မူဂါဘီ ခေတ်လွန် ဇင်ဘာဘွေ ရွေးကောက်ပွဲ
ဓာတ်ပုံ ရင်းမြစ်, Reuters
ဇင်ဘာဘွေနိုင်ငံကို နှစ်လေးဆယ်နီးပါး အုပ်ချုပ်ခဲ့ပြီး မနှစ်က ရာထူးက ဆင်းပေးခဲ့ရတဲ့ သမ္မတဟောင်း ရောဘတ်မူဂါဘီက ရွေးကောက်ပွဲမှာ အာဏာရပါတီကို မဲမပေးဘူးလို့ ဆိုပါတယ်။
သူ့ မဟာမိတ်ဟောင်းလဲဖြစ် ၊ သူ့ရာထူးကို ရယူခဲ့တဲ့ သူလည်း ဖြစ်တဲ့ Emmerson Mnangagwa အယ်မာဆင် မနန်ဂါဂွာ ဟာ သူ့ကို စိတ်အကြီးအကျယ် ဒုက္ခရောက် စေခဲ့တဲ့ အတွက် အဲလိုလူမျိုးကို မဲပေးမှာ မဟုတ်ဘူးလို့ မစ္စတာ မူဂါဘေက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
အာဏာရပါတီ အစား အဓိက အတိုက်အခံ ဖြစ်တဲ့ ဒီမိုကရေစီ အပြောင်းအလဲဆိုင်ရာ လှုပ်ရှားမှု ပါတီ MDC က Nelson Chamisa ကို ထောက်ခံမယ်လို့ သူက ဆိုပါတယ်။
ဒါဟာ ရောဘတ် မူဂါဘီနဲ့ မစ္စတာ ချာမီဆာ တို့ကြားမှာ တရားမဝင်တဲ့ သဘောတူချက် ရှိထားတယ်ဆိုတာ ရှင်းနေတာဘဲလို့ မစ္စတာ မနန်ဂါဂွာက တုံပြန် ပြောကြားလိုက်ပါတယ်။
ဇူလိုင်လ ၃၀ရက်နေ့မှာ ကျင်းပတဲ့ ဇင်ဘာဘွေသမ္မတ ရွေးကောက်ပွဲ ဟာဆိုရင် နှစ်ပေါင်း ၄၀ နီးပါးအတွင်း သမိုင်း တွင် ရစ်မဲ့စေတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလ က သမ္မတဟောင်း ရောဘတ် မူဂါဘီ ကို စစ်တပ် က ရာထူးက ဖယ်ရှား အပြီး ပထမဆုံး ကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။
မစ္စတာမူဂါဘီ ရဲ့ Zanu-PF ပါတီ ကို Emmerson Mnangagwa က ဦးဆောင်ခဲ့ပြီး အခုလည်း ရွေးကောက်ပွဲ မှာ သမ္မတ ရာထူး အတွက် ထပ်မံ အရွေးခံဖို့ ဝင်ပြိုင်မှာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရွေးကောက်ပွဲ မတိုင်ခင် ယမန်နေ့ တနင်္ဂနွေ နေ့ က မစ္စတာ မူဂါဘီ က ပထမဆုံး အကြိမ် သတင်းစာ ရှင်းလင်းပွဲ ခေါ်ပြီး အသက်၇၅ နှစ် ရှိ Emmerson Mnangagwa ကို သူမဲပေးမှာ မဟုတ်တဲ့ အကြောင်း၊ သူ့အပေါ် မှာ အနိုင်ကျင့် သွားတယ် လို့ ခံစားမိတဲ့ အကြောင်း၊ ဒါကြောင့်မို့ အတိုက်အခံ MDC ပါတီ ခေါင်းဆောင် အသက်၄၀ အရွယ် Nelson Chamisa ဟာ အရည်အချင်း ရှိသူမို့ သူ့ ကိုပဲ အနိုင်ရစေချင်တဲ့ အကြောင်းတွေ ဘီဘီစီ သတင်းထောက် Fergal Keane ကို ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
Nelson Chamisa ဟာ လွှတ်တော် အမတ် လည်းဖြစ် ရှေ့နေ၊ တရားဟော ဆရာလည်း ဖြစ်သူမို့ လူကြိုက်လည်း များပါတယ်။
နောက်ထပ်မစ္စတာမူဂါဘီ ပြောတဲ့ အထဲမှာ သူ့ဇနီး Grace Mugabe ကို သမ္မတ အရိုက်အရာ လွှဲခဲ့မယ် ဆိုတာလည်း မမှန်ကန်ကြောင်းတွေ ပြောပါတယ်။
ဇင်ဘာဘွေမှာ မဲဆန္ဒရှင်လူငယ်ပိုင်း ကတော့ ခေတ်ပြောင်းချိန် ကို လိုလားနေကြတာ ဖြစ်ပါတယ်။
မူဂါဘီရဲ့ စကား အသွားအလာ ကိုကြည့်ရင် Chamisa ဟာ မူဂါဘီ နဲ့ အပေးအယူ လုပ်ထားပြီ ဆိုတာ ရှင်းနေပြီး ဒါကြောင့်မို့ ဇင်ဘာဘွေ နိုင်ငံ သစ် ပြန်လည်တည်ဆောက်ရေးဆိုတဲ့ Chamisa ရည်ရွယ်ချက် အပေါ် မှာ ယုံကြည်နိုင်စရာ မရှိတော့ပါဘူးလို့ ဝေဖန်ယင်း သူ့ကိုမဲထည့်ကြဖို့ အယ်မာဆင် မနန် ဂါဂွာက မဲဆွယ်စကား ပြောသွားပါတယ်။
ဇင်ဘာဘွေ နိုင်ငံသားတွေ အတွက်တော့ နှစ်ပေါင်းများစွာ မူဂါဘီ လက်အောက်မှာ ဖိနှိပ် မှုတွေ နဲ့ စီးပွားရေးကျပ်တည်းမှု တွေ ခါးစည်း ခံခဲ့ရလို့ ပညာရေး ကျန်းမာရေး အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မဲ့ အစိုးရသစ် ကို လိုလားနေကြတာ ဖြစ်ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။