စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ပြစ်မှုကျူးလွန်

ဗီဒီယို ပုံစာ, စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ပြစ်မှုကျူးလွန်
စစ်ကိုင်းတိုင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ ပြစ်မှုကျူးလွန်

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ထဲမှာ အရပ်သားနေအိမ်တစ်အိမ်ကို ဝက်လက်အခြေစိုက် ဒေသကာကွယ်ရေးအဖွဲ့ဝင်တချို့နဲ့ အရပ်သားတွေ စုပေါင်းပြီး ဓားပြတိုက်မှု ကျူးလွန်ခဲ့ပြီး အိမ်ရှင်အမျိုးသား သေဆုံးခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကိုင်းနဲ့ မုံရွာတလျောက်မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ဟာ အရပ်သားနေအိမ်တွေကို ဓားပြတိုက်သတ်ဖြတ်တာနဲ့ အနုကြမ်းစီး ပြန်ပေးဆွဲတာစတဲ့ ပြစ်မှုတွေ ကျူးလွန်နေတာရှိတယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။ ပဋိပက္ခဒေသမှာ နေထိုင်နေရတဲ့ လူထုက သူတို့လုံခြုံရေးအတွက် ဘယ်လိုကာကွယ်နေထိုင်နေကြပါသလဲ။ အပြည့်အစုံကို မစန္ဒာဝင်းက ပြောပြသွားမှာပါ။