ပီဒီအက်ဖ် တချို့ရဲ့ မူးယစ်ဆေးဝါ သယ်ဆောင်မှု

ဗီဒီယို ပုံစာ, ပီဒီအက်ဖ် တချို့ရဲ့ မူးယစ်ဆေးဝါ သယ်ဆောင်မှု
ပီဒီအက်ဖ် တချို့ရဲ့ မူးယစ်ဆေးဝါ သယ်ဆောင်မှု

ချင်းပြည်နယ် ဖလမ်းမြို့နယ်ထဲကနေဖြတ်ပြီး သန်းနဲ့ချီတဲ့ မူးယစ်ဆေးတွေကို သယ်ဆောင်လာတဲ့ ဆားလင်းကြီး အခြေစိုက် ပီဒီအက်ဖ် တပ်ဖွဲ့ဝင်တချို့ကို CDF ဟားခါးတပ်ဖွဲ့က ဖမ်းဆီး ရမိခဲ့ပါတယ်။ ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ တပ်ရင်းမှူးရဲ့ ထောက်ခံချက်နဲ့ အတူ မူးယစ်ဆေးဝါးတွေကို သယ်ဆောင်လာတာကို စစ်ဆေးတွေ့ရှိတယ်လို့ CDF ဟားခါးဘက်က ထုတ်ပြန်ပါတယ်။ တပ်ရင်း ၁၅ တာဝန်ရှိသူကတော့ မူးယစ်ဆေး သယ်ဆောင်ခွင့်မပေးခဲ့ဘူးလို့ ငြင်းဆို ထားပါတယ်။ ဒီအကြောင်း ကိုဘိုဘိုက ပြောပြပေးပါမယ်။

ပြင်ဆင်သိမှတ်ပေးပါရန်- မူးယစ်ဆေးတွေသယ်ဆောင်လာတဲ့ PDF တပ်ဖွဲ့ဝင်တချို့ကို အိန္ဒိယမြန်မာနယ်စပ် ဗားရ်တံတားပေါ်မှာ ဇူလိုင် ၈ ရက်က CDF ဟားခါးတပ်ဖွဲ့ကဖမ်းဆီးမိခဲ့တယ်" ဆိုတဲ့ သတင်းစာသားအစား 'ဟားခါးမြို့နယ်အတွင်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။' လို့ ပြင်ဆင်သိမှတ်ပေးပါရန် လေးစားစွာ ပန်ကြားအပ်ပါတယ်။