ငလျင်ဒဏ်သင့် ပြိုပျက်အဆောက်အဦကြားကနေ လွတ်မြောက်လာသူ ကိုတင်မောင်ထွေးရဲ့ ဓာတ်ပုံကပြောတဲ့ မှတ်တမ်းများ
ဓာတ်ပုံ ရင်းမြစ်, Getty Images
ငလျင်ဘေးကြောင့် ပြိုကျခဲ့တဲ့ စစ်ကိုင်းမြို့က ဟိုတယ်တစ်ခုရဲ့ အုတ်ပုံအပျက်အစီးကြားမှာ ၅ ရက်ကြာပိတ်မိနေခဲ့တဲ့ ကျောင်းဆရာဟောင်း ကိုတင်မောင်ထွေး ကို ဧပြီ ၂ ရက် နေ့လယ်ပိုင်းက ကယ်ဆယ်ရေးအဖွဲ့တွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။
ကယ်ထုတ်နိုင်ခဲ့တဲ့နေ့မှာပဲ ကိုတင်မောင်ထွေးကို စစ်ကိုင်းမြို့က ဆေးရုံဝင်းအတွင်း ဆေးဝါးကုသမှုခံယူနေပြီဖြစ်ပါတယ်။
အပျက်အစီးပုံကြားမှာ နာရီပေါင်း ၁၂၀ ကျော် ( ၅ ရက်) ကြာ ရှင်သန်နိုင်ရေး အားတင်းကျော်ဖြတ်ခဲ့တဲ့ ကိုတင်မောင်ထွေး ကို ကယ်ထုတ်ခဲ့တဲ့အခြေအနေကနေ ဆေးရုံမှာကုသမှုခံယူနေတဲ့အထိ ဓာတ်ပုံမှတ်တမ်းတွေကို ကြည့်ရှုနိုင်ပါပြီ။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ငလျင်ဒဏ်ကြောင့် စစ်ကိုင်းမြို့၊ ပိုးတန်းရပ်ကွက်၊ စွယ်တော်နန်းတည်းခိုခန်းပြိုကျပျက်စီးခဲ့တဲ့ အဆောက်အဦထဲမှာ နာရီပေါင်း ၁၂၂ နာရီ ကျော် ( ၅ ရက်) အတွင်း ပိတ်မိနေခဲ့တာဖြစ်ပါတယ်။
သူ့ကို မီးသတ်တပ်ဖွဲ့ နဲ့ အတူအခြား ပရဟိတကယ်ဆယ်ရေးအဖွဲ့တွေက ပူးပေါင်းကယ်ထုတ်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတော့ အသက်ရှင်လျက်ပြန်လည်ထွက်လာနိုင်သူဟာ အသက် ၄၀ အရွယ် ဖြစ်တယ်လို့ဆိုပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီ ကူညီကယ်ဆယ်ရေးမှာပါဝင်ခဲ့တဲ့ ပရဟိတလုပ်ဆောင်သူ ရုပ်ရှင်သရုပ်ဆောင် ထွန်းကိုကိုကတော့ '' အသက်ရှင်လျက်ရှိနေတာ အရမ်းကိုကံကောင်းတဲ့သူပဲဗျာ။ အရမ်းကိုဝမ်းသာပီတိဖြစ်မိပါတယ်ဗျာ'' လို့ သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားပါတယ်။
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာမှာ မတ်လ ၂၈ ရက်တုန်းက လှုပ်ခဲ့တဲ့ငလျင်ကြောင့် ဧပြီ ၃ ရက် အထိ ငလျင်ကြောင့် သေဆုံးသူအရေအတွက် ၃,၀၈၅ ဦးဖြစ်ပါတယ်။ ဒဏ်ရာရသူ အရေအတွက်ဟာ ၄,၇၁၅ ဦးအထိ ရှိတယ်လို့ ဆိုပါတယ်။
ထိပ်တန်း သတင်းများ
အဖတ်များနေသော သတင်းဆောင်းပါးများ
ကြည့်ရန် မရနိုင်သေးပါ။