နာဆာရဲ့ Artemis 2 အာကာသခရီးစဉ်

ဗီဒီယို ပုံစာ, နာဆာရဲ့ Artemis 2 အာကာသခရီးစဉ်
နာဆာရဲ့ Artemis 2 အာကာသခရီးစဉ်

အမေရိကန် အမျိုးသား အာကာသအေဂျင်စီ နာဆာက မနေ့က ဖလော်ရီဒါကနေ အာတီးမစ္စ ၂ အာကာသခရီးစဉ်ကို လွှတ်တင်လိုက်ပြီးနောက် လပေါ်ကို အာကာသယာဉ်မှူးတွေ စေလွှတ်ဖို့ လုပ်နေပြီလို့ ပြောလိုက်ပါတယ်။ အဲဒီ အာကာသခရီးစဉ်နဲ့ အာကာသယာဉ်မှူး ၄ ဦး လိုက်ပါသွားကြပါတယ်။ ဒါဟာ နှစ်ပေါင်း ၅၀ ကျော်အတွင်း လဆီကို လူတွေ လိုက်ပါ ပျံသန်းတဲ့ ပထမဆုံး အာကာသခရီးစဉ်လည်း ဖြစ်ပါတယ်။ အဲဒီ အာကာသယာဉ်မှူးတွေက အမေရိကန်က ၃ ဦးနဲ့ ကနေဒါက တဦးတို့ ဖြစ်ကြပါတယ်။ ခရီးစဉ်က ၁၀ ရက်ကြာမှာ ဖြစ်ပါတယ်။ လရဲ့ ကမ္ဘာက မမြင်ရတဲ့ အခြမ်းဘက်အထိ ရောက်အောင်ပါ လကို ပတ်ပြီး ပျံသန်းကြပြီးမှ ကမ္ဘာကို ပြန်လာကြမှာဖြစ်ပါတယ်။ ဘီဘီစီရဲ့ သိပ္ပံရေးရာ အယ်ဒီတာ ရော်ဘက်ကာ မော်ရဲလ်က အဲဒီ ဒုံးပျံနဲ့ အာကာသခရီးစဉ် လွှတ်တင်ရာ နေရာကို သွားရောက်သတင်းယူခဲ့ပါတယ်။ သူ့သတင်းကို မသီရိဇော်က ပြောပြမှာပါ။