စုံစမ်း ဖော်ထုတ်တဲ့ သတင်းသမားတွေ အသတ်ခံနေရ
အိန္ဒိယနိုင်ငံ Madhya Pradeshပြည်နယ်မှာ အဂတိလိုက်စားမှုစွပ်စွဲချက်ကို စုံစမ်းဖော်ထုတ် ရေးသားနေတဲ့ သတင်းထောက်တယောက် ထရပ်ကား တိုက်ခံရလို့ သေဆုံးသွားပါတယ်။
Sandeep Sharma စီးလာတဲ့ မော်တော် ဆိုင်ကယ်ကို နောက်က ထရပ်ကား တစင်းက ကပ်လိုက်လာပြီး ၀င်ကြုံးခဲ့တာကို စီစီတီဗွီ မှတ်တမ်းတွေမှာ တွေ့မြင်ရပါတယ်။
မြစ်ကြမ်းပြင်က သဲတွေကော်ယူပြီး တရားမဝင် ထုတ်လုပ်ကာ မှောင်ခိုစျေးကွက်မှာ ရောင်းချတဲ့ အဖွဲ့တွေနဲ့ ဒေသန္တရဲကြား ဆက်စပ်မှုကို သူက ဖော်ထုတ်သိရှိခဲ့တဲ့ အတွက် သူ့ကို ပစ်မှတ်ထား ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်ခဲ့တာလို့ သူ့မိသားစု က ပြောပါတယ်။
အလားတူ ဘီဟာ ပြည်နယ်မှာလည်း နောက်ထပ် သတင်းသမား တယောက်ဖြစ်တဲ့ ဟိန္ဒူနေ့စဉ် သတင်းစာက သတင်းထောက်လည်း ဗင်ကား တစင်းနဲ့ ဝင်တိုက်ခံရလို့ သေဆုံးသွားပါတယ်။
သူဟာ ရွာသူကြီးဟောင်းနဲ့ အချင်းများပြီး နောက်တနေ့မှာ အခုလို သေဆုံးသွားတာလို့ သူ့မိသားစုက ဆိုပြီး အိန္ဒိယ နိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေ အတွက် အန္တရယ် အများဆုံး တိုင်းပြည်တွေထဲ တခုအပါအဝင် ဖြစ်တယ်လို့ မီဒီယာအရေး တက်ကြွ လှုပ်ရှားသူတွေက ပြောပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။