လွတ်လပ်အတွေးဆွေးနွေးဖလှယ် - အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု

အစိုးရရဲ့ တုံ့ပြန် ဆောင်ရွက် မှုတွေ ဘာကြောင့် နှေးကွေး တာလဲ
ဓာတ်ပုံ ပုံစာ, အစိုးရရဲ့ တုံ့ပြန် ဆောင်ရွက် မှုတွေ ဘာကြောင့် နှေးကွေး တာလဲ

လွတ်လပ် အတွေး ဆွေးနွေး ဖလှယ် နားဆင် နိုင်ပါပြီ။

မြန်မာ နိုင်ငံမှာ နှစ်ပေါင်း များစွာ အတွင်း အဆိုးဝါးဆုံး ဖြစ်ပေါ် ခဲ့တဲ့ လတ်တလော ရေကြီး ရေလျှံမှု တွေမှာ အစိုးရရဲ့ တုံ့ပြန် ဆောင်ရွက် မှု ဘာကြောင့် နှေးကွေး တာလဲ။

ဒီလို သဘာဝ ဘေး အန္တရာယ်တွေ ကျရောက်တဲ့ အခါ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ ချက်ခြင်း ဆောင်ရွက်ဖို့ အတွက် ဘာကြောင့် အဆင်သင့် မဖြစ် ရတာ ပါလဲ။

အစိုးရ ဘက်က အရေးပေါ် ကူညီ ကယ်ဆယ်ရေး လုပ်ငန်းတွေ နှေးကွေး ခဲ့တဲ့ အတွက် ရေဘေးသင့် သူတွေမှာ ဘယ်လို ထိခိုက် နစ်နာ ဆုံးရှုံး မှုတွေ ဖြစ်စေ ခဲ့ပါ သလဲ.... စတာ တွေကို သောတရှင်တို့ ကိုယ်တိုင် ဆွေးနွေး ခဲ့ကြတာပါ။

ပင်တိုင် ဆွေးနွေးပေး သူတွေ ကတော့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်း လူ့အဖွဲ့အစည်း က ကိုဂျင်မီ တို့ ဖြစ်ကြ ပါတယ်။

ပါဝင် ဆွေးနွေး ခဲ့သူ တွေရော၊ မပါ လိုက်ရတဲ့ သူတွေပါ မကျန် ဘီဘီစီ ပရိသတ် အားလုံးကို ကျေးဇူး အထူး တင်ရှိ ပါတယ်။