ထိုင်းမှာ မိုးကြီးရေကြီးလို့ အနည်းဆုံး ၁၂ဦးသေ
ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ၇ရက်ဆက်တိုက် မိုးကြီးပြီး ရေလွှမ်းခဲ့တဲ့အတွက် ထောင်နဲ့ချီတဲ့ ရွာတွေ ရေမြုပ်ခဲ့ပြီး အနည်းဆုံး လူ ၁၂ဦး သေဆုံးခဲ့ပါတယ်။
ရေကြီးမှု ဆိုးဝါးတဲ့ နေရာတွေမှာ သွားလာရေးအတွက် လေထိုးအိပ်ရာနဲ့ ဘောကွင်းတွေကို အသုံးပြုနေရပါတယ်။
နိုင်ငံအတွင်းက လေကြောင်း၊ ရထားလမ်းနဲ့ ဘတ်စ်ကား ခရီးစဉ်တွေလည်း ရပ်ဆိုင်းထားရပြီး ဓါတ်အားပေးလိုင်း ပြိုလဲမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။
နိုင်ငံတွင်း မိုးလေဝသဌာနကတော့ အခုလို ရေကြီး မိုးရွာမှုတွေ နောက် ၂ရက်အထိ ထပ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းချက် ထုတ်ပြန်ထားပါတယ်။
ဒီဒေသတဝိုက်မှာ မိုးရေချိန် ခြောက်လက်မခွဲအထိ စံချိန်တင် ရွာသွန်းခဲ့တဲ့အတွက် နိုဝင်ဘာနဲ့ ဇန်နဝါရီလအကြား မိုးသိပ်ရွာလေ့မရှိတဲ့ ထိုင်းနိုင်ငံအတွက် ရာသီဥတု ဖောက်ပြန်ခဲ့သွားတာ ဖြစ်ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။
{{rankTranslation}}