The Voice အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင် အဖမ်းခံရ
ဓာတ်ပုံ ရင်းမြစ်, Shwe Inn Thar Khin Mg Win
The Voice နေ့စဉ် သတင်းစာတိုက်က အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဆောင်းပါးရှင် ဗြိတိသျှ ကိုကိုမောင် ခေါ် ဦးကျော်စွာနိုင်တို့ကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ)နဲ့ ဇွန်လ ၂ ရက်နေ့မှာ ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရဲစခန်းက ဖမ်းဆီးလိုက်ပါတယ်။
ဗြိတိသျှကိုကိုမောင်ဟာ တပ်မတော်ဂုဏ်ပြုဇာတ်ကား ပြည်ထောင်စုသစ္စာကို ကျည်ထောင်စု သစ္စာဆိုပြီး သရော်တဲ့ ဆောင်းပါးကို The Voice နေ့စဉ်သတင်းစာမှာ မတ်လ ၂၆ ရက်နေ့က ဆောင်းပါး ရေးသားခဲ့တဲ့အတွက် မြန်မာ့တပ်မတော်က သတင်းစာအယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်တို့ကို ပုဒ်မ ၆၆ (ဃ) နဲ့ မေလ ၁၇ ရက်နေ့က အမှုဖွင့်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သတ်ပြီး မေလ ၃၀ ရက်နေ့မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အယ်ဒီတာချုပ်နဲ့ ဆောင်းပါးရှင်တို့ကို က မေးမြန်းစစ်ဆေးခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာ ထပ်မံ မေးမြန်းစရာ ရှိတယ်ဆိုပြီး ခေါ်ယူထားပြီးမှ ပြန်မလွှတ်ပဲ ဖမ်းထားလိုက်တာလို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တရားဥပဒေအရ ဆက်လက် ရင်ဆိုင်သွားမယ်လို့ the Voice သတင်းစာ အယ်ဒီတာ ကိုအောင်စိုးက ဘီဘီစီကို ပြောပါတယ်။
အခုလို ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) နဲ့ စာနယ်ဇင်းသမားတွေ တရားစွဲခံရတာဟာ Eleven Media အယ်ဒီတာချုပ်ကို ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက တရားစွဲဆိုမှုနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။