နိုင်ငံတကာခုံရုံးမှာ ပထမဆုံး ကလေး စစ်သားကို စစ်ဆေး
ဓာတ်ပုံ ရင်းမြစ်, Reuters
ယူဂန်ဒါ နိုင်ငံမှာ ကလေး စစ်သားဖြစ်ခဲ့ဖူးသူ Lords Resistance Army LRA သူပုန် အဖွဲ့က တပ်မှူးကြီး ဒိုမနစ် အွန်ငွမ် Dominic Ongwen ကို ICC နိုင်ငံတကာ ရာဇဝတ် ခုံရုံးမှာ အင်္ဂါနေ့မှာ စတင် ကြားနာ စစ်ဆေးဖို့ ရှိပါတယ်။
သူဟာ ICC မှာ ပထမဆုံး စစ်ဆေးခံရတဲ့ ကလေးစစ်သား ဖြစ်ပါတယ်။
ယူဂန်ဒါ မြောက်ပိုင်းမှာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သတ်ဖြတ်မှု၊ ကျွန်ပြုမှုနဲ့ အဓမ္မ ပြုကျင့်မှုအပါအဝင် စစ်ရာဇဝတ်မှု၊ လူသားတွေ အပေါ် ရက်စက် ကြမ်းကြုတ်မှု စတဲ့ ပြစ်မှုပေါင်း ၇၀ အတွက် သူ့မှာ အပြစ် မရှိကြောင်း ဒိုမနစ် အွန်ငွမ် Dominic Ongwen က ပြောပါတယ်။
ယူဂန်ဒါ မြောက်ပိုင်းမှာ လူတွေကို ဖမ်းဆီး၊ သတ်ဖြတ်တာ၊ ရက်စက်ကြမ်းကြုတ်မှုတွေကို LRA လုပ်ဆောင်တာ ဖြစ်တယ်၊ သူက အဲဒါတွေကို ဆန့်ကျင်သူ တစ်ယောက် ဖြစ်တယ်၊ သူကျူးလွန်တာ မဟုတ်ဘူးလို့ သူပုန်တပ်မှူးကြီး က ပြောပါတယ်။
သူကိုယ်တိုင်လည်း အဲဒီ သူပုန်အဖွဲ့ရဲ့ သားကောင် ဖြစ်ခဲ့ရတယ်လို့ ဒိုမနစ် အွန်ငွမ် က ပြော ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။