ယူရို ၂၀၂၄ - ဗိုလ်စွဲဖို့ ဘယ်အသင်းတွေ ရေပန်းစားလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချန်ပီယံ အီတလီ အသင်းက အုပ်စု B မှာ စပိန်၊ ခရိုအေးရှားနဲ့ အယ်လ်ဘေးနီးယားတို့နဲ့ ကစားရမှာပါ။

ယူရို ၂၀၂၄ ဘောလုံးပြိုင်ပွဲကြီးကို ဂျာမနီနိုင်ငံမှာ ဇွန်လ ၁၄ ရက်မှာ စတင်တော့မှာပါ။ ဘယ်အသင်းတွေ အလားအလာကောင်းတွေရှိပြီး အောင်ပွဲခံနိုင်မလဲ ဆိုတာနဲ့အတူ ယူရို ၂၀၂၄ ပြိုင်ပွဲရဲ့ အရေးကြီးတဲ့အချက်အလက်တွေကို ကြည့်ကြရအောင်။

ပြိုင်ပွဲ ကာလ

ဂျာမနီမှာ ကျင်းပတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲက ဇွန်လ ၁၄ ရက် သောကြာနေ့မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့အိမ်ကွင်း အာလီယန့် အရီနာကွင်းမှာ စတင်မှာ ဖြစ်ပါတယ်။

အဖွင့်ပွဲစဥ်မှာ အိမ်ရှင်အသင်းနဲ့ စရင်ဆိုင်ရမယ့်အသင်းကတော့ စကော့တလန်အသင်း ဖြစ်ပါတယ်။

အုပ်စုအဆင့်မှာ တစ်နေ့ကို ပွဲစဥ် နှစ်ပွဲ ကနေ လေးပွဲ နဲ့ ဇွန်လ ၂၆ ရက်အထိ ကျင်းပမှာပါ။ ၁၆ သင်းအဆင့် ပွဲစဥ်တွေကတော့ ဇွန်လ ၂၉ ရက်မှာ စတင်မှာ ဖြစ်ပါတယ်။

ပြိုင်ပွဲ ပြီးဆုံးမယ့်နေ့ကတော့ ဇူလိုင် ၁၄ ရက် တနင်္ဂနွေနေ့ ဖြစ်ပြီး ဘာလင်မြို့ အိုလံပီယာစတေဒီယံ ကွင်းမှာ ကျင်းပမှာပါ။

ဒါဟာ ဂျာမနီနိုင်ငံ ပြန်လည်ပေါင်းစည်းပြီးနောက် ဒီပြိုင်ပွဲကို ပထမဆုံး အိမ်ရှင်အဖြစ် ကျင်းပတာ ဖြစ်ပြီး ၁၉၈၈ မှာ အနောက်ဂျာမနီမှာ ကျင်းပခဲ့ပါတယ်။

လက်မှတ်တွေ ဘယ်လို ရောင်းခဲ့လဲ

လက်မှတ်တွေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နဲ့ ၂၆ ရက်မှာ အများပြည်သူကို စရောင်းခဲ့ပြီး မဲဖောက်ရောင်းချပေးခဲ့တာ ဖြစ်ပါတယ်။ လက်မှတ်တွေ ရောင်းချတဲ့ကာလက ပြီးဆုံးသွားပါပြီ။

လက်မှတ်ဝယ်လိုသူတွေ များတာကြောင့် တရားမဝင် လက်မှတ်ရောင်းသူတွေက အမြတ်ထုတ်ပြီး ပြန်လည်ရောင်းချတဲ့ စျေးကွက်တွေကနေ လက်မှတ်အတုတွေ ရောင်းနေတာတွေကို ဥရောပဘောလုံးအဖွဲ့ချုပ် UEFA က ပရိသတ်တွေကို သတိပေးထားပါတယ်။

ဘယ်အသင်းတွေ ရေပန်းစားလဲ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အင်္ဂလန်အသင်းက ရေပန်းအစားဆုံးဖြစ်နေပြီး သူ့နောက်မှာ ပြင်သစ်နဲ့ ဂျာမနီတို့ ရှိနေပါတယ်။

အင်္ဂလန်အသင်းက ၃ လေး ၁ လေးနဲ့ ရေပန်းအစားဆုံးလို့ ဗြိတိန်ကလောင်းကစားဒိုင်တွေက ပြောထားပါတယ်။ ပြင်သစ်အသင်းက ဒုတိယနေရာမှာ ၄ လေး ၁ လေး နဲ့ အိမ်ရှင် ဂျာမနီအသင်းက ၅ လေး ၁ လေး ဖြစ်ပါတယ်။

ဂျော်ဂျီယာ၊ အယ်လ်ဘေးနီးယား၊ စလိုဗေးနီးယားနဲ့ စလိုဗက်ကီးယားတို့က ချန်ပီယံဖြစ်ဖို့ အလားအလာ အနည်းဆုံးတွေ ဖြစ်ပြီး ၂၀၀ လေး ၁ လေးကနေ ၉၀၀ လေး ၁ လေး အထိ ဖြစ်ပါတယ်။

အုပ်စုတွေ ဘယ်လိုခွဲထားလဲ

အုပ်စု A - ဂျာမနီ၊ စကော့တလန်၊ ဟန်ဂေရီ၊ ဆွစ်ဇာလန်

အုပ်စု B - စပိန်၊ ခရိုအေးရှား၊ အီတလီ၊ အယ်လ်ဘေးနီးယား

အုပ်စု C - စလိုဗေးနီးယား၊ ဒိန်းမတ်၊ ဆားဘီးယား၊ အင်္ဂလန်

အုပ်စု D - ပိုလန်၊ နယ်သာလန်၊ သြစတြီးယား၊ ပြင်သစ်

အုပ်စု E - ဘယ်လ်ဂျီယမ်၊ စလိုဗက်ကီးယား၊ ရိုမေးနီးယား၊ ယူကရိန်း

အုပ်စု F - တူရကီ၊ ဂျော်ဂျီယာ၊ ပေါ်တူဂီ၊ ချက်

Sorry, we can’t display this part of the story on this lightweight mobile page.

ဘယ်အသင်းတွေ ပုံစံကောင်းရနေလဲ

ဒီပြိုင်ပွဲကို ရောက်လာတဲ့အသင်းတွေထဲမှာ အသင်း ခြောက်သင်းဟာ ခြေစစ်ပွဲ ပွဲစဥ်တွေမှာ ရှုံးပွဲ မရှိဘဲ တက်လာခဲ့တာပါ။ ပြင်သစ်၊ အင်္ဂလန်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယမ်၊ ရိုမေးနီးယားနဲ့ ဟန်ဂေရီ အသင်းတို့ ဖြစ်ပါတယ်။

အဲဒီအသင်းတွေထဲမှာ ပွဲစဥ်တိုင်းကို အနိုင်ရထားတာက ပေါ်တူဂီအသင်း တစ်သင်းပဲ ရှိပါတယ်။ ၃၆ ဂိုးသွင်းပြီး ၂ ဂိုးပဲ အသွင်းခံထားရပါတယ်။

စပိန်နဲ့ စကော့တလန်အသင်းတို့ကတော့ ၁ ပွဲစီပဲ ရှုံးထားပါတယ်။ တူရကီနဲ့ သြစတြီးယား အသင်းတွေကလည်း ခြေစွမ်းကောင်းတွေနဲ့ ခြေစစ်ပွဲ အောင်လာကြတာပါ။

ပေါ်တူဂီအသင်းက ခြေစစ်ပွဲ ပွဲစဥ်တိုင်းကို နိုင်ခဲ့ပေမဲ့ သူတို့အသင်းကနေတော့ ဂိုးအများဆုံး သွင်းသူ ထွက်မလာခဲ့ပါဘူး။

ဘယ်လ်ဂျီယမ်အသင်းက ရိုမယ်လူ လူကာကူက ပွဲစဥ် ၈ ပွဲမှာ ၁၄ ဂိုးနဲ့ ဂိုးအများဆုံးသွင်းသူ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘယ်လ်ဂျီယမ်က လူကာကူ (ယာအစွန်) က ခြေစစ်ပွဲတွေမှာ ဂိုးအများဆုံးသွင်းထားပါတယ်။
Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ပြင်ပဝက်ဆိုက်များတွင်ပါဝင်သောအကြောင်းအရာများအတွက် ဘီဘီစီကတာဝန်မယူပါ။ YouTube တွင်ကြော်ငြာများပါဝင်နိုင်ပါသည်။

End of YouTube post

ဘယ်ကွင်းတွေမှာ ကစားမှာလဲ

အာလီယန့် အရီနာကွင်းနဲ့ အိုလံပီယာစတေဒီယံကွင်းတို့ အပြင် ကိုလုန်းနဲ့ ဒေါ့မွန်အပါအဝင် တခြား မြို့ ၁၀ မြို့မှာပါ ပွဲတွေကို ကျင်းပမှပါ။

ဒေါ့မွန်အသင်းရဲ့ကွင်း စစ်ဂနယ်အနူနာပါ့ခ်ကွင်းမှာ အုပ်စု B၊ D နဲ့ Fအသင်း ပွဲစဥ်တွေနဲ့ နောက်ဆုံး ၁၆ သင်းအဆင့်နဲ့ အကြိုဗိုလ်လုပွဲစဥ် တချို့ကို ကစားမှာပါ။

ပွဲစဥ်ကစားမယ့် ကွင်းများနဲ့ ဝင်ဆန့်လူဦးရေ

ဘာလင် - အိုလံပီယာစတေဒီယံကွင်း ( ၇၀,၀၀၀ )

ကိုလုန်း - ကိုလုန်းကွင်း (၄၇,၀၀၀)

ဒေါ့မွန် - ဘီဗီဒီ စတေဒီယံ ဒေါ့မွန်ကွင်း (၆၆,၀၀၀)

ဒတ်ဆဲလ်ဒေါ့ဖ် - ဒတ်ဆဲလ်ဒေါ့ဖ်အရီနာကွင်း (၄၇,၀၀၀)

ဖရန့်ဖို့တ် - ဖရန့်ဖို့တ် အရီနာကွင်း (၄၈,၀၀၀)

ဂေဆင်ကာရှန် - အရီနာ အော့ဖ်ရှော့ကာကွင်း (၅၀,၀၀၀)

ဟမ်းဘတ် - ဗော့စ်ပါ့ခ်စတေဒီယံ ဟမ်းဘတ်ကွင်း (၅၀,၀၀၀)

လိုက်ပဇစ် - လိုက်ပဇစ်ကွင်း (၄၂,၀၀၀)

မြူးနစ် - မြူးနစ်ဘောလုံးကွင်း (၆၇,၀၀၀)

ရှတွတ်ဂတ် - ရှတွတ်ဂတ် အရီနာကွင်း (၅၄,၀၀၀)

ယူရိုပြိုင်ပွဲနဲ့ လွဲသူများ

မန်ချက်စတာစီးတီးအသင်းရဲ့ တိုက်စစ်မှူး အာလင် ဟားလန်းနဲ့ အာဆင်နယ်အသင်းရဲ့ ကွင်းလယ်လူ မာတင် အိုဒီဂတ်တို့ရဲ့ နော်ဝေအသင်းက ခြေစစ်ပွဲမအောင်တဲ့အတွက် ဒီနာမည်ကျော် နှစ်ယောက်ကို ပြိုင်ပွဲမှာ တွေ့ရမှာ မဟုတ်ပါဘူး။

စပိန်နဲ့ စကော့တလန်တို့နဲ့ တစ်အုပ်စုတည်းကျခဲ့တဲ့ သူတို့အသင်းဟာ ခြေစစ်ပွဲအောင်ဖို့ လိုအပ်တဲ့ အမှတ်မရခဲ့ဘဲ ပြန်ကန်ပွဲ ကစားခဲ့ရာမှာလည်း မအောင်မြင်ခဲ့ပါဘူး။

ဆွီဒင်အသင်းလည်း ခြေစစ်ပွဲ မအောင်မြင်ခဲ့ဘဲ ဒါဟာ ၁၉၉၆ နောက်ပိုင်း ပထမဆုံးအကြိမ် ခြေစစ်ပွဲ မအောင်ခဲ့တာ ဖြစ်ပါတယ်။