အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားမယ်လို့ ထရမ့်ပြော

ဗီဒီယို ပုံစာ, အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားမယ်လို့ ထရမ့်ပြော
အီရန်ရဲ့ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားမယ်လို့ ထရမ့်ပြော

အမေရိကန် သမ္မတ ထရမ့်က အီရန်ရဲ့ အရပ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံတွေကို ပစ်မှတ်ထားမယ်လို့ ခြိမ်းခြောက်ခဲ့တာက အမေရိကန်အနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်တဲ့အထိ ဖြစ်လာနိုင်သလား ဆိုတဲ့အပေါ်မှာ သမ္မတ အိမ်ဖြူတော်က သူတို့ အစိုးရက စစ်မက်ဆိုင်ရာ ဘောင်အတွင်းကသာ အကန့်အသတ်နဲ့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သမ္မတ ထရမ့်က အီရန်ကို ဟော်မုဇ်ရေလက်ကြားကို မဖွင့်ပေးရင် အမေရိကန်က အီရန်ရဲ့ လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ၊ ရေနံတွင်းတွေနဲ့ ခါ့ကျွန်းတို့ကို ဖျက်ဆီးပစ်မယ်လို့ ခြိမ်းခြောက်ထားတာ ဖြစ်ပါတယ်။ ဘီဘီစီရဲ့ လုံခြုံရေးဆိုင်ရာ သတင်းထောက် ဖရန့်ခ် ဂါနာရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။