မြိုင်နဲ့ ပေါက်မှာ NUG နဲ့ မကွေးဖက်ဒရယ်ယူနစ် တပ်တွေ စစ်ရေးတင်းမာ

ဗီဒီယို ပုံစာ, မြိုင်နဲ့ ပေါက်မြို့နယ်တွေမှာ NUG နဲ့ မကွေးဖက်ဒရယ်ယူနစ် တပ်တွေ စစ်ရေးတင်းမာ
မြိုင်နဲ့ ပေါက်မှာ NUG နဲ့ မကွေးဖက်ဒရယ်ယူနစ် တပ်တွေ စစ်ရေးတင်းမာ

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်နဲ့ ပေါက်မြို့နယ်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ ကာကွယ်ရေးတပ်တွေနဲ့ မကွေးဖက်ဒရယ် ယူနစ်လက်အောက်ခံတပ်တွေ အချင်းချင်း စစ်ရေးတင်းမာနေတယ်လို့ အဲဒီမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနေရာမှာရှိတဲ့ ရေနံမှော်နဲ့ ရေနံတွင်းလုပ်ကွက်တချို့ကို မကွေးယူနစ်ကြားကာလအစိုးရက ထိန်းချုပ်ထားတာဖြစ်ပြီး အခွန်ရန်ပုံငွေအများအပြားရနေတဲ့ နေရာလည်းဖြစ်ပါတယ်။ ဘာကြောင့်ခုလို စစ်ရေးတင်းမာနေရတာလဲ၊ ဘယ်လိုအကြောင်းအရင်တွေ ရှိနေပါသလဲ။ အဲဒီဒေသအခြေအနေနဲ့ ပတ်သက်ပြီး ကိုရင်မောင်က ပြောပြမှာပါ။