ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
၂၀၂၀ မြန်မာရွေးကောက်ပွဲ - ပါတီ ၁၀ ခု အကြောင်း ဘယ်လောက်သိသလဲ
မဲဆွယ်ကာလအတွင်း အရင်ရွေးကောက်ပွဲတွေထက် ပါတီကြီးတွေကြား ဝန်းရံထောက်ခံ အင်အားပြမှုတွေ အရှိန်မြင့်တက်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ နောက်တစ်ကြိမ် အနိုင်ရဖို့ အားထုတ်နေတဲ့ အာဏာရ NLD ပါတီနဲ့ ကြံ့ခိုင်ရေးပါတီတို့နဲ့အတူ နိုင်ငံရေးနယ်ပယ်မှာ ထင်ရှားသူတွေ ခေါင်းဆောင်တဲ့ ပါတီသစ်တချို့ အခု ရွေးကောက်ပွဲမှာ ပေါ်ထွက်လာပါတယ်။
ဒါ့အပြင် အရင်ရွေးကောက်ပွဲတွေမတူဘဲ သက်ဆိုင်ရာ တိုင်းရင်းသားပါတီတွေအချင်းချင်း စုပေါင်းဖွဲ့စည်းလိုက်တဲ့ ပိုအင်အားကောင်းလာတဲ့ တိုင်းရင်းသားပါတီသစ်တွေလည်း ပါဝင်ယှဥ်ပြိုင်ကြမှာ ဖြစ်ပြီး တစ်နိုင်ငံလုံး ပါတီပေါင်း ၈၈ ပါတီကနေ ကိုယ်စားလှယ် ၅၃၉၈ ဦး ပါဝင်ယှဥ်ပြိုင်မယ့် ရွေးကောက်ပွဲ ဖြစ်ပါတယ်။
ဒါကြောင့် အဲဒီ ပါတီတွေအနက် ပါတီ ၁၀ ခုရဲ့ ခေါင်းဆောင်တွေအကြောင်း၊ သူတို့ပါတီတွေရဲ့ ရွေးကောက်ပွဲ မူဝါဒ သဘောထားတွေ စတာတွေကို ဖော်ပြလိုက်ပါတယ်။