NUG ပြုပြင်ပြောင်းလဲဖို့ ဒေါက်တာ တေဇာစန်းပြော

ဗီဒီယို ပုံစာ, NUG ပြုပြင်ပြောင်းလဲဖို့ ဒေါက်တာ တေဇာစန်းပြော
NUG ပြုပြင်ပြောင်းလဲဖို့ ဒေါက်တာ တေဇာစန်းပြော

အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ သူ့လက်အောက်မှာ ရှိနေတဲ့ တိုက်ခိုက်ရေး အင်အားစုတွေကို စနစ်တကျ စုစည်းနိုင်ခြင်းမရှိသလို သယံဇာစီမံခန့်ခွဲမှု၊ ရန်ပုံငွေစီးဆင်းမှုအပါအဝင် ပသုံးလုံးယန္တရားကို ထိန်းချုပ်နိုင်တာမျိုး အားနည်းနေတယ်လို့ စစ်အာဏာသိမ်ဆန့်ကျင်သူ ဒေါက်တာတေဇာစန်းက ထောက်ပြလာပါတယ်။ NUG ကို မဖြစ်မနေ ပြင်ဆင်ပြောင်းလဲဖို့ လိုအပ်တယ်လို့လည်း သူက တိုက်တွန်းထားပါတယ်။ NUG ကို ပြင်ဆင်ပြောင်းလဲဖို့နဲ့ စစ်ရေးအရ ခုထက် ပိုစုစည်းနိုင်ဖို့က လက်တွေ့ကျကျ လုပ်နိုင်ပါသလား။ NUG နဲ့အနီးကပ် လက်တွဲလုပ်နေတဲ့ တော်လှန်‌ရေး အင်အားစု တချို့ကရော ဘယ်လိုတုံ့ပြန်ပါသလဲ။ ဒီအကြောင်း ကိုကျော်ဇေယျက စုစည်းပြောပြပေးပါမယ်။