ငလျင်ဒဏ်သင့် နေပြည်တော်၊အင်းလေး နဲ့ စစ်ကိုင်း က နောက်ဆုံး အခြေအနေ
ငလျင်ဒဏ်သင့် နေပြည်တော်၊အင်းလေး နဲ့ စစ်ကိုင်း က နောက်ဆုံး အခြေအနေ
မြန်မာနိုင်ငံထဲမှာ မတ်လ ၂၈ ရက်က ပြင်းအား ၇.၇ ရှိတဲ့ ငလျင်ကြီး ကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြေကွဲခြင်းအဖြစ် ဒီနေ့ မနက်ပိုင်းက တမိနစ်တာ တိတ်ဆိတ် ငြိမ်သက်ခြင်း နဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကောင်စီက နိုင်ငံတော်အလံကိုလည်း တိုင်ဝက် လွှင့်ထူကြဖို့နဲ့ မီဒီယာထုတ်လွှင့်မှုတွေကိုပါ ရပ်ဖို့ ပြောခဲ့ပါတယ်။ ဒီနေ့ တမိနစ်တာ ဝမ်းနည်းကြေကွဲခြင်း အပြင် သီတင်းတပတ်တာလုံးကိုလည်း တမျိုးသားလုံးရဲ့ ဝမ်းနည်းကြေကွဲခြင်း အထိမ်းအမှတ်ဖြစ် သတ်မှတ်ထားပါတယ်။
စစ်ကောင်စီရဲ့ အဆိုအရ ငလျင်ဘေးကြောင့် သေဆုံးသူ ဦးရေဟာလည်း ၂၇၁၉ ဦးရှိလာပြီ ဖြစ်ပါတယ်။
ငလျင်ဒဏ်သင့်ဒေသအသီးသီးမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေဆက်လက် ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ အပြည့်အစုံကို ကိုသန့်ဇင် က ပြောပြမှာပါ။



