ပုဂံညောင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းထိုး

ဗီဒီယို ပုံစာ, ပုဂံ ညောင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းထိုးလို့ တိုက်ပွဲတွေဖြစ်
ပုဂံညောင်ဦးမှာ စစ်ကောင်စီ စစ်ကြောင်းထိုး

ယူနက်စကို အသိအမှတ်ပြု ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအနီးတဝိုက် ပုဂံညောင်ဦးဒေသမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးနယ်မြေရှင်းလင်းတာတွေလုပ်နေလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ဒီတိုက်ပွဲတွေကြောင့် ဒေသခံတစ်သောင်းဝန်းကျင် စစ်ရှောင်နေရသလို နှစ်ပေါင်းရာနဲ့ချီ သက်တမ်းရှိတဲ့ ရှေးဟောင်း ပုဂံဘုရားတွေအနီးထိ တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။ ဒီသတင်းကို မသီရိဇော်က ပြောပြမှာပါ။