ဧပြီ ၃ ရက်မှာ သမ္မတရွေးမယ်
ဧပြီ ၃ ရက်မှာ သမ္မတရွေးမယ်
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒေါ်နန်းနီနီအေးနဲ့ ဦးညိုစောတို့ သုံးဦးလုံး သမ္မတ အရည်အချင်းနဲ့ ပြည့်စုံတာကြောင့် မနက်ဖြန် ဧပြီ ၃ ရက်မှာ သမ္မတနဲ့ ဒုသမ္မတတွေ ရွေးချယ်တင်မြှောက်ဖို့ မဲခွဲဆုံးဖြတ်မယ်လို့ ပြည်ထောင်စုလွှတ်တော်နာယက ဦးအောင်လင်းဒွေးက ကြေညာပါတယ်။ စစ်ခေါင်းဆောင် စီစဥ်ထားတဲ့ သူ့ရဲ့ သမ္မတ ဖြစ်ရေးခရီးစဥ် ပြီးဆုံးလုနီးပါပြီ။ အပြည့်အစုံကို မအေးသူစံက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။



