ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်, ရုရှားလောင်စာဆီ ဒဏ်ခတ်ပိတ်ဆို့ထားမှု ရုပ်သိမ်းဖို့ အမေရိကန် ဆုံးဖြတ်ချက် ဝေဖန်ပြစ်တင်သံတွေ ထွက်ပေါ်လာ

- ရုရှားလောင်စာဆီ ဒဏ်ခတ်ပိတ်ဆို့ထားမှု ရုပ်သိမ်းဖို့ အမေရိကန် ဆုံးဖြတ်ချက် ဝေဖန်ပြစ်တင်သံတွေ ထွက်ပေါ်လာ - တီဟီရန်မြို့တော်အပါအဝင် အီရန်နိုင်ငံအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေ - အီရန် ဘာသာရေးခေါင်းဆောင်သစ် မိုဂျ်တာဘာ ခါမေနီ ဒဏ်ရာရထားပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်သွားခဲ့ပုံ ရတယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးပြော - အီရန်ကနေ တူရကီနိုင်ငံဆီ ဦးတည် ဝင်လာတဲ့ တတိယမြောက် ပဲ့ထိန်းမစ်ဆိုင်းဒုံးကို နေတိုး လေကြောင်း ကာကွယ်ရေးစနစ်က ပစ်ချလိုက် - အီရတ်နိုင်ငံအနောက်ပိုင်းမှာ ပျက်ကျခဲ့တဲ့ အမေရိကန် ဆီဖြည့် စစ်လေယာဉ်ပေါ်ပါသူ လေယာဉ်အမှုထမ်း ၆ ဦးအနက် လေးဦးရဲ့ အလောင်းတွေကို ပြန်ရှာတွေ့ - ၁၉ လကြာ ပြည်သူ့ကာကွယ်ရေးတပ်တွေ သိမ်းပိုက်ထားတဲ့ တကောင်းမြို့ကို စစ်တပ်ပြန်ထိန်းချုပ် - QR စနစ်နဲ့ စက်သုံးဆီဝယ်ယူရာမှာ ပြဿနာကြုံရသူ တချို့ရှိနေ - ဆောက်လုပ်မှုစည်းမျဉ်းနဲ့ မညီတဲ့ အဆောက်အအုံမျိုးတွေကို ဖျက်သိမ်းတဲ့ အဆင့်ထိ လုပ်ဆောင်ဖို့ သက်ဆိုင်ရာဘက်က ပြင်ဆင်လာနေ - တောင်ကိုရီးယားမှာ လူအသေအပျောက်အများဆုံး လေယာဉ်ပျက်ကျမှုကြီးနဲ့ ဆက်နွှယ်ပြီး သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ရုံးချုပ်ကို ရဲတွေ စီးနင်းရှာဖွေခဲ့ - အင်ဒိုနီးရှားနိုင်ငံမှာ အက်ဆစ်နဲ့ပက် တိုက်ခိုက်မှုတစ်ခုအတွင်း လူ့အခွင့်အရေး တောင်းဆိုလှုပ်ရှားသူတစ်ဦး ဆိုးဆိုးဝါးဝါး ဒဏ်ရာရသွား