ဘီဘီစီ မြန်မာပိုင်း သတင်းတွေကို တယ်လီဂရမ်မှာ ကြည့်နိုင်ပါပြီ
ဘီဘီစီမြန်မာပိုင်းက တင်ဆက်ပေးနေတဲ့ နောက်ဆုံးရ တိုက်ရိုက်သတင်းထုတ်လွှင့်ချက်၊ သတင်းသုံးသပ်ချက်တွေနဲ့ သတင်းဆောင်းပါးတွေ၊ ရုပ်သံသတင်းတွေကို တယ်လီဂရမ်ချန်နယ်ကနေ ရယူနိုင်ပါပြီ။
တယ်လီဂရမ်သုံးစွဲတဲ့ဘီဘီစီပရိသတ်တွေအနေနဲ့ ဘီဘီစီသတင်းထောက်တွေ ရေးသားတင်ဆက်တဲ့ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို ဆောင်းပါးအနေနဲ့ရော၊ ရုပ်သံအနေနဲ့ပါ ကိုယ့်ရဲ့ မိုဘိုင်းဖုန်းမှာပဲ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။
ကိုယ့်ဖုန်းထဲမှာ တယ်လီဂရမ် ရှိထားပြီးပြီဆိုရင်တော့ အောက်ပါအဆင့်တွေကို လိုက်လုပ်ရုံပါပဲ .....
- ဘီဘီစီမြန်မာပိုင်း တယ်လီဂရမ်ကို ကြည့်ရှုနိုင်ဖို့ ဒီမှာ နှိပ်ပါ
- ကိုယ်က တယ်လီဂရမ်ကို ဖုန်းနဲ့သုံးနေသူဆိုရင်တော့ ''Join'' ကို နှိပ်လိုက်ရုံနဲ့ နောက်ဆုံးရသတင်းတွေကို ဖတ်နိုင်ပါပြီ
- တယ်လီဂရမ်ကို ဝက်ဘ် (Telegram Web) ကနေ သုံးနေတာဆိုရင်တော့ တယ်လီဂရမ်မှာကြည့်မယ်လို့ အဓိပ္ပာယ်ရတဲ့ "View on Telegram" ကို နှိပ်ပြီး သတင်းတွေကို ဖတ်နိုင်ပါတယ်
- တယ်လီဂရမ် က ချန်နယ်တွေရှာတဲ့ ဘားတန်းလေးမှာ BBCNewsBurmese ရိုက်ထည့်ပြီးတော့လည်း ဘီဘီစီမြန်မာပိုင်းသတင်းတွေကို ဖတ်နိုင်မှာဖြစ်ပါတယ်
ကိုယ့်ဖုန်းမှာ တယ်လီဂရမ်မရှိသေးဘူးဆိုရင်တော့ အောက်က အဆင့်လေးတွေလိုက်လုပ်ပြီး ရယူနိုင်ပါတယ်။
- ကိုယ်က အိုင်ဖုန်း သုံးတာဆိုရင်တော့ တယ်လီဂရမ်ကို အိုင်ဖုန်းတွေအတွက် အပလီကေးရှင်းတွေရယူတဲ့ စတိုး (App Store) ကနေ ဒေါင်းလုတ်ရယူနိုင်ပါတယ်
- ကိုယ်က အန်းဒရွိုက် ဖုန်းသုံးတာဆိုရင်တော့ တယ်လီဂရမ်ကို ဒီကနေ ဒေါင်းလုတ်ဆွဲ ပါ
ဘီဘီစီမြန်မာပိုင်းသတင်းဌာနရဲ့ တယ်လီဂရမ် ချန်နယ်ကနေ ထွက်ချင်တယ်ဆိုရင်တော့ ချန်နယ် ညာဘက်အပေါ်ထောင့်စွန်းနားလေးက ဘီဘီစီတံဆိပ်နဲ့ ဓာတ်ပုံကို နှိပ်လိုက်ပါ၊ ပြီးရင်တော့ “Leave Channel” ဆိုတာကို ရွေးလိုက်တာနဲ့ ချန်နယ်ကနေ ထွက်ပါပြီ။
ဘီဘီစီမြန်မာပိုင်းသတင်းတွေကို တခြားလူမှုကွန်ရက်တွေဖြစ်တဲ့ ဖေ့ဘုတ်ခ်၊ ယူကျူ၊ အင်စတာဂရမ် နဲ့ X (အရင်က တွစ်တာ) တို့မှာလည်း ဖတ်ရှု နားဆင်နိုင်ကြပါတယ်။
ဘီဘီစီရဲ့ တယ်လီဂရမ်ချန်နယ်ကို ဝင်ရောက်ကြည့်ရှုကြသူတွေအနေနဲ့လည်း သတင်းတွေအပေါ်မှာရော ချန်နယ်နဲ့ပတ်သက်လို့ပါ အကြံပြုမှတ်ချက်တွေကိုလည်း ပေးပို့ကြပါလို့ ဖိတ်ခေါ်ပါတယ်။
ထိပ်တန်း သတင်းများ
ဆောင်းပါး
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။