ပထမဆုံး သင်္ချာနိုဗယ်ဆုရှင် အမျိုးသမီးကွယ်လွန်
ဓာတ်ပုံ ရင်းမြစ်, COURTESY OF MARYAM MIRZAKHANI
အီရန်က ကမ္ဘာကျော် သင်္ချာ ပညာရှင် Maryam Mirzakhani ကွယ်လွန်သွားပါပြီ။
အသက်၄၀ အရွယ်ရှိ ပထမဆုံး အမျိုးသမီး သင်္ချာ နိုဗယ်ဆုရှင် မီယာ ဇာခနီ ဟာ သူနေထိုင်ရာ အမေရိကန် ပြည်ထောင်စုမှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားတာဖြစ်ပါတယ်။
ခုနောက်ပိုင်း သာမန် အနောက်တိုင်းသူတွေလို ၀တ်စားဆင်ယဉ်ကာ ခေါင်းခြုံပုဝါ မလွှမ်းတော့တဲ့ မီရာဇာခနီရဲ့ စျာပန သတင်းတွေကို အီရန် အစိုးရ မီဒီယာမှာ ထုတ်လွှင့်ရာမှာ ဟိုးအရင်တုန်းက ခေါင်းခြုံပုဝါနဲ့ သူ့ဓါတ်ပုံ အဟောင်းကို ဖော်ပြခဲ့တဲ့ အပေါ် လူမှုကွန်ယက်တွေပေါ်မှာ တချို့က ဒေါသထွက်နေကြပါတယ်။
ဒါ့အပြင် မာရီရမ် မီယာဇာခနီလို့ ပညာတက် အမျိုးသမီးတွေ ပြည်ပမှာ ခိုလှုံနေထိုင်အောင် တွန်းအားပေးမှု ဖြစ်စေတဲ့ တိုင်းပြည်ရဲ့ ပေါ်လစီတွေ အပေါ် ဝေဖန်ခံနေရပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။
{{rankTranslation}}