အာဖဂန်နစ္စတန်ကထွက်ရတာ အမေရိကန်အတွက် 'အရှက်ရစရာ'လို့ ရုရှား မီဒီယာက ပြော
အာဖဂန်နစ္စတန်ထဲက အမေရိကန်တပ်တွေ ထွက်ရတာဟာ အရှက်ရစရာကောင်းတယ်လို့ ရုရှားနဲ့ တရုတ်အစိုးရမီဒီယာတွေက ပြောနေကြပါတယ်။
အာဖဂန်က အမေရိကန် ရှုံးနိမ့်မှုဟာ "အမေရိကန်အစိုးရအတွက် အရှက်ရစရာ" ဖြစ်ပြီး ဒါကို တကမ္ဘာလုံးက သိနေကြတယ်လို့ ရုရှားအစိုးရပိုင် Rossiyskaya Gazeta နေ့စဥ်သတင်းစာမှာ ဖော်ပြခဲ့ပါတယ်။
ပြီးတော့ အာဖဂန်နစ္စတန်အတွက် ယူကျုံးမရစရာဆိုပြီး အမေရိကန်ကြောင့် အာဖဂန်နစ္စတန်မှာ လူသေတာတွေ၊ ဆင်းရဲငတ်ပြတ်တာတွေနဲ့ သေနတ်ပစ်ခတ်မှုတွေ ဖြစ်နေရတယ်လို တရုတ်အစိုးရပိုင် တရုတ်သတင်းအေဂျင်စီကလည်း ဖော်ပြခဲ့ပါတယ်။
သူတို့ အစိုးရရဲ့ သဘောထားတွေကို ထင်ဟပ်ဖော်ပြပေးနေတဲ့ ရုရှားနဲ့ တရုတ်သတင်းဌာနတွေက လတ်တလော ကာဘူးလ်မြို့မှာ ဖြစ်နေတဲ့ကိစ္စတွေဟာ အမေရိကန်ကြောင့်လို့ ပြစ်တင် ဝေဖန်တာတွေ လည်း လတ်တလောမှာ လုပ်ခဲ့ကြပါတယ်။
သြဂုတ် ၂၆ ရက် က ကာဘူးလ်လေဆိပ်အပြင်ဘက်မှာ အသေခံဗုံးခွဲခံရမှုဖြစ်ပြီးနောက် အမေရိကန် မရိမ်းတပ်သားတွေ ပစ်ခတ်နေတာကိုလည်း "ကြောက်လန့်ပြီး လက်နက်မဲ့ပြည်သူတွေကို ရမ်းသန်းပစ်နေတယ်" လို့ Rossiya 1 ရုရှားအစိုးရပိုင် တီဗီသတင်းဌာန သတင်းထောက်တစ်ယောက်က ပြောထားတာလည်း ရှိပါသေးတယ်။
ကလေးတွေအပါအဝင် အာဖဂန်အရပ်သား ၁၀ယောက် သေဆုံးခဲ့တဲ့ အမေရိကန် ဒရုန်းတိုက်ခိုက်မှုမှာလည်း အမေရိကန်စစ်တပ်က အဖြစ်မှန်ကို ဖုံးကွယ်ထားတယ်လို့ တရုတ် ဂလိုဘယ်တိုင်း သတင်းဌာနက စွပ်စွဲပါတယ်။
အရပ်သားတွေ အသတ်ခံရတဲ့ကိစ္စဟာ အမေရိကန်စစ်တပ်ရဲ့ သရုပ်သကန်ကို ဖော်ပြတယ်လို့လည်း ရေးထားပါသေးတယ်။
သူတို့ရဲ့ ဒရုန်းတိုက်ခိုက်မှုဟာ IS အစ္စလာမ်မစ် စစ်သွေးကြွတွေကို ဦးတည်တာဖြစ်ပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲလို့ အမေရိကန်ဘက်က ပြောပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။