ဆီအခက်အခဲကြောင့် ဆီမှောင်ခိုဈေးကွက် ကြီးမားလာ
ဆီအခက်အခဲကြောင့် ဆီမှောင်ခိုဈေးကွက် ကြီးမားလာ
အရှေ့အလယ်ပိုင်းစစ်ရေးပဋိပက္ခကြောင့် စက်သုံးဆီအခက်အခဲဖြစ်နေချိန် မြန်မာမှာလည်း ပုံမှန်သုံးစွဲမှုထက်လျှော့ချနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင်နေပါတယ်။ ဒါကြောင့်ပဲ လုပ်ငန်း လည်ပတ်နိုင်ဖို့အတွက် စက်သုံးဆီ မဖြစ်မနေဝယ်ယူသုံးစွဲနေသူတွေ ပုံမှန်အတိုင်း ဝယ်ယူလို့မရတော့ဘဲ အခက်အခဲတွေဖြစ်နေကြပါတယ်။ ဒါကို အခွင့်ကောင်းယူပြီး ပြင်ပဈေးကွက်မှာ စက်သုံးဆီကို ဈေးအဆမတန် တင်ရောင်းနေကြသလို တချို့လည်း ဈေးကြီးနဲ့ နီးစပ်ရာချိတ်ဆက်ရောင်းနေတဲ့ ဆီမှောင်ခိုဈေးကွက် ကြီးထွားလာနေပါတယ်။ ဒီအပေါ် သက်ဆိုင်ရာအာဏာပိုင်တွေ စိစစ်ပေးဖို့လည်း ပြောဆိုနေကြပါတယ်။ အပြည့်အစုံကို မသူဇာလင်းက ပြောပြပေးမှာပါ။