၇၁ နှစ်မြောက် မွန်အမျိုးသားနေ့ မြင်ကွင်းစုံ

မွန်လက်နက်ကိုင်လှုပ်ရှားမှုစခဲ့တဲ့ ကရင်ပြည်နယ် ဇာသပြင်မှာ ကျင်းပတဲ့ မွန်အမျိုးသားနေ့အခမ်းအနားမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Min Min Nwe

ဓာတ်ပုံ ပုံစာ, မွန်လက်နက်ကိုင် လှုပ်ရှားမှု စတင်တဲ့ နေရာမှာ ကျင်းပတယ်ဆိုပေမဲ့ မွန်အမျိုးသားနေ့ဟာ လက်နက်ကိုင်လှုပ်ရှားမှု စတင်တဲ့နေ့တော့ မဟုတ်ပါဘူး

ဓာတ်ပုံ ရင်းမြစ်, Min Min Nwe

ဓာတ်ပုံ ပုံစာ, သာသနာသက္ကရာဇ် (၁၁၁၆) ခုနစ်က တပို့တွဲလပြည့်ကျော် ၁ ရက်နေ့ သမလနဲ့ ဝိမလ ညီနောင်တို့က ဟံသာဝတီမင်းနေပြည်ကို စတင်တည်ထောင်ခဲ့တဲ့နေ့ကို သတ်မှတ်ထားတာဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Min Min Nwe

ဓာတ်ပုံ ပုံစာ, ဇာသပြင်က မွန်အမျိုးသားနေ့ အခမ်းအနားကို အခြားတိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေလည်း တက်ရောက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Min Min Nwe

ဓာတ်ပုံ ပုံစာ, ဒီနှစ်မွန်အမျိုးသားနေ့ အခမ်းအနားကို အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Min Min Nwe

ဓာတ်ပုံ ပုံစာ, မွန်အမျိုးသားနေ့ အခမ်းအနားတွေကို မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းက မွန်တွေနေထိုင်ရာဒေသတွေမှာတင်မကပဲ ရန်ကုန်မှာလည်း ကျင်းပပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Min Min Nwe

ဓာတ်ပုံ ပုံစာ, မွန်အမျိုးသားနေ့ မတိုင်ခင် မနေ့ကပဲ အကျဉ်းထောင်မှာ ကျခံနေရတဲ့ မွန်ပြည်သစ် တပ်ဖွဲ့ဝင် ၅ ဦးကို အစိုးရက လွတ်ငြိမ်းချမ်းသာ ခွင့်ပေးခဲ့ပါတယ်

ဓာတ်ပုံ ရင်းမြစ်, Jack-Ahthan

ဓာတ်ပုံ ပုံစာ, မွန်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီဟာ မကြာခင်မှာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေးစာချုပ်မှာ လက်မှတ်ရေးထိုးဖို့ ရှိနေတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။