မန္တလေး သပိတ်စခန်းကို ဖြိုပြီ
ဓာတ်ပုံ ရင်းမြစ်, San Nyein Oo
မန္တလေးမြို့ ချမ်းမြသာစည် အရပ်က သာသနာ၂၅၀ဝ ဓမ္မာရုံမှာ အစိုးရဖြုတ်ချရေး တောင်းဆိုနေတဲ့ သပိတ်စခန်းကို သြဂုတ်လ ၅ ရက် ဒီနေ့ မနက်၂နာရီကျော်မှာ အရပ်၀တ်နဲ့ လုံခြုံရေး အဖွဲ့တွေက ၀င်ရောက် ရှင်းလင်းခဲ့ပါတယ်။
သပိတ်စခန်းထဲက သံဃာတော် နဲ့ လူတချို့ကိုလည်း ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သတင်းရရှိပါတယ်။
မဟာမုနိဘုရားက ဆန္ဒပြ သပိတ်စခန်းကို သြဂုတ်လ ၄ရက် ၁၀ နာရီ နောက်ဆုံးထား ဖယ်ရှားပေးဖို့ တိုင်းဒေသကြီး သံဃနာယကအဖွဲ့က ညွှန်ကြားချက် ထုတ်ခဲ့တာ ဖြစ်ပါတယ်။
မန္တလေး ဘုရားကြီး အနောက်ဘက်မုခ် သာသနာ ၂၅၀၀ ဓမ္မာရုံမှာ ဘုန်းတော်ကြီးနဲ့ အရပ်သားတချို့က အစိုးရ ဖြုတ်ချရေး အပါအဝင် တောင်းဆိုချက် တချို့ကို သြဂုတ်လ ၂ရက်နေ့က စလို့ တောင်းဆို သပိတ်စခန်းဖွင့် နေခဲ့တာ ဖြစ်ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။
{{rankTranslation}}