ဂန့်ဂေါ ကာကွယ်ရေး အဖွဲ့ ပစ်ခတ် တိုက်ခိုက်ခံရ

ဗီဒီယို ပုံစာ, ဂန့်ဂေါ ကာကွယ်ရေး အဖွဲ့ ပစ်ခတ် တိုက်ခိုက်ခံရ
ဂန့်ဂေါ ကာကွယ်ရေး အဖွဲ့ ပစ်ခတ် တိုက်ခိုက်ခံရ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက ဒေသကာကွယ်‌ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Generation Z Army(GZA) အဖွဲ့ကို နောက်ထပ် ယောဒေသကာကွယ်ရေး တပ်ဖွဲ့တစ်ခုက သေနတ်နဲ့ လုပ်ကြံပစ်ခတ်ခဲ့တယ်ဆိုပြီး GZA က ဒီနေ့ ဇူလိုင် ၁၇ ရက်မှာ ထုတ်ပြန်လာပါတယ်။

GZA ရဲ့ စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်တချို့နဲ့ ဆေးသူနာပြု ၂ ဦး၊ ယောကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦး စုစုပေါင်း ၉ ဦးပစ်ခတ်ခံခဲ့ရတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။ ဘာကြောင့်ပစ်ခတ်ခံရတာလဲ။ ပစ်ခတ်သူတွေဘက်ကရော ဘယ်လိုတုံ့ပြန်ပါသလဲ။ အပြည့်အစုံကို မစန္ဒာဝင်းက ပြောပြပေးပါမယ်။