ဓာတ်ပုံတွေက ပြောပြတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ဘဝ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဖတ်ရန်အချိန်: မိနစ် ၅

ဒေါ်နယ် ဂျွန် ထရမ့်ကို နယူးယောက်မြို့က ကွင်းစ်အရပ်မှာ ၁၉၄၆ ဇွန်လ ၁၄ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ညီအစ်ကိုမောင်နှ ၅ ယောက်ရှိတဲ့အနက် ထရမ့်က စတုတ္ထမြောက်ပါ။ နောက်လေးယောက်က အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၂ ဦးဖြစ်ပြီး အဲဒီထဲမှာ အဲလစ်ဇဘက်ပဲ သက်ရှိထင်ရှားရှိပါတယ်။

ထရမ့်ရဲ့ ဖခင် ဖရက်က နယူးယောက်မြို့ဆင်ခြေဖုံးရပ်ကွက်တွေမှာ အောင်မြင်တဲ့ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခု ပိုင်ဆိုင်ခဲ့ပါတယ်။ ထရမ့်က ၁၉၆၈ မှာ သူ့ဖခင်ရဲ့စီးပွားရေးထဲ ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သိပ်မကြာခင်မှာပဲ နယူးယောက် မန်ဟက်တန်မှာ သူ့ကိုယ်ပိုင်စီးပွားရေး စတင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, New York Daily News Archive/Getty Images

ဓာတ်ပုံ ပုံစာ, နယူးယောက်မြို့ မှာ ရိုက်ကူးထားတဲ့ ထရမ့်နဲ့ သူ့ဖခင် ဖရက်တို့ရဲ့ အဖြူအမဲ မှတ်တမ်းဓာတ်ပုံ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၈၇ ခုနှစ်က မက်ဟက်တန်က ထရမ့်ပလာဇာမှာ ဖုန်းပြောနေတဲ့ ဒေါ်နယ်ထရမ့်။ သူ့ရဲ့ဘေးမှာ နယူးယောက်မြို့က skyscraper စီမံကိန်းပုံကြမ်းလည်းရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယူးဂျာစီမြို့ ၊တာ့ခ်ျ မဟာ ဂိမ်းစင်တာရှိ စလော့ဂိမ်းစက်ရှေ့က ဒေါ်နယ်ထရမ့်

အန္တလန်တစ်မြို့၊ ရှီကာဂို၊ လာ့စ်ဗေးဂတ်စ်မြို့တွေကနေ အိန္ဒိယ၊ တူရကီ နဲ့ ဖီလစ်ပိုင်နိုင်ငံတွေအထိ ကာစီနို၊ ကွန်ဒိုမီနီယံ၊ ဂေါက်ကွင်းနဲ့ ဟိုတယ်တွေ ဆောက်လုပ်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့်ရဲ့ ဝင့်ကြွားတဲ့စတိုင်လ်က နယူးယောက်စီးပွားရေးလောကမှာ ထင်ရှားစေခဲ့ပြီး ရုပ်မြင်သံကြားစီးရီးဖြစ်တဲ့ 'The Apprentice အလုပ်သင်' ဆိုတဲ့ အစီအစဉ်မှာလည်း သူ အောင်မြင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လူငယ်စီးပွားရေးသမားဘဝမှာ အနီအောက်ခံ အဖြူရောင်ဘလေဇာကုတ်နဲ့ သူပိုင်ဆိုင်တဲ့ အိမ်မှာတွေ့ရတဲ့ ထရမ့်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နယူးယောက်မြို့ Twin Towers ပေါ်ကနေ ကိုယ်ပိုင်ရဟတ်ယာဥ်နဲ့ ဖြတ်သန်းသွားရင်း သတင်းစာဖတ်နေတဲ့ထရမ့်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သားငယ်ဂျူနီယာဒေါ်နယ်ထရမ့်၊ သမီးအိုင်ဗန်ကာတို့နဲ့တွေ့ရတဲ့ ဒေါ်နယ်ထရမ့်

ထရမ့်ဟာ သုံးကြိမ်လက်ထပ်ဖူးပြီး သားသမီး ၅ ဦးရှိပါတယ်။ ထရမ့်ဟာ ၁၉၇၇ ခုနှစ်မှာ အီဗာနာ ဇယ်လ်နစ်ကိုဗာနဲ့ လက်ထပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ထရမ့်ဟာ ၁၉၇၇ ခုနှစ်မှာ အီဗာနာ ဇယ်လ်နစ်ကိုဗာနဲ့ လက်ထပ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်နယ်ထရမ့်နဲ့ တတိယဇနီး မယ်လာနီယာထရမ့်

ထရမ့်ဟာ တတိယဇနီး မယ်လာနီယာ ကနော့စ် ကို ၂၀၀၅ မှာ လက်ထပ်ခဲ့ပြီး သူတို့စတွေ့တဲ့ အဲဒီအရင် ၇ နှစ်ကတော့ သူက ၅၂ နှစ်၊ မယ်လာနီယာက ၂၈ နှစ်ဖြစ်ပါတယ်။

သူ့ရဲ့နိုင်ငံရေးသမားဘဝကတော့ ၂၀၁၅ မှာ စတင်ခဲ့တာပါ။ နယူးယောက်က သူ့ရဲ့ထရမ့်တာဝါမှာ သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ မိသားစုဝင်တွေရှေ့မှာပဲ သူကြေညာခဲ့ပါတယ်။ သူ့ရဲ့ ဆောင်ပုဒ်က ‘အမေရိကန်ကို ကြီးမြတ်အောင် ပြန်လုပ်မယ်’ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bloomberg/Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်မဲဆွယ်ချိန်မှာ Make America Great Again ဆောင်ပုဒ်ကိုပြောပြီး မဲဆွယ်နေတဲ့ထရမ့်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၆ ခုနှစ်မှာ ထရမ့်ဟာ ဟီလာရီကလင်တန်နဲ့ ယှဥ်ပြိုင်ဖက်ဖြစ်ခဲ့ပါတယ်။ သမ္မတရွေးကောက်ပွဲနီးချိန် စကားစစ်ထိုးပွဲမှာ ဟီလာရီနဲ့အတူတွေ့ရတဲ့ ထရမ့်။

အငြင်းပွားစရာတွေ များခဲ့တဲ့ မဲဆွယ်ပွဲတွေအပြီးမှာ သူဟာ ဒီမိုကရက်တစ်သမ္မတလောင်း ဟီလာရီ ကလင်တန်ကို အနိုင်ရခဲ့ပါတယ်။ ၂၀၁၇ မှာ အမေရိကန်ရဲ့ ၄၅ ယောက်မြောက် သမ္မတ အဖြစ် ကျမ်းကျိမ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ရင်းမြစ်, Bloomberg/Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၆ ရွေးကောက်ပွဲအနိုင်ရပြီး အိမ်ဖြူတော်ရှိ ဘဲဥပုံရုံးခန်းရောက် သမ္မတထရမ့်

သူ့ရဲ့ ပထမသမ္မတသက်တမ်းက မဟာမိတ်တွေအတွက် မရေရာမှုတွေ ဖြစ်စေခဲ့ပါတယ်။ နိုင်ငံခြားခေါင်းဆောင်တွေနဲ့ မကြာမကြာ တိုက်ခိုက်ပြောဆိုတာတွေ ရှိခဲ့သလို ရာသီဥတုပြောင်းလဲမှုနဲ့ ကုန်သွယ်ရေးသဘောတူညီမှုတွေကနေ နုတ်ထွက်ခဲ့သလို တရုတ်နဲ့လည်း ကုန်သွယ်ရေးစစ် စတင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ် ဂျီ ဆဲဗင်းအစည်းအဝေးမှာ တခြားနိုင်ငံခေါင်းဆောင်တွေနဲ့တွေရတဲ့ထရမ့် ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေနဲ့ ထရမ့်။

သူ့သမ္မတသက်တမ်းရဲ့ နောက်ဆုံးနှစ်မှာတော့ ကိုဗစ်ကပ်ဘေးအပေါ် သူ့ကိုင်တွယ်ပုံတွေနဲ့ပတ်သက်လို့ ဝေဖန်ခံရပါတယ်။ သူကိုယ်တိုင်လည်း ကိုဗစ်ဗိုင်းရပ်စ်ထိပြီး ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ပွဲတွေကနေ ခဏ အနားယူခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bloomberg/Getty Images

ဓာတ်ပုံ ပုံစာ, ကိုဗစ်ကပ်ဘေးအပေါ် သူ့ကိုင်တွယ်ပုံတွေနဲ့ပတ်သက်လို့ ဝေဖန်ခံခဲ့ရပါတယ်။

ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ပြီး အရှုံးရလဒ်ကို လက်မခံဘဲ ငြင်းဆိုခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်လို့ စွပ်စွဲပါတယ်။ ဇန်နဝါရီ ၆ ရက်မှာ ဝါရှင်တန်က သူ့ထောက်ခံသူတွေကို ကွန်ဂရက်လွှတ်တော်ကို ချီတက်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီဆန္ဒပြပွဲကနေ ရုန်းရင်းဆန်ခတ်မှုတွေအထိ ဖြစ်ခဲ့ပြီး ထရမ့်ကိုယ်တိုင်လည်း ရာဇဝတ်မှု ၂ ခုနဲ့ တရားစွဲခံရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲရှုံးတဲ့ ၂၀၂၁ ခုနှစ်က တွေ့ရတဲ့ ထရမ့်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ထရမ့်‌ထောက်ခံသူတွေ အမေရိကန်လွှတ်တော် အဆောက်အဦမှာ အဓိကရုဏ်းပြုလုပ်ခဲ့တဲ့ ၂၀၂၁ ဇန်နဝါရီ ၆ ရက်။

သူ့ရဲ့နိုင်ငံရေးသမားဘဝက ပြီးဆုံးသွားပုံ ရခဲ့ပေမဲ့ ၂၀၂၄ မှာ သမ္မတရွေးကောက်ပွဲကို နောက်တစ်ကြိမ်ထပ်ပြိုင်ခဲ့ပါတယ်။ မဲဆွယ်ပွဲ စလုပ်တဲ့အချိန်မှာ ထရမ့်ဟာ အမှုပေါင်း ၉၁ မှုနဲ့ ရင်ဆိုင်နေရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Handout/Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ် သြဂုတ် ၂၄ က သူတရားစွဲဆိုခံရတဲ့ အမှုတွေကို တရားရုံးမှာရင်ဆိုင်ချိန်။

၂၀၂၄ မေလမှာ သူဟာ အမှု ၃၄ မှုမှာ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပါတယ်။ အဲဒီအမှုတွေကတော့ ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်က အပြာမယ် စတွန်းမီး ဒန်နီယယ်စ်ကို နှုတ်ပိတ်ခ ငွေပေးခဲ့တာနဲ့ ဆက်စပ်ပါတယ်။

၂၀၂၄ ခုနှစ် ပန်ဆယ်လ်ဗေးနီးယား မဲဆွယ်ပွဲတစ်ခုမှာ အသက် ၂၀ အရွယ် သေနတ်သမားက ထရမ့်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AP

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးရေးဆင်းမိန့်ခွန်း ပြောနေချိန် သေနတ်နဲ့ပစ်ခတ်ခံရ။

ဓာတ်ပုံ ရင်းမြစ်, Bloomberg/Getty Images

အဲဒီနောက် ရက်ပိုင်းအကြာမှာ နိုင်ငံလုံးဆိုင်ရာ ရီပတ်ဘလီကန်ပါတီညီလာခံမှာ ထရမ့်ကို သမ္မတလောင်းအဖြစ် အတည်ပြုခဲ့ပါတယ်။

ထရမ့်ဟာ အမေရိကန်သမိုင်းရဲ့ အသက်အကြီးဆုံး အရွေးခံရတဲ့ သမ္မတ ဖြစ်လာတော့မှာပါ။ အခုသမ္မတသက်တမ်းပြီးရင် သူ့အသက်က ၈၂ နှစ် ရှိလာပါမယ်။

ဓာတ်ပုံ ရင်းမြစ်, The Washington Post/Getty Images

သေနတ်ပစ်ခတ်ခံရပြီး ရက်ပိုင်းအကြာမှာ ရီပတ်ဘလီကန် အမျိုးသား ညီလာခံမှာ သူ့ကို ပါတီသမ္မတလောင်းအဖြစ် အတည်ပြုခဲ့ပါတယ်။

၂၀၂၄ ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရပြီဖြစ်လို့ အမေရိကန်ရဲ့ အသက်အကြီးဆုံး သမ္မတ ဖြစ်သွားပါပြီ။ သူ့သက်တမ်းကုန်ရင် ၈၂ နှစ်ရှိမှာပါ။