ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, အမေရိကန်နဲ့ အီရန်ကြား စစ်ရေးပဋိပက္ခ “အလုံးစုံ ဖြေရှင်းနိုင်ရေး” ဆွေးနွေးနေပြီး တိုးတက်မှု ရှိတယ်လို့ သမ္မတထရမ်ပြော။

အီရန် တော်လှန်ရေး အစောင့်တပ်နဲ့ နီးစပ်တဲ့ Fars သတင်းဌာန အဆိုအရ တိုက်ရိုက်ကော သွယ်ဝိုက်ပြီးတော့ကော ဒေါ်နယ်ထရမ့်နဲ့ ဘယ်လိုမှ အဆက်အသွယ်မရှိဘူး - ကမ္ဘောဒီးယားမှာ ထုံးကျောက်တောင်နဲ့ လှိုဏ်ဂူသစ်တွေ ထပ်မံ တွေ့ရှိ - နေပြည်တော်မှာ ငလျင်လှုပ် ၊ ပြင်းအား မဂ္ဂကျူ့ ၄ ဒသမ ၄ အဆင့်ရှိတယ်လို့ ပြောပြီး မိုးဇလကတော့ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၂ အဆင့်ရှိတယ်လို့ ထုတ်ပြန် - စစ်ခေါင်းဆောင် ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်ရောဂါကို ၂ နာရီကြာ ခွဲစိတ်အောင်မြင်တယ်လို့ စစ်ကော်မရှင် ထုတ်ပြန် - စက်သုံးဆီ ရက် ၅၀ စာ ရှိတယ်လို့ သက်ဆိုင်ရာက ပြောနေပေမယ့် ဆီဆိုင်တွေမှာ ညအိပ်တန်းစီနေကြရသလို တပတ် ၂ ခါဘဲ အများဆုံးထုတ်ပေးမယ်လို့ ထုတ်ပြန် - စစ်ခေါင်းဆောင်အကွက်ချထားတဲ့ လွှတ်တော်အခင်းအကျင်းနဲ့ အတိုက်အခံမရှိတဲ့ လွှတ်တော် ရဲ့ မျှော်လင့်ချက် အကြောင်း အပါအဝင် မြန်မာနဲ့ နိုင်ငံတကာ ထိပ်တန်း သတင်းတွေနဲ့ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ် တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။