ရွှေကြာ၄၊ မုန်းစွဲ ၃။ မီတို့ ခီတို့ အကယ်ဒမီလွဲ။

၂ဝ၁၈ အကယ်ဒမီပုံရိပ်၊ ပွဲတက်ဖက်ရှင် ဓာတ်ပုံတွေ

ဓာတ်ပုံ ရင်းမြစ်, BB Burmese

ဓာတ်ပုံ ပုံစာ, တသက်တာဆုရတဲ့ ဒေါ်မြင့်မြင့်ခင်။ မချမ်းသာသေးတဲ့အချိန် နိုင်ငံတော် အထောက်အပံ့ဟာ အကန့်အသတ်နဲ့ ရှိနေဦးမယ်လို့ အတိုင်ပင်ခံပြော။ စီးပွားရေး လုပ်ငန်းရှင်တွေကို ရုပ်ရှင်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု - အေးမြတ်သူ ( နောင်တွင်ဥဒါန်းတွင်စေသတည်း )။ ပထမဆုံး အကယ်ဒမီ ရွှေစင်ရုပ်ကို ကိုင်ပြီး ပါးချိုင့်လေးခွက်အောင် ပြုံးနေတဲ့ မင်းသမီး အေးမြတ်သူ။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, ရွေကြာနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုရသူ ဖွေးဖွေး။ ဇာတ်ကားကောင်း၊ သရုပ်ဆောင်ကောင်းတွေ အများကြီးကြားထဲ မင်းသမီးဆုကို အရယူသွားနိုင်တဲ့ ဖွေးဖွေး

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, အကောင်းဆုံး အမျိုးသားဇာတ်ဆောင် သူထူးစံ (မှော်ဝင်သမန်းကျား)။ အကောင်းဆုံးမင်းသားဆု သူထူးစံဆီ ရောက်လာ။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, ရုပ်ရှင် ဇာတ်ညွှန်းဆု ဝိုင်း (ရွှေကြာ)။ ရွှေကြာနဲ့ ဒါရိုက်တာဆု မရခဲ့ပေမယ့် အကောင်းဆုံး ဇာတ်ညွှန်းဆုကိုတော့ ဆွတ်ခူးခဲ့တဲ့ ဝိုင်း။ သရုပ်ဆောင်လိုင်းကနေ ဒါရိုက်တာ ဖြစ်လာတဲ့အခါ ဇာတ်ကားကောင်းတွေ ဖန်တီးသူ အဖြစ် ချီးကျူးခံရသူ။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, မုန်းစွဲနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ဆုရသွားတဲ့ ကျော်ကျော်ဗိုလ်။ ကိုကြံ့လို့ ရင်းနှီးတဲ့ ရုပ်ရှင်အသိုင်းဝိုင်းကြား ခေါ်ကြတဲ့ ကျော်ကျော်ဗိုလ် မုန်းစွဲနဲ့ အကယ်ဒမီရပါတယ်။ အစဉ်အလာကြီးတဲ့ ရွှေမန်း ဦးတင်မောင် မျိုးဆက်တစ်ယောက် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, စီစဉ်သူလူကြီးနေရာရောက်လာပြီဖြစ်တဲ့ အကယ်ဒမီများရှင် ကိုရန်အောင်။ ကိုရန်လေးဆိုတဲ့ မင်းသားချော အဖြစ်ကနေ တည်တည်ခန့်ခန့် ဦးစီးဦးဆောင် လူကြီးနေရာ ရောက်လာတဲ့ ကိုရန်အောင်။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, မုန်းစွဲနဲ့ အကယ်ဒမီ ဆွတ်ခူးပြန်ဦမလား တစ်ပေးခံခဲ့ရပေမယ့် လွဲခဲ့ရတဲ့ ကိုနေတိုး။

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, ဥပါယ်တံမျဉ်၊ မုဒြာခေါ်သံတို့နဲ့ ပရိသတ် အားပေးတာ တခဲနက် ရခဲ့ကြတဲ့ အမေရိကန်ပြန် ခီမောင်နှံ၊

ဓာတ်ပုံ ရင်းမြစ်, BBC Burmese

ဓာတ်ပုံ ပုံစာ, ၉ဝ ပြည့်ကျော်နှစ်တွေမှာ လွှမ်းမိုးခဲ့တဲ့ အကယ်ဒမီများရှင် မေသန်းနု။ သင်္ကြန်မိုးက စလို့ ပရိသတ်ရင်ထဲ ရောက်လာခဲ့တဲ့ မဆင့်ရဲ့ ရင့်ကျက်တဲ့ အလှ။ သားနဲ့အတူ အကယ်ဒမီပွဲမှာ တွေ့ခဲ့ရ။