အီရန်-အီရတ်နယ်စပ် ငလျင်
Image copyrightREUTERS/TASNIM NEWS AGENCY
ဓာတ်ပုံ ရင်းမြစ်, REUTERS/TASNIM NEWS AGENCY
ယနေ့ ရစ်ချက်စ်တာစကေး ၇.၃ နဲ့ လှုပ်သွားတဲ့ အီရန်နဲ့ အီရတ်ကြားက ငလျင်ကြောင့် လူအနည်းဆုံး ၂၂၁ယောက် သေဆုံးခဲ့ပြီး လူပေါင်း ၅၆၆၀ ဒဏ်ရာရခဲ့ပါတယ်။
အီရန်နဲ့ အီရတ် မြောက်ပိုင်းနယ်စပ်ကြားကို ဗဟိုပြုပီး လှုပ်သွားခဲ့တာဖြစ်ပြီး အီရန် အကူအညီပေးရေး အေဂျင်စီတခုရဲ့ ပြောဆိုချက်အရ လူပေါင်း ခုနှစ်သောင်းကျော် အကူအညီလိုလိုအပ်နေတယ်လို့ ဆိုပါတယ်။
ဒီငလျင်ဟာ ဒီနှစ်အတွက် အကြီးဆုံးမြေငလျင် လှုပ်ခါမှုတခုပဲဖြစ်ပါတယ်။
အီရန်ဘက်မှာတော့ အနည်းဆုံး ၂၀၇ယောက်သေဆုံးခဲ့ပြီး အီရတ်မှာတော့ ဘဂ္ဂဒတ်မြို့လမ်းမပေါ်မှာ ပြေးလွှားနေခဲ့တဲ့ လူခုနှစ်ယောက်ထက် မနည်းသေဆုံးခဲ့ပါတယ်။
ဘဂ္ဂဒတ်မြို့က ကလေးသုံးယောက် အမေ မာဂျီဒါအာမာက သူ့ကလေးတွေနဲ့ ညနေစာစားနေရင်း ရုတ်တရက် အဆောက်အဦးတွေ တုန်ခါသွားတယ်လို့ ရိုက်တာသတင်းဌာနကို ပြောခဲ့ပါတယ်။ ပထမမှာတော့ သူမက ဒါ အရှိန်ပြင်းတဲ့ ဗုံးတလုံးပေါက်ကွဲတာပဲလို့ ထင်လိုက်ပေမဲ့ နောက်ဆုံးမှာ လူတွေ ကြောက်လန့်တကြား အော်နေကြတဲ့ ငလျင်လှုပ်တယ် ဆိုတဲ့ အသံကို ကြားလိုက်ရတယ်လို့ ဆိုပါတယ်။
အီရန်သတင်းအေဂျင်စီတွေက ဒီငလျင်ကြောင့် လူပေါင်း ၅၃၄၁ယောက် ဒဏ်ရာရတယ်လို့ အီရန်ကျန်းမာရေးဝန်ကြီးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားဖော်ပြထားပါတယ်။
ထိခိုက်ဒဏ်ရာရသူ အများစုက အီရန်နဲ့ အီရတ် နယ်စပ် ဆယ်မိုင်အကွာက ဆာပိုအီ ဇားဘတ် မြို့က လူတွေဖြစ်တယ်လို့ အီရန် ရုပ်မြင်သံကြားလိုင်းတချို့မှာ ဖော်ပြခဲ့ပါတယ်။
အခုလှုပ်ခတ်သွားတဲ့ နေရာဟာ အီရန်ရဲ့ အကြီးဆုံးမြေငလျင်ကြော ရှိတဲ့နေရာဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။