ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တူရကီပါလီမန် သပိတ်မှောက်ခံရ
တူရကီနိုင်ငံက ကာ့ဒ်လိုလားတဲ့ HDP ပါတီက ခေါင်းဆောင် ၂ယောက်နဲ့ တခြား ပါတီဝင်တွေ အဖမ်းခံရအပြီးမှာ ပါလီမန်ကို မတက်ပဲနေမယ်လို့ ကြေညာလိုက်ပါတယ်။
HDP ပါတီဟာ တူရကီပါလီမန်မှာ တတိယအကြီးဆုံးပါတီ ဖြစ်ပါတယ်။
ပါတီက အမတ်တွေဟာ ပါလီမန်ကို မတက်ပေမယ့် အမတ်အဖြစ်က နုတ်ထွက်တာတော့ မဟုတ်ဘူးလို့ HDP ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
တူရကီ ဝန်ကြီးချုပ် ဘင်နာလီ ယီဒီရင်ကတော့ အခုလိုလုပ်ရင် မဲပေးထားတဲ့ ပြည်သူတွေကို သစ္စာဖောက်ရာကျမယ်လို့ ပြောဆိုထားပါတယ်။
သောကြာနေ့က ဖြစ်ခဲ့တဲ့ အခုလို အဖမ်းခံရမှုဟာ အကြမ်းဖက်သမားတွေ ရှာဖွေ စစ်ဆေးမှုနဲ့ ပတ်သက်နေတယ်လို့ တူရကီအာဏာပိုင်တွေက ပြောဆိုထားပါတယ်။