ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တရုတ် နိုဘယ် ဆုရှင် လွတ်မြောက်လာ
တရုတ် နိုင်ငံက ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် လျူ ရှောင်ဘို ဟာ အသည်း ကင်ဆာ ဝေဒနာ ခံစား နေရတဲ့ အတွက် တရုတ် အဏာပိုင်တွေက ကျန်းမာရေး အာမခံ နဲ့ အကျဉ်း ထောင် ကနေ လွှတ်ပေး လိုက်ပါတယ်။
ကဗျာ ဆရာလည်း ဖြစ်၊ လူ့အခွင့်အရေး လှုပ်ရှား သူလည်း ဖြစ်တဲ့ လျူ ရှောင်ဘို ဟာ ၂၀၀၉ ခုနှစ်မှာတုန်း က တရုတ် နိုင်ငံက တစ်ပါတီ စနစ် ဖျက်သိမ်း ပေးဖို့ တောင်းဆို ခဲ့မှုကြောင့် ထောင် ၁၁ နှစ် ပြစ်ဒဏ် ချမှတ် ခံထားရတာ ဖြစ်ပါတယ်။
လျူ ရှောင်ဘို က ၂၀၁၀ ခုနှစ်မှာ ငြိမ်းချမ်းရေး နိုဘယ် ဆုကို ဆွတ်ခူး ရရှိခဲ့တာ ဖြစ်ပါတယ်။ မေလ တုန်း က သူ့ ကို ဆေးစစ်ရာမှာ အသည်း ကင်ဆာ ရောဂါ ခံစား နေရကြောင်း စစ်ဆေး တွေ့ ရှိခဲ့တာပါ။
လျူရှောင်ဘို ရဲ့ ဇနီးသည် ဟာလည်း လျူ ထောင်ကျ နေတဲ့ အချိန် က စပြီး နေအိမ် အကျယ် ချုပ် နဲ့ ထိန်းသိမ်း ခံထား ရတာ ဖြစ်ပါတယ်။
တရုတ် အရှေ့မြောက်ပိုင်း က လောင်နင် ပြည်နယ် အစိုးရက လျူ ကို ကျန်းမာရေး ကတိ ဝန်ခံချက် နဲ့ လွှတ်ပေးခဲ့ပြီး ကင်ဆာ ရောဂါ အတွက် ကျွမ်းကျင်သူတွေ နဲ့ ပြသ ပေးခဲ့ကြောင်း ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။