ဒုက္ခသည်နေဖို့ စခန်းတွေ အသင့်မဖြစ်သေး
ဓာတ်ပုံ ရင်းမြစ်, LYNN BO BO
ဘင်္ဂလားဒေ့ရှ် က ဒုက္ခသည်တွေ မြန်မာပြည် ပြန်လာရင် နေဖို့ တည်ဆောက်ထားတဲ့ ဒုက္ခသည် စခန်းတွေ အနက် ဒုက္ခသည်တွေ နေရပ် မပြန်ခင်မှာ ထားမယ့် လှဖိုးခေါင် စခန်းမှာ နေစရာ တွေ အသင့်မဖြစ်သေးတာကို ဘီဘီစီ က တွေ့ခဲ့ရပြီး အမိုးအကာ ဆောက်လုပ်တာတွေ အပြီးမသတ်သေးဘူးလို့လည်း ပြောပါတယ်။
ဒုက္ခသည် လက်ခံမယ့် တောင်ပြိုလက်ဝဲစခန်းမှာတော့ ဆောက်လုပ်မှုတွေ အပြီးသတ် အဆင်သင့် ရှိနေပြီလို့ ဆိုပါတယ်။
ပြန်လာမယ့် သူတွေကို အမျိုးသား အမျိုးသမီး ခွဲခြားပြီး အကြမ်းဖက် နဲ့ နွယ်တဲ့ ပစ္စည်းတွေ ပါလာမလား စစ်ဆေးသွားမယ်လို့လည်း အာဏာပိုင် တွေဘက်က ပြောပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Reuters
ထိုင်း ဒုဝန်ကြီးချုပ်ဟောင်း ဆူရာကီရတ် ခေါင်းဆောင်တဲ့ ရခိုင်ပြည်နယ် အရေး အကြံပေး အဖွဲ့ လည်း ဒီစခန်းတွေကို သွားရောက် ကြည့်ရှု ခဲ့ပါတယ်။
ဒုက္ခသည်တွေ ဘယ်နေ့ ပြန်လာမယ် ဆိုတာ သေချာ မသိရသေးမယ့် ဒုက္ခသည်တွေ နေထိုင်ဖို့ အသင့် မရှိသေးဘူးလို့လည်း သိရပါတယ်။
လမ်းတလျှောက် မွတ်ဆလင် ရွာတွေ မီးလောင်ခံရတာ အများအပြား တွေ့ခဲ့ရတယ် လို့လည်း ဆိုပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။