အီရန်_အမေရိကန် ငြိမ်းချမ်းရေး ဒုတိယအကျော့ ဆွေးနွေးပွဲကျင်းပဖို့ ပါကစ္စတန် ပြင်ဆင်
အီရန်_အမေရိကန် ငြိမ်းချမ်းရေး ဒုတိယအကျော့ ဆွေးနွေးပွဲကျင်းပဖို့ ပါကစ္စတန် ပြင်ဆင်
ကမ္ဘာ့ သင်္ဘောအသွားအလာတွေအတွက် အရေးပါတဲ့ ပင်မရေလမ်းကြောင်းကြီးတစ်ခုဖြစ်တဲ့ ဟော်မုဇ် ရေလက်ကြား ဆက်ပိတ်ထားဆဲ ဖြစ်တယ်လို့ အီရန်အစိုးရက ပြောပါတယ်။ တီဟီရန်မြို့တော်မှာ ရောက်ရှိနေတဲ့ ဘီဘီစီ သတင်းထောက် လိစ် ဒူးဆက်ကို သူပို့တဲ့ သတင်းတွေ ဘီဘီစီ ပါရှန်းဌာနမှာ မသုံးပါဘူး ဆိုတဲ့ ကန့်သတ်ချက်နဲ့ သတင်းပို့ခွင့် ပြုခဲ့ပါတယ်။ အီရန်နိုင်ငံထဲမှာ ရှိနေတဲ့ နိုင်ငံခြားသတင်းမီဒီယာတွေ အားလုံးလည်း အဲဒီ ကန့်သတ်ချက်အတိုင်း လိုက်နာရပါတယ်။ လိစ် ဒူးဆက် ပေးပို့ထားတဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။