အီရန်စစ်နောက်ဆက်တွဲ တောင်သူတွေ ဓာတ်မြေသြဇာ အခက်ကြုံ
အီရန်စစ်နောက်ဆက်တွဲ တောင်သူတွေ ဓာတ်မြေသြဇာ အခက်ကြုံ
အရှေ့အလယ်ပိုင်းမှာ ဖြစ်နေတဲ့ စစ်ရဲ့ နောက်ဆက်တွဲ မြန်မာနိုင်ငံမှာ စက်သုံးဆီအကျပ်အတည်းအပြင် စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် အဓိက ကျတဲ့ ဓာတ်မြေသြဇာ အခက်အခဲပါ ကြုံနေရတာကြောင့် လာမယ့် မိုးသီးနှံ စိုက်ပျိုးရေးကဏ္ဍအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိလာနိုင်မှာကို တောင်သူတွေ စိုးရိမ်နေကြပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ကလည်း စက်သုံးဆီနဲ့ မြေသြဇာ အခက်အခဲတွေကြောင့် မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှု အခြေအနေဟာ လက်ရှိထက် ပိုမိုဆိုးရွားလာနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ဓာတ်မြေသြဇာအခက်အခဲက ဘယ်လောက် သက်ရောက်နိုင်ပါသလဲ၊ ဘယ်လိုကြိုတင် ပြင်ဆင်သင့်ပါသလဲ။ အပြည့်အစုံကို မသူဇာလင်းက ပြောပြမှာပါ။