လက်ဘနွန်ထဲမှာ ကြားခံဇုန် ထားဖို့ အစ္စရေး စီစဉ်

ဗီဒီယို ပုံစာ, လက်ဘနွန်ထဲမှာ ကြားခံဇုန် ထားဖို့ အစ္စရေး စီစဉ်
လက်ဘနွန်ထဲမှာ ကြားခံဇုန် ထားဖို့ အစ္စရေး စီစဉ်

အစ္စရေး ကာကွယ်ရေး ဝန်ကြီးက အစ္စရေး အနေနဲ့ လက်ရှိ ဟက်ဇ်ဘိုလာနဲ့ ဖြစ်နေတဲ့ စစ်ပွဲ ပြီးဆုံးသွားပြီးရင်တောင် အဲဒီထဲက နယ်မြေ အတော်များများကို လုံခြုံရေးပိုင်း ထိန်းချုပ်ထားဖို့ အတွက် လက်ဘနွန် တောင်ပိုင်းမှာ ကြားခံဇုန်တစ်ခု တည်ဆောက်မယ်လို့ ပြောပါတယ်။ ကုလသမဂ္ဂ၊ ဥရောပ နိုင်ငံတွေနဲ့ ကနေဒါတို့ကတော့ ဒါဟာ အချုပ်အခြာပိုင် နိုင်ငံတစ်ခုပိုင်ဆိုင်တဲ့ နယ်မြေကို ကျူးကျော်စော်ကားမှုဖြစ်တယ်လို့ ပြောကြပါတယ်။ လက်ဘနွန်ကလည်း အစ္စရေးရဲ့ အစီအစဉ်တွေဟာ လက်ဘနွန် နယ်မြေတွေကို သိမ်းယူမှုအသစ်သာ ဖြစ်တယ်ဆိုပြီး ပယ်ချလိုက်ပါတယ်။ ဘီဘီစီရဲ့ နိုင်ငံတကာ ရေးရာ သတင်းအယ်ဒီတာ ဂျယ်ရမီဘိုဝင် ပေးပို့ထားတဲ့သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။