသို့ ချီတက်စို့
ကိုယ်ရေးအကျဥ်း
ကိုယ်ရေးအကျဥ်း
အသက် ၈၃ နှစ် (၃၁-၇-၁၉၃၇)
ပညာအရည်အချင်း
မော်လမြိုင်၊မော်တင်လိန်းဂျပ်ဆင်ကျောင်းနှင့် ရန်ကုန်၊ဆော်လမွန်ကျောင်းတို့မှာ ဒသမတန်းအထိ ပညာသင်ကြားခဲ့
အရေးကြီး အတွေ့အကြုံ
- ပငရွာသူကြီး
- မွန်ပြည်သစ်ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်
- နဝတ အစိုးရလက်ထက် အပစ်ရပ်ညှိနှိုင်းမှုကော်မတီ ဒုအဖွဲ့ခေါင်းဆောင်
တိုင်းရင်းသားအရေး
တိုင်းရင်းသားအရေး
လူမျိုးကို အခြေခံသည့် နယ်မြေများ ပိုင်းခြားသတ်မှတ်ကာ ပြည်ထောင်စုကို ဖွဲ့စည်းသည့် စနစ်ကို လက်ခံပါသည်။ ပြည်နယ်ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပေဒအရ ပြည်နယ်လွှတ်မှ ပြည်နယ်အစိုးရ ဝန်ကြီးချုပ်ကို ရွေးချယ်ခြင်း၊ ပြည်နယ်အစိုးရ အဖွဲ့ကို ရွေးချယ်ခြင်းတို့ကို လုပ်ဆောင်နိုင်ရမည် စသည့် အချက်များ။
စီးပွားရေး
စီးပွားရေး
နိုင်ငံတကာ ချိတ်ဆက်မှုများဖြင့် အထူးစီးပွားရေးဇုန်များ၊ ရေနက်ဆိပ်ကမ်းများ၊ နယ်စပ်ကုန်သွယ်ရေး စခန်းများ၊ စီမံကိန်းများ ဖော်ထုတ်မှုတို့အား အားပေးသွားမည်။ အခွန်အကောက်ရရှိရေးနှင့် စပ်လျဥ်း၍ ပြည်သူများက လိုလားလက်ခံ ထမ်းဆောင်လိုစိတ်ရှိပြီး ပူးပေါင်းပါဝင်သည့် အခွန်စနစ်မျိုးပေါ်ပေါက်ရန် တွန်းအားပေးခြင်း၊ ဘဏ္ဍာရေးနှင့် ပတ်သက်ပြီး ဗဟိုချုပ်ကိုင်မှုများကိုလျှော့ချကာ ပြည်နယ်တိုင်းအစိုးရကြား သင့်လျော်စွာ ခွဲဝေသုံးစွဲနိုင်ရန် ဆောင်ရွက်မည် စသည့်အချက်များ။
အခြား
အခြား
ပြည်တွင်းစစ်ရပ်စဲရေး၊ ငြိမ်းချမ်းမှု တည်ဆောက်ရေးနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်သွားမည်။ စစ်မက်တိုက်ခိုက်မှုများအစား တွေ့ဆုံဆွေးနွေးခြင်းဖြင့် ညှိနှိုင်းအဖြေရှာနိုင်ရေး တိုက်တွန်းပါဝင်ဆောင်ရွက်သွားမည် စသည့်အချက်များ။
ဦးငိုင်ဆာ့ခ်
ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- ချင်းတို့အရေးပြန်ယူဖို့ CNLD ကိုမဲပေးစို့
ကိုယ်ရေးအကျဥ်း
ကိုယ်ရေးအကျဥ်း
အသက် ၅၅ နှစ် ( ၁၀-၃-၁၉၆၅)
ပညာအရည်အချင်း
- ဥပဒေဘွဲ့ (၁၉၉၁ ခုနှစ် ရန်ကုန်တက္ကသိုလ်)
- LLM (Q-II ၁၉၉၂ ခုနှစ်)
- MA (Theology) (Faith Baptist Bible College)
အရေးကြီး အတွေ့အကြုံ
- တရားသူကြီး (၁၉၉၃ - ၂၀၀၃)
- တရားလွှတ်တော်ရှေ့နေ (၂၀၀၅ - လက်ရှိ)
- သမာဓိဖောင်ဒေးရှင်း တည်ထောင်သူ
- UNICEF&MCC Legal Aid ပရောဂျက်မှာ စီမံကိန်းမန်နေဂျာ (၂၀၀၈-၂၀၁၁)
တိုင်းရင်းသားအရေး
တိုင်းရင်းသားအရေး
သာသနာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရန်နှင့် ယင်းနှင့်ဆက်နွှယ်သော ဌာနများကို ဖျက်သိမ်းရန်။ ချင်းပြည်နယ် အစိုးရ အစီအစဥ်ဖြင့် မဟာသင်္ကြန်ပွဲတော်၊ ခရစ်စမတ်ပွဲတော်နှင့် ရှင်သန်ထမြောက်ရာနေ့ စသည့် ဘာသာရေးဆိုင်ရာ အခမ်းအနားများကို ကျင်းပပြုလုပ်ခြင်း မပြုလုပ်ရန် စသည့် အချက်အများ
စီးပွားရေး
စီးပွားရေး
စီးပွားရေး သီးသန့် မဖော်ပြထားပါ။
အခြား
အခြား
နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံ့ဝန်ထမ်းလျှောက်လွှာ၊ ကျောင်းဝင်ခွင့်လျှောက်လွှာ၊ ပုဂ္ဂလိကလုပ်ငန်း လျှောက်လွှာများတွင် ကိုးကွယ်သည့်ဘာသာ ဖြည့်စွက်ခြင်း မပြုရန် ကြိုးပမ်းဆောင်ရွက်မည် စသည့်အချက်များ။




