အင်ဒိုနီးရှားမှာ လူမျိုးကွဲညီညွတ်ရေး ဆန္ဒပြ
ဓာတ်ပုံ ရင်းမြစ်, Reuters
အင်ဒိုနီးရှားမှာ ဂျကာတာမြို့ဝန်ကို ဘာသာရေး စော်ကားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးဖို့တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေကို တန်ပြန်တဲ့ အင်အား ပြမှုတွေမှာ လူသောင်းချီ တက်ရောက်မှုရှိခဲ့ပါတယ်။
တက်ရောက်လာတဲ့သူတွေက မတူကွဲပြားမှုတွေကို သည်းခံဖို့နဲ့ လူမျိုးစုံတဲ့ အင်ဒိုနီးရှားမှာ အချင်းချင်း ညီညွတ်ကြဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင် ချီတက်ခဲ့ကြပါတယ်။
ဂျကာတာမြို့ဝန် ဘဆူကီ ပူနားမားဟာ ကိုရန်ကို ကိုးကားတာနဲ့ ပတ်သက်ပြီး ဘာသာရေးစော်ကားမှုနဲ့ စွပ်စွဲခံရတာ ဖြစ်ပြီး သူ့ကို ဖမ်းဆီးဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကတော့ ဒီကနေ့ပွဲထက် အင်အား များခဲ့ပါတယ်။
အင်ဒိုနီးရှားဟာ အစ္စလမ်ဘာသာကို ပျော့ပျော့ ပြောင်းပြောင်းပဲ ကျင့်သုံးနေကျ နိုင်ငံဖြစ်ပေမယ့် လတ်တလောမှာ ဘာသာရေးအရ တင်းမာမှုတွေ ရှိလာတာ ဖြစ်ပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။
{{rankTranslation}}