ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
လန်ဒန်နဲ့ပဲရစ် လျှပ်စစ်လေယာဉ် ပျံတော့မယ်
လာမယ့် ၁၀ နှစ် အတွင်း လန်ဒန်နဲ့ ပဲရစ် အကြား ခရီးသည်တင် လျှပ်စစ် လေယာဉ် ပြေးဆွဲ မယ်လို့ စွန့်ဦး တီထွင်မယ့် Wright Electric ကုမ္ပဏီက ပြောကြားလိုက် ပါတယ်။
အဲဒီလို လျှပ်စစ် လေယာဉ်ဟာ ခရီးသည် ၁၅၀ တင်ဆောင် နိုင်မှာ ဖြစ်ပြီး ခရီးမိုင် ၃၀၀ အောက် ပျံသန်းနိုင်မှာ ဖြစ်တယ်လို့ ကုမ္ပဏီက ပြောပါတယ်။
ဒီအတွက် လေယာဉ်ဟာ လောင်စာဆီကို မသုံးတော့တဲ့ အတွက် ခရီးသွား စရိတ်လည်း သိသိ သာသာ လျော့ကျ သွားမယ်လို့ ဆိုပါတယ်။
ဗြိတိန်က စျေးနှုန်း သက်သာတဲ့ လေကြောင်းလိုင်း Easyjet ကတော့ ဒီလေယာဉ်မျိုး ပျံသန်းဖို့ စိတ်ဝင် စားကြောင်း ထုတ်ဖေါ် ပြောကြားလိုက် ပါတယ်။
ဒါပေမယ့်လို့ အခု ပုံမှာ ဖေါ်ပြထားတဲ့ အတိုင်း Wright One လျှပ်စစ် လေယာဉ်တွေ ထုတ်လုပ်နိုင်ဖို့က အရေးကြီးတဲ့ အခက် အခဲတွေ ကျော်လွှား နိုင်ဖို့ လိုပါတယ်။
နည်းပညာ ကျွမ်းကျင်သူ တွေကတော့ ကုမ္ပဏီရဲ့ ကြေညာ ချက်အပေါ် သံသယ ရှိနေကြ ပါတယ်။ Aviation Weekly လေကြာင်းပျံသန်းမှု နည်းပညာ ဂျာနယ်က အယ်ဒီတာ Graham Warwick ကတော့ ဒီနည်းပညာဟာ အကောင် အထည် ဖေါ်နိုင်ဖို့ အဝေးကြီး လိုသေးတယ်လို့ ပြောပါတယ်။
ဒါပေမယ့်လည်း Wright Electric ကုမ္ပဏီနဲ့ အပြိုင် Airbus ကုမ္ပဏီက ကတော့ ၂ ယောက်စီး လျှပ်စစ် လေယာဉ် ကို ၂၀၁၄ ခုနှစ် ကတည်းက ထုတ်လုပ်နေတာ ဖြစ်ပါတယ်။ Airbus ကလည်း ခရီးသည် ၇၀ ကနေ ၉၀ လိုက်ပါနိုင်မယ့် ခရီးတို သွား လျှပ်စစ် လေယာဉ် ထုတ်ဖို့ အစီ အစဉ် ရှိတယ်လို့ ဆိုပါတယ်။