အီရန် နောက်ဆုံးအခြေအနေ - အီရန်စွမ်းအင်စက်ရုံတွေကို ဗုံးမကြဲသေးဘူးလို့ ထရမ့်ပြော

ဗီဒီယို ပုံစာ, အီရန်-အမေရိကန် နောက်ဆုံးအခြေအနေ
အီရန် နောက်ဆုံးအခြေအနေ - အီရန်စွမ်းအင်စက်ရုံတွေကို ဗုံးမကြဲသေးဘူးလို့ ထရမ့်ပြော

အမေရိကန်သမ္မတ ထရမ့်က အီရန် စွမ်းအင်စက်ရုံတွေကို ဗုံးစကြဲမယ်ဆိုတဲ့ သူခြိမ်းခြောက်ထားတဲ့ရက်ကို နောက်ထပ် ၁၀ ရက် ထပ်ရွှေ့ပေးမယ်လို့ ပြောပါတယ်။ ဟော်မုဇ်ရေလက်ကြား ပြန်ဖွင့်ဖို့ အီရန်ကို ရာဇသံပေးထားတဲ့ နောက်ဆုံးနေ့က ဒီကနေ့မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။အီရန် - အမေရိကန်နောက်ဆုံးအခြေအနေအကြောင်း မသီဒါနွယ် က ပြောပြမှာပါ။