ထိုင်းက အာဏာဖီဆန်တဲ့ အမျိုးသမီးရဟန်းခံပွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆံချတဲ့အချိန်

ထိုင်းနိုင်ငံမှာ ၁၉၂၈ ခုနှစ်က ထုတ်တဲ့ ဥပဒေအရ အမျိုးသမီးတွေ ရဟန်းပြုခွင့် မရှိပါဘူး။

ဒါပေမဲ့ အာဏာဖီဆန်တဲ့ အမျိုးသမီးတစုကတော့ အစိုးရ အသိအမှတ်မပြုတဲ့ အမျိုးသမီး ဘုန်းကြီးကျောင်းတကျောင်းမှာ စုပြီး ဗုဒ္ဓဘာသာ ထုံးစံအရ ရဟန်းခံခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ အလယ်ပိုင်း နခုံပထုံ ခရိုင်က ဆောင်ဓမ္မကလျာဏီ ကျောင်းမှာပါ။ ဒီကျောင်းကို ၁၉၆ဝ က တည်ထောင်ခဲ့ပြီး သီဟိုဠ်ကနေ ပထမဆုံး ရဟန်းခံပြီး ပြန်လာတဲ့ ထိုင်း ဘိက္ခုနီတပါးက ထူထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒီကျောင်းမှာပဲ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ရဟန်းခံပွဲကို ၂ဝဝ၂ ခုနှစ်မှာ ကျင်းပခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကြာပန်းကိုယ်စီကိုင်

ဓာတ်ပုံ ရင်းမြစ်, ROBERTO SCHMIDT

ဓာတ်ပုံ ပုံစာ, ဆွေမျိုးမိဘတွေ အကန်တော့ခံ

ဓာတ်ပုံ ရင်းမြစ်, ROBERTO SCHMIDT

ဓာတ်ပုံ ပုံစာ, ဆံစကိုဖြတ်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆံစကို ကြာဖက်နဲ့ခံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, နံရံပန်းချီက ဘိက္ခုနီပုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမျိုးသမီး ပဉ္စင်းလောင်းတွေ သိမ်မဝင်ခင်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, သင်္ကန်းတောင်းကြတော့မယ့်အချိန်

ဓာတ်ပုံ ရင်းမြစ်, ROBERTO SCHMIDT

ဓာတ်ပုံ ပုံစာ, ဝပ်တွားကြည်ညို

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပြုသစ်စ ရဟန်းမများ

ဓာတ်ပုံ ရင်းမြစ်, ROBERTO SCHMIDT

ဓာတ်ပုံ ပုံစာ, မနက်ဆွမ်းခံကြွချိန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရဟန်းကထွက်ပြီး သင်္ကန်းပြန်အပ်