တရုတ်ပိုးလမ်းမ စီမံကိန်း ရထားလမ်း မြန်မာနိုင်ငံတွင်းမှာ ပြန်စဖို့ ဆွေးနွေး
တရုတ်ပိုးလမ်းမ စီမံကိန်း ရထားလမ်း မြန်မာနိုင်ငံတွင်းမှာ ပြန်စဖို့ ဆွေးနွေး
မြန်မာမှာရှိတဲ့ တရုတ်ရဲ့ ပိုးလမ်းမသစ် BRI စီမံကိန်းထဲက ရထားလမ်းပိုင်းတွေ ပြန်စနိုင်ဖို့ စစ်တပ်အပါအဝင် တရုတ်ကိုယ်စားလှယ်အဖွဲ့နဲ့ ရှမ်းမြောက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ လားရှိုးမြို့မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အဲဒီအဖွဲ့တွေနဲ့ နီးစပ်တဲ့ ရှမ်းမြောက် ဒေသခံတွေက အတည်ပြုပါတယ်။ အဲဒီစီမံကိန်းကို လာမယ့်မေလမှာ ပြန်စမယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ မြန်မာနိုင်ငံထဲက ဘယ်အပိုင်းတွေ ပြန်စနိုင်ပါသလဲ။ အဲဒီနေရာတွေမှာ ဘယ်လိုအဖွဲ့တွေ ရှိနေပါသလဲ။ မသူဇာလင်းက ပြောပြမှာပါ။



