PDF တွေ လက်နက်ချဖို့ အသွင်ပြောင်း အစိုးရ ခေါင်းဆောင်ပြော
PDF တွေ လက်နက်ချဖို့ အသွင်ပြောင်း အစိုးရ ခေါင်းဆောင်ပြော
အသွင်ပြောင်း အစိုးရ ခေါင်းဆောင် ဦးမင်းအောင်လှိုင်က ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေ လက်နက်ချ အလင်းဝင်ဖို့ ဖိတ်ခေါ် လိုက်သလို၊ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေလည်း ငြိမ်းချမ်းရေး အတွက် တွေ့ဆုံဆွေးနွေးမှု လုပ်ဖို့ ဆိုပြီး ဖိတ်ခေါ်လိုက်ပါတယ်။ ဒါပေမဲ့ သူ ဖိတ်ခေါ်တဲ့ အထဲမှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နဲ့ ပတ်သက်လို့ ထည့်သွင်းပြောကြားတာမျိုးတော့ မရှိပါဘူး။ ဒီအပေါ်မှာ PDF တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ဘယ်လို တုံ့ပြန်ကြပါသလဲ။ မသီဒါနွယ်က ပြောပြပေးမှာပါ။