လိင်အကြမ်းဖက်မှုခံခဲ့ရတဲ့ အမျိုးသားနှစ်ဦး
နိုဗာတုစ်နဲ့ အိုညန်းဂိုးတို့နှစ်ဦးဟာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံခဲ့ရသူတွေပါ။
သူတို့နှစ်ဦးဟာ အဓမ္မပြုကျင့်ခံခဲ့ရရုံသာမက အဲဒီစိတ်ဒဏ်ရာကို ကုစားပြီး နေထိုင်ဖို့ကိုလည်း သင်ယူခဲ့ရပါတယ်။
အာဖရိကမှာက အမျိုးသားတွေကို အားပေးကူညီတဲ့ အဖွဲ့အစည်းတွေ အတော်လေး နည်းပါတယ်။
အိုညန်းဂိုးကတော့ ကင်ညာက အာဖရိကနွယ်ဖွား အမျိုးသားတွေကို ကူညီတဲ့ အဖွဲ့အစည်းတခု တည်ထောင်ခဲ့ပြီး ဒီကွန်ရက်ကိုလည်း ပိုမိုကျယ်ပြန့်အောင် ကြိုးစားနေပါတယ်။
သူတို့နှစ်ဦး ခံစားခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း ဘီဘီစီက မေးမြန်းထားပါတယ်။
ကိုငြိမ်းချမ်းအေးက ပြောပြပေးမှာပါ။
ဒီသတင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ပတ်သက်တဲ့ စကားလုံးတွေ၊ ရည်ညွှန်းပြောဆိုချက်တွေ ပါကြောင်းကိုတော့ ကြိုတင်အသိပေးပါရစေ။