Hurricane Florence မုန်တိုင်းကြောင့် ထောင်နဲ့ချီမြန်မာတွေလည်း ပြောင်းရွှေ့
ဓာတ်ပုံ ရင်းမြစ်, ANDREW CABALLERO-REYNOLDS / Getty Images
မကြာခင် အမေရိကန်နိုင်ငံ မြောက်ကာရိုလိုင်းနားပြည်နယ်ကို ဝင်ရောက်တိုက်ခိုက်မယ့်မုန်တိုင်ကို ဘေးလွတ်ရာပြောင်းရွှေ့နေကြတဲ့လူတွေထဲမှာ ထောင်နဲ့ချီတဲ့ မြန်မာပြည်သားတွေလည်းပါပါတယ်။
အင်အားပြင်းဟယ်ရီကိန်းဖလိုရက်ခ်မုန်တိုင်း Hurricane Florence ဟာ သောကြာ နေ့မှာ မြောက်နဲ့တောင်ကာရိုလိုင်းနားကမ်းရိုးတမ်းကို ဝင်ရောက် တိုက်ခတ်မှာဖြစ်ပြီး လေတိုက်နှုန်းဟာ တနာရီကို မိုင် ၁၄၀ လောက် ရွေ့လျားမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းပါတယ်။
မြောက်ကာရိုလိုင်းနားက မြို့ဆယ်မြို့မှာ ကရင်၊ ချင်း၊ ရှမ်းလူမျိုးနဲ့ တခြားမြန်မာပြည် သားတွေ ၆ ထောင်လောက်နေထိုင်ကြတယ်လို့ ကရင်ဒုက္ခသည်အဖွဲ့အစည်းက ပြောပါတယ်။
မြောက်ကာရိလိုင်းနာမှာရှိတဲ့မြို့တော်တော်များများကို မုန်တိုင်းဝင်ရောက်တိုက်ခတ် မှာဖြစ်ပြီး အပျက်အစီးတွေလည်းများနိုင်တဲ့အတွက် ကမ်းခြေမှာနေတဲ့လူတွေအပါ အဝင် ဒေသခံတွေကိုအားလုံး ကြာသာပတေးနောက်ဆုံးထားပြီး ဘေးလွှတ်ရာ ပြောင်းရွှေ့ကြဖို့ အာဏာပိုင်က သတိပေးထားတယ်လို့ မြောက်ကာရိုလိုင်းနားမှာ နေထိုင်တဲ့ မြန်မာပြည်က ကရင်ဒုက္ခသည် စောကရယ်မူး က ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Mark Wilson / Getty Images
ဘေးလွတ်ရာကိုရွှေ့ပြောင်းဖို့ အာဏာပိုင်တွေ ညွှန်ကြားထားတယ်။ အထူးသဖြင့် ကျွန်တော်တို့ ကရင်ဒုက္ခသည်နေထိုင်တဲ့နေရာတွေလည်းပါတယ်။ အထူးသဖြင့် Wilmington နဲ့ North Carolina မြို့နယ်တွေပေါ့။ အဲဒီမှာလည်း ကျွန်တော်တို့ ကရင်၊ ချင်း၊ ရှမ်းဒုက္ခသည်တွေ တော်တော်များများရှိတယ်။ တခြားနေရာကို ရွှေ့ပြောင်းရတယ်။ ကျွန်တော့်မိသားစုတွေကိုတော့ ပြောင်းပြီးပြီ။ ကျွန်တော်က တော့ အခြေအနေကို စောင့်ကြည့်နေတယ် လို့ စောကရယ်မူး က ဘီဘီစီကို ပြောပါတယ်။
မုန်းတိုင်းဝင်တဲ့အခါမှာ မြေပြိုမှု၊ ရေကြီးမှုတွေဖြစ်နိုင်တဲ့အတွက် ဒေသခံတွေအနေနဲ့ ကြာရှည်ခံတဲ့ ရိက္ခာခြောက်တွေ၊ သောက်ရေတွေနဲ့ တခြားရေးပေါ်သုံးပစ္စည်းတွေကို သုံးရက်စာသိုလှောင်ထားဖို့လည်း အာဏာပိုင်က ညွှန်ကြားထားပါတယ်လို့ မြောက်ကာရိုလိုင်းနားမှာနေထိုင်တဲ့ ကရင်ဒုက္ခသည် စောဒေးဒေး ကလည်း ပြောပါတယ်။
မုန်တိုင်းရှောင်တဲ့လူတွေများလွန်းတဲ့အတွက် အဝေးပြေးလမ်းမတွေမှာလည်း ကားတွေနဲ့ ယာဉ်ကြောင်းပိတ်ဆို့မှုတွေဖြစ်စေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။