မက်ဆေ့ ပေါက်ကြားမှု ဦးဇင်ဝိုင်း ရှင်းလင်း
အကယ်ဒမီပေးပွဲ နောက်ရက်တွေမှာ လူမှုကွန်ရက်ပေါ် ပေါက် ကြားထွက်လာတဲ့ မက်ဆေ့တွေဟာ ရုပ်ရှင် နယ်ပယ်က လူတွေ ပါဝင် ပြောဆိုနေတဲ့ Group Chatက ဖြစ်တယ်လို့ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက အတည်ပြု ပြောကြားလိုက်ပါ တယ်။
ဒါပေမယ့် ပေါက်ကြားလာတဲ့ အကြောင်းအရာတွေထဲမှာ တချို့ စာသားတွေကို Facbookပေါ်တင်တဲ့သူတွေက နည်းပညာသုံး ပြင်ထား တယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။
တချို့အကြောင်းအရာတွေမှာ အချိတ်အဆက် မရှိတဲ့ စာသားတွေကို အထက်အောက် ဆွဲကပ် ထားသလို တချို့ ပြင်းပြင်းထန်ထန် ပြောတာတွေကိုလည်း ဖြုတ်ထားတယ်လို့ ဦးဇင်ဝိုင်းက ပြောပါတယ်။
ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာ့ရုပ်ရှင် ထူးချွန်ဆု အကယ်ဒမီပေးပွဲအပြီး ရုပ်ရှင် နယ်ပယ်က လူတွေပါဝင် ရေးသားနေတဲ့ Facebook Messenger Group Chatထဲမှာ ပြောဆိုတာတွေဟာ လူမှုရေးကွန်ရက် Facebook ပေါ်မှာ ထွက်ပေါ်လာပါတယ်။
ဒီပေါက်ကြားထွက်လာတဲ့ Group Chat ထွက်ပေါ်လာပြီးတဲ့နောက် ရုပ်ရှင် လောက သားတွေကို ပရိသတ် အများအပြားက ဝေဖန်ခဲ့ ကြပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဦးဇင်ဝိုင်း ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ လုပ်ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။
အရင်က Group Chat မှာ ရုပ်ရှင်လောကသား အယောက် ၂၀ လောက်ရှိရာကနေ နောက်ပိုင်းမှာ ၁၅၀ အထိ ရှိလာသလို ဥက္ကဋ္ဌ ဖြစ်တဲ့ အချိန် ဖိတ်ကြားရေးနဲ့ တစုံတရာ နိုးဆော်ဖို့ အခက်အခဲ ရှိတာကြောင့် Group Chatထဲ သူ့ကို ထည့်ပေးခဲ့တာလို့ ဦးဇင်ဝိုင်းက ပြောပါတယ်။
ပါဝင်တဲ့သူတွေက သရုပ်ဆောင်တွေသာမက ဒါရိုက်တာ ဇာတ်ညွှန်းရေးတဲ့သူတွေလို့ ဆိုပါတယ်။
အကယ်ဒမီပေးပွဲနဲ့ ပတ်သက်ပြီး ဝေဖန် ပုတ်ခတ်ရေးသားထားတဲ့ စခရင်ရှောခ့် ၄ ခု ၅ခု ကို Group Chatထဲမှာ ပါတဲ့သူ ၂ ဦးက စတင်ရာကနေ အပြန်အလှန် ပြောဆိုခဲ့ကြတာလို့ ဆိုပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။