ကိုဗစ်ကူးစက်မှုကြောင့် အာဆီယံ ဘောလုံး U23 ပြိုင်ပွဲက မြန်မာနုတ်ထွက်

ရန်ကုန်မြို့က ဆေးခန်းတချို့မှာ ဖျားနာလူနာတွေ အများအပြားလာရောက်ပြသနေပြီး အမှန်တကယ် ကူးစက်သူဦးရေဟာ တရားဝင်ကိန်းဂဏန်းတွေထက် အများအပြား ရှိနေနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မြိုင်မြို့နယ်မှာ ဝန်ထမ်းတွေ နုတ်ထွက်ကြဖို့ ဒေသ ကာကွယ်ရေးအဖွဲ့က သတိပေး

    မကွေးတိုင်း မြိုင်မြို့နယ်အတွင်း စစ်ကောင်စီယန္တရားလက်အောက်မှာ ပါဝင်နေကြတဲ့ ဝန်ထမ်းတွေအနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၁၀ရက် နောက်ဆုံးထားပြီး နုတ်ထွက်ကြဖို့ မြိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။

    မြိုင်မြို့နယ်မှာ စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရားက မြို့ပေါ်အနည်းအကျဉ်းသာ လည်ပတ်နိုင်နေပြီး အခြားကျေးရွာတွေအများအပြားမှာ လုံးဝမရှိသလောက် ရှိနေတယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဆိုကြပါတယ်။

    အခုလို ထုတ်ပြန်ရတာဟာ ဝန်ထမ်းအချို့ဟာ ကျောင်းမဖွင့်ရေးလှုပ်ရှားမှုကို တန်ပြန်စည်းရုံးတာ စီဒီအမ် ဝန်ထမ်းတွေကို ခြိမ်းခြောက်တာတွေကြောင့်ဖြစ်တယ်လို့ Myaing Village Revolution Front ခေါင်းဆောင် ဦးအောင်ဇေယျက ဘီဘီစီကို ပြောပါတယ်။

    "မြိုင်မြို့နယ်အတွင်း ကျောင်းတွေက အများစုကတော့ မဖွင့်နိုင်ဘူး လဝက မြေစာရင်းနဲ့ ပညာရေးဝန်ထမ်းတွေကတော့ ယန္တရားလည်ပတ်အောင် လုပ်တဲ့နေရာမှာ ပါနေလို့ အသိပေးတာ"လို့ သူကပြောပါတယ်။

    မြိုင်မြို့နယ်ထဲက ဝန်ထမ်းတွေကို လူထုနဲ့ ပူးပေါင်းအောင်လက်တွဲအောင် ကမ်းလှမ်းမှာဖြစ်ပြီးတော့ လက်မတွဲရင်တော့ လုပ်သင့်လုပ်ထိုက်တာလုပ်ဖိုရှိတယ်လို့ သူကပြောပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, မြိုင် PDF

  2. ကန်ပက်လက်မြို့ထဲမှာ တိုက်ပွဲဖြစ် လူသေဆုံးမှုရှိ

    ချင်းပြည်နယ် တောင်ပိုင်း ကန်ပက်လက်မြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေ ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ဒါ့အပြင် စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် မြို့ခံတစ်ဦး လက်နက်ကြီး ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒီကနေ့ ဇန်နဝါရီလ ၃၁ ရက်နေ့ မနက်ပိုင်းက ချင်းပြည်နယ်တောင်ပိုင်း ကန်ပလက်မြို့ရဲ့ ရန်အောင်စေတီ၊ မြို့နယ် ပညာရေးမှူးရုံးနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို CDF ကန်ပလက်က ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ CDF ဘက်ကပြောပါတယ်။

    ဒီလို ပစ်ခတ်မှု ကြောင့် တိုက်ပွဲ တစ်နာရီခွဲခန့် ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၃ယောက် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ပေမယ့် စစ်ကောင်စီဘက်က ကန်ပက်လက် တိုက်ပွဲ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    ကန်ပလက်နဲ့ မင်းတပ်မြို့တွင်းတွေမှာ အခုလို လက်နက်ကြီးတွေ ပစ်ခတ်မှုတွေကြောင့် ဒေသခံတွေဟာ မိမိတို့ နေအိမ်တွေထဲ မှာမနေရဲဘဲ နေအိမ်တွေကိုစွန့်ခွာပြီး တောတောင်တွေထဲမှာ လပေါင်းများစွာ တိမ်းရှောင်နေရကြပါတယ်။

    No tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  3. တပ်ထောက်ခံပွဲတွေက အသံတိတ်သပိတ်ကို တန်ပြန်တာလား

  4. စစ်ကောင်စီတပ်တွေနဲ့ ကနီ မင်းကင်း ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်

    စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဘေးက ကနီမြို့နယ် ကင်းကျေးရွာ အနီးတစ်ဝိုက်ကို စစ်ကောင်စီရေယာဉ်တွေက ဇန်နဝါရီလ ၃၁ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေပြီး မင်းကင်းမြို့နယ်အနောက်တောကျေးရွာမှာ စခန်းချနေ တဲ့စစ်ကောင်စီတပ်တွေကလည်း အနောက်တောရွာကို အခြေပြုပြီးလက်နက်ကြီးများနဲ့ ပစ်ခတ်နေတယ်လို့ မင်းကင်းပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

    မုံရွာမြို့က ဆန်တက်လာတဲ့ စစ်ကောင်စီရေယာဉ်အုပ်စုဟာ ကနီမြို့နယ် ချင်းတွင်းမြစ်တကြောမှာ ကနီ PDF ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနဲ့ ၆ရက်ကြာ ထိတွေ့မှု ဖြစ်ပြီးနောက် ကနီမြို့နယ် ကင်းကျေးရွာကို ၀င်ရောက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက တစ်ဆင့်သိရပါတယ်။

    ကနီမြို့နယ်နဲ့ မင်းကင်းမြို့နယ်ဟာ နယ်နိမိတ်ခြင်း ထိစပ်နေပြီးတော့ မနေ့က ဇန်နဝါရီလ ၃၀ ရက်နေ့ကတော့ ချင်းတွင်းမြစ်ဘေး မင်းကင်းမြို့နယ်ကျေးရွာတွေက ရွာသားထောင်ချီပြီး ကျေးရွာတွေကိုစွန့်ကာ ထွက်ပြေးနေကြရပါတယ်။

    စစ်ကောင်စီရေယာဥ်အုပ်စုဟာ စစ်ကောင်စီကို ထောက်ခံတဲ့ မင်းကင်းမြို့နယ်တောင်ဖြူပန်းဆက် အခြေစိုက်လက်နက်ကိုင်တွေနဲ့ ပေါင်းပြီး မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ရိုးအောက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးတော့ လက်နက်အင်အား၊လူအင်အားမမျှတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

    ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

    no tag

    ဓာတ်ပုံ ရင်းမြစ်, MKPDF

  5. အသံတိတ်သပိတ်မှာပါဝင်သူတွေကို ဆက်တိုက်ဖမ်းဆီးနေချိန် တပ်ထောက်ခံပွဲတွေကိုတော့ ဒီနေ့ ဒေသတချို့ ပြုလုပ်လာတာတွေ့ရ, မြစ်ကြီးနားမှာလည်း တပ်ထောက်ခံပွဲ ပြုလုပ်

    ကချင်ပြည်နယ် မြစ်ကြီးနား မြို့ မှာ တပ်မတော် ထောက်ခံပွဲကို ဇန်နဝါရီ ၃၁ ရက်မနက် ၁၀ နာရီခန့်က လူဦးရေ ၁၀၀ကျော်ခန့်နဲ့ပြုလုပ်ခဲ့ပြီး မြစ်ကြီးနား၊ ဧရာရပ်ကွက်၊ ကျောက်စိမ်း တုံး ဘက်အခြမ်း ကနေ စတင်ပြီး လမ်းလျှောက်ချီတက်ခဲ့ကြတယ်လို့ မျက်မြင်တွေ့သူဒေသခံတွေကပြောပါတယ်။

    "တပ်ထောက်ခံပွဲလို့ထင်တယ်။ ကျွန်တော်ဖြတ်သွားတော့တွေ့တာ လူဦးရေ ၁၀၀ ကျော် ၁၀၀လောက်ရှိမယ်။ ပြီးတော့ ရဲကားတွေလည်း လမ်းတွေမှာတွေ့တယ်" လို့ မျက်မြင်တစ်ယောက်က ပြောပြပါတယ်။ တစ်ဖက်မှာလည်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အသံတိတ်သပိတ်ကို အာဏာသိမ်းမှုတစ်နှစ်ပြည့်တဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နိုင်ငံတဝန်း ပါဝင်ဆင်နွှဲဖို့ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ အင်အားစုတွေက လူထုကိုဖိတ်ခေါ်ထားပါတယ်။

    ဒါပေမဲ့ အဲဒီနေ့မှာ မြစ်ကြီးနားစည်ပင်သာဈေး ၁ နဲ့၂ တို့ကို မဖြစ်မနေဖွင့်လှစ်ဖို့ ညွှန်ကြားထားတယ်လို့ ဈေးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းပြောပါတယ်။ "ဈေးဖွင့်ရက်တော့ဟုတ်တယ်။ ဆိုတော့ဖွင့်ရမှာပေါ့နော် တရုတ်နှစ်သစ်ကူးဆိုပေမဲ့လည်း မနက်ပိုင်းတော့အဖွင့်ပြရမှာ ဟုတ်တယ်" လို့ ဈေးအသိုင်းအဝိုင်းနဲ့နီးစပ်သူကပြောပါတယ်။

    စစ်တပ်ထောက်ခံပွဲတွေကို ဒီနေ့ နေရာတချို့မှာ ပြုလုပ်လာတာတွေ့ရပေမယ့် အသံတိတ်သပိတ်မှာပါဝင်ဖို့ စီစဉ်သူတွေ၊အသံတိတ်သပိတ် ထောက်ခံသူတွေကိုတော့ စစ်တပ်က ပုဒ်မတွေတပ်ပြီး လိုက်လံဖမ်းဆီးနေပါတယ်။

    Myint Kyee Nar

    ဓာတ်ပုံ ရင်းမြစ်, CJ

  6. ရွေးကောက်ပွဲကော်မရှင်ကို မလျော်သြဇာသုံးမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့်တို့ကို စွဲထားတဲ့အမှု တရားရုံး စရောက်, ရက်ပေါင်း ၁၈၀ အတွင်းအပြီးစစ်ဖို့ လျာထား

    နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်တို့ကို ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မလျော်သြဇာလွှမ်းမိုးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီစွဲဆိုထားတဲ့အမှု ဒီနေ့ ဇန်နဝါရီ ၃၁ ရက်နေ့မှာ နေပြည်တော်အထူးတရားရုံးကိုစတင်ရောက်ရှိလာပါတယ်။

    အတိုင်ပင်ခံနဲ့ သမတ အပြင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ တို့ သုံးဦးကို အဲဒီစွပ်စွဲချက်အတွက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၃၀-က နဲ့စွဲဆိုထားတာဖြစ်ပြီး့ရှေ့နေအဖွဲ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ဦးဝင်းမြင့်တို့အတွက် ရှေ့နေ ကိုယ်စားလှယ်လွှဲစာ တင်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။

    အမှုအတွက် စစ်ကောင်စီဘက်က တရားလိုအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းဖြစ်ပြီး အမှုကို ရက်ပေါင်း ၁၈၀ အတွင်း အပြီးစစ်ဆေးဖို့မှုခင်းစီမံခန့်ခွဲရေးအစီအစဉ်ကို ဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

    လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်မှာတော့ ဒီအမှုအတွက် တရားလိုကို စတင်စစ်ဆေးဖို့ရှိတယ်လို့သိရပါတယ်။ အမှုမှာ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူအတွက် ၎င်းရဲ့ဇနီးဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဒေါ်လွင်မေသိန်းက လိုက်ပါဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

    ပြည်ထောင်စုအစိုးရအဖွဲ့ဝန်ကြီး ဦးမင်းသူဟာလည်းစစ်တပ်က အာဏာသိမ်းတဲ့နေ့ ဖေဖော်ဝါရီ ၁ ရက်နေ့နောက်ပိုင်းကတည်းက နေပြည်တော်မှာဖမ်းဆီးထိန်းသိမ်းခံထားရတာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးမင်းသူတို့ ဒီနေ့တရားခွင်မှာ ပထမဆုံးပြန်လည်တွေ့ဆုံခြင်းလည်းဖြစ်ကြောင်း တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကတစ်ဆင့်သိရှိရပါတယ်။

    "ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က က အခြေခံဥပဒေနဲ့ဆိုင်တာ။ တကယ်က ၁၉၄၇ အခြေခံဥပဒေနဲ့ သက်ဆိုင်တဲ့ ဥပဒေတွေပေါ့။ တကယ်တမ်း ရွေးကောက်ပွဲနဲ့ ဆိုင်တဲ့ ပုဒ်မတွေက ရာဇသတ်ကြီး ၁၇၀ နောက်ပိုင်းနဲ့ဆိုင်တာ။ အခု ပုဒ်မ ၁၃၀-က ကတော့ အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်ထိ ချနိုင်တယ်" လို့ ဥပဒေပညာရှင်တစ်ဦးက ရှင်းပြပါတယ်။ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၃၀-က ဟာ အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တို့ကတော့ ထောင်ဒဏ်တွေအသီးသီးချမှတ်ခံထားရပြီးသားဖြစ်လို့ အာမခံ သီးသန့်မလျှောက်တော့ဘူးလို့ သိရပါတယ်။

    Daw Aung San Suu Kyi, U Win Myint

    ဓာတ်ပုံ ရင်းမြစ်, Ko Min Yar Facebook

    လက်ရှိမှာတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ သဘာဝဘေးအမှု ၂ မှု၊ ပုဒ်မ ၅၀၅ (ခ) ၊ ဆက်သွယ်ရေးဥပဒေ၊ ပို့ကုန်သွင်းကုန် စုစုပေါင်း ၅ မှုနဲ့ ထောင်ဒဏ် ၆ နှစ်ချမှတ်ခံထားရသလို အဂတိမှု ၁၀ မှု၊ နိုင်ငံတော်လျှို့ဝှက်အက် ၁ မှုတို့ တရားရင်ဆိုင်နေရပြီး အခု ရွေးကောက်ပွဲအမှုနဲ့ပါဆိုရင် ၁၂ မှုရှိပြီဖြစ်ပါတယ်။

  7. စစ်ကောင်စီက စစ်ဆင်ရေးတွေ ပိုလုပ်လာတဲ့ စစ်ကိုင်းတိုင်း

  8. လွိုင်ကော်မြို့နယ်ထဲက နှစ်နေရာမှာ တိုက်ပွဲဖြစ်

    လွိုင်ကော်မြို့နယ်ထဲမှာ ဇန်နဝါရီလ ၃၀ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့

    ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲ နှစ်နေရာ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

    တိုက်ပွဲဖြစ်ခဲ့တဲ့ နေရာတွေကတော့ လွိုင်ကော်မြို့နယ် လွိုင်လင်လေးကျေးရွာအုပ်စု ကုန်းဆွတ်ကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဇန်နဝါရီလ ၃၀ရက်နေ့ နေ့လယ်မှာ ၂နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ လွိုင်ကော်မြို့နယ် စစ်ကောင်စီတပ် ခလရ ( ၂၅၁) တပ်ရင်းအနီးမှာလည်း နေ့လယ်ပိုင်းက တစ်နာရီကြာ တိုက်ပွဲထပ်မံ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ ကရင်နီ အမျိုးသားကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားပါတယ်။

    KNDF ဘက်က တစ်ဦးသေဆုံးပြီး တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၆ဦးသေဆုံးကာ ထိခိုက်ဒဏ်ရာသူတွေ ရှိခဲ့တယ်လို့ KNDF ဘက်ကပြောပေမယ့် စစ်ကောင်စီဘက်ကတော့ ဒီသတင်းနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

    စစ်ကောင်စီတပ်ဖွဲ့ တပ်မ ၅၅ တပ်ရင်းဟာ လွိုင်ကော်မြို့နယ် နာနတ်တောရပ်ကွက်နဲ့ ဘာဒိုကျေးရွာတို့မှာ စစ်ကြောင်းထိုးနေပြီး ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNDFက ထုတ်ပြန်ထားပါတယ်။

    ကုန်းဆွတ်ကျေးရွာအနီးတိုက်ပွဲကြောင့် အဲဒီနားကို ဖြတ်သွားတဲ့ကားတွေ နှစ်နာရီခန့်အကြာ စောင့်ဆိုင်းနေခဲ့ရတယ်လို့ ကိုယ်တွေ့ကြုံသူတစ်ဦးက ပြောပါတယ်။

    လွိုင်ကော်မြို့မှာ အခုဆိုရင် သုံးရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ရက်တွေက စစ်ကောင်စီက လေကြောင်း တိုက်ခိုက်တာတွေ ပြုလုပ်ခဲ့ပါတယ်။

    လွိုင်ကော်မြို့

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, လွိုင်ကော်မြို့
  9. တရုတ်နှစ်ကူးမှာ ဆိုင်တွေအတင်းဖွင့်ခိုင်းလို့ အခက်တွေ့

  10. မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ဘေးရွာတွေက ဒေသခံထောင်နဲ့ချီပြီးထွက်ပြေး

    စစ်ကိုင်းတိုင်း ချင်းတွင်းမြစ်ဘေးက ကင်းရွာကို မနေ့က ဇန်နဝါရီလ ၂၉ ရက်နေ့ မနက်ပိုင်းက စစ်ကောင်စီတပ်တွေက အဝေးပစ် လက်နက်ကြီး၊ လက်နက်ငယ် တွေနဲ့ ပစ်ခတ်ကာ ကုန်းလမ်းနဲ့ ရေလမ်း နှစ်ဖက်ညှပ်ပိတ်ပြီး ကင်းစံပြရွာကို ဝင်ရောက်စီးနင်း တပ်စွဲထားပြီးနောက်မှာ ချင်းတွင်းမြစ်အထက် မင်းကင်းမြို့နယ်ထဲက ကျေးရွာတွေ ဒီကနေ့ စစ်ဘေးရှောင်နေကြတယ်လို့ မင်းကင်းဒေသခံတွေထံက သိရပါတယ်။

    စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် အဆောက်အဦးအချို့ပျက်စီးခဲ့ပြီး လူ နှစ်ဦး ထိခိုက်ဒဏ်ရာရထားတယ်လို့ သိရပြီး စစ်ကောင်စီတပ်တွေဟာ ကင်းရွာအတွင်းမှာ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

    ကင်းရွာကနေ စစ်ကောင်စီတပ်တွေဟာ မင်းကင်းနယ်ကို ချင်းတွင်းမြစ် အထက်ကို တက်လာမယ့် အခြေအနေတွေ့လာရသလို စစ်ကောင်စီ ကိုထောက်ခံတဲ့ ပန်ဆက်ရွာကလည်း တိုက်ခိုက်မှုတွေလုပ်လာနိုင်တာကြောင့် အခုလို စစ်ဘေးရှောင်နေကြရတာလို့ ဒေသခံတွေကပြောပါတယ်။

    မင်းကင်းမြို့နယ်တွေထဲမှာ ဒေသခံတွေ အခုလို မကြာခဏ စစ်ဘေးရှာင်နေရပြီးတော့ ဒီကနေ့ ဒေသခံထောင်ချီထွက်ပြေးတဲ့ ရွာတွေကတော့ အင်းတပတ်၊ ဘင်၊ အုန္နဲဘုတ်၊ သင်တော ရွာတွေက ဖြစ်တယ်လို့ သိရပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, MKPDF

  11. စစ်ကောင်စီကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက် ICC မှာအရေးယူနိုင်ဖို့ကြိုးစားသွားမယ်လို့ NUCC ရဲ့ပထမအကြိမ်ညီလာခံကနေဆုံးဖြတ်ကြောင်းထုတ်ပြန်

    စစ်ကောင်စီရဲ့ လူသားမျိုးနွယ်စုတွေအပေါ်မှာ ကျူးလွန်တဲ့ရာဇဝတ်မှု၊စစ်ရာဇဝတ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု စတာတွေအတွက် ကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီကနေတစ်ဆင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး( ICC ) မှာ အရေးယူဖို့ ကြိုးစားသွားမယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ- NUCC ရဲ့ပထမအကြိမ်ပြည်သူ့ညီလာခံကနေ ဆုံးဖြတ်အတည်ပြုလိုက်တယ်လို့ ဒီကနေ့ထုတ်ပြန်ပါတယ်။ နိုင်ငံတကာအနေနဲ့လည်း စစ်ကောင်စီကို အသိအမှတ်မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကိုသာ တရားဝင်အစိုးရအဖြစ်အသိအမှတ်ပြုပေးဖို့လည်း တောင်းဆိုထားပါတယ်။ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်ရေးကို ဦးတည်ပြီး ပထမအကြိမ် ပြည်သူ့ညီလာခံကို ဇန်နဝါရီလ ၂၇ ကနေ ၂၉ ကနေ ပြုလုပ်ခဲ့ပြီး တာဝန်ရှိသူ၊လေ့လာသူ လူဦးရေ ၄၀၀ နီးပါး တက်ရောက်ကာ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ခဲ့တယ်လို့ NUCCကထုတ်ပြန်ပါတယ်။

    လေကြောင်းတိုက်ခိုက်မှုတွေ ကျူးလွန်ခံရနေတဲ့ ကရင်ပြည်နယ်၊ကရင်နီပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်း နဲ့ စစ်ကိုင်းတိုင်းတို့မှာလည်း နိုင်ငံတကာ အာမခံမှုနဲ့ အရပ်သားပြည်သူတွေကို အကာကွယ်ပေးတဲ့ လုံခြုံတဲ့နေရာတွေ (Safe Zones) ဖြစ်ပေါ်ရေးနဲ့ လူထုအတွက် အရေးပေါ်လူသားချင်းစာနာမှုအကူအညီတွေကို ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ကူညီဆောင်ရွက်ပေးဖို့ ညီလာခံကနေ တောင်းဆို ထားတာပါ။

    ပထမဆုံးအကြိမ်ပြုလုပ်တဲ့ ဒီညီလာခံကနေ ဖယ်ဒရယ်ဒီမိုကရေစီတည်ထောင်ရေးအတွက် အဖက်ဖက်ကနေ ပုံစံအမျိုးမျိုးနဲ့ တိုက်ပွဲဝင်ခဲ့ရင်းကနေ ကျဆုံးခဲ့သူ၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်းခံရသူတွေနဲ့ လက်ရှိ တိုက်ပွဲဝင်နေတဲ့သူအားလုံးကိုလည်း အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုတယ်လို့လည်းဆိုပါတယ်။

    ပထမအကြိမ် ပြည်သူ့ညီလာခံကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေ နိုင်ငံရေးပါတီတွေ၊လူထုသပိတ်လှုပ်ရှားမှုဆိုင်ရာအဖွဲ့အစည်းတွေ၊ပြည်သူ့ဝန်ထမ်း CDM လှုပ်ရှားမှုဆိုင်ရာ အဖွဲ့အစည်းတွေ၊အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ဝင်တွေ၊ ကြားကာလ ပြည်နယ်/ဖက်ဒရယ်ယူနစ်/လူမျိုးကိုယ်စားပြုကော်မတီတွေက ကိုယ်စားလှယ်တွေ အပါအဝင် နိုင်ငံတကာဧည့်သည်တော်တွေနဲ့ လေ့လာသူတွေ ၄၀၀ နီးပါးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

    ဇန်နဝါရီလ ၂၇ ကနေ ၂၉ ကနေ ပြုလုပ်ခဲ့တဲ့ NUCC ရဲ့ပထမအကြိမ်ညီလာခံ

    ဓာတ်ပုံ ရင်းမြစ်, CAPTURE

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီလ ၂၇ ကနေ ၂၉ ကနေ ပြုလုပ်ခဲ့တဲ့ NUCC ရဲ့ပထမအကြိမ်ညီလာခံ
  12. ရန်ကုန်မှာ ဆန်စျေးနဲ့ ဆီစျေးတွေတက်လာ

    ရန်ကုန်မြို့မှာ ဆန်စျေးနဲ့ စားသုံးဆီတွေ အပါအဝင် စက်သုံးဆီစျေးတွေ ဆက်လက်မြင့်တက်နေတယ်လို့ ရန်ကုန်ဒေသခံတစ်ဦးက ဇန်နဝါရီလ ၃၀ ရက်နေ့ ဒီကနေ့မှာ ဘီဘီစီကို ပြောပါတယ်။

    ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ်ကို ကျပ် ၄၀၀၀ လောက်တက်လာပြီး နိုင်ငံခြားကတင်သွင်းတဲ့ စားသုံးဆီစျေးတွေလည်းတက်လာကြောင်း ရန်ကုန်မြို့ ခံတစ်ဦးက ပြောပါတယ်။

    ဇန်နဝါရီလဆန်းကတည်း စက်သုံးဆီစျေးတွေ တက်လာနေတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ တစ်ပတ်က ၉၂ တစ်လီတာကို ရန်ကုန်မှာ ၁၅၄၅ ကျပ် ရှိခဲ့ရာကနေ အခုအခါမှာ ၁၅၉၅ ကျပ်အထိ ရောက်လာခဲ့တာဖြစ်ပါတယ်၊

    ရန်ကုန် လက်လီစျေးကွက်မှာ ဆန်စျေးတက်လာတာဟာ သယ်ယူပို့ဆောင်စရိတ်တွေကြာင့်ဖြစ်သလို နိုင်ငံခြားကသွင်းတဲ့ ဆီစျေးတွေတက်လာရတာလည်း မြန်မာကျပ်ငွေနဲ့ ဒေါ်လာငွေလဲနူန်းတွေ တက်လာလို့ဖြစ်တယ်လို့ လည်း ရန်ကုန်မြို့က ကုန်စုံဆိုင်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

    ဒေါ်လာငွေလဲနူန်းက စစ်ကောင်စီ ဗဟိုဘဏ်က အမေရိကန် တစ်ဒေါ်လာကို ၁၇၈၀ကျပ် ဝန်းကျင်သတ်မှတ်ပေမယ့် အပြင်စျေးကွက်မှာ ၁၉၆၀ ဝန်းကျင်နဲ့ ဝယ်ရောင်းလုပ်နေကြတယ်လို့ သိရပါတယ်။

    စက်သုံးဆီစျေးတွေတက်လာတဲ့ အတွက် ကုန်တင်ယာဉ်တွေဟာတန်ဆာခကို တွက်ခြေကိုက်အောင်တိုးယူရကြောင်း စစ်ကိုင်းတိုင်း ကလေးမြို့က ကုန်တင်ယာဉ်ပိုင်ရှင်တစ်ဦးကပြောပါတယ်။

    အာဏာသိမ်းကာလ တစ်နှစ်ခန့်အတွင်းမှာ စက်သုံးဆီစျေးတွေဟာ အရင်ကထက် နှစ်ဆနီးပါးစျေးတက်လာခဲ့သလို ဟင်းသီးဟင်းရွက်နဲ့ ကုန်မျိုးစုံတွေအားလုံးစျေးတက်နေပြီး၊နိုင်ငံတစ်ဝန်းအိုးအိမ်စွန့်ခွာပြီး စစ်ဘေးရှောင်ရသူဟာလည်း တစ်နိုင်ငံလုံး ၃ သိန်း ၃ သောင်းကျော်အထိရှိလာနေပါတယ်။

    no tag

    ဓာတ်ပုံ ရင်းမြစ်, CJ

  13. "အာဏာမသိမ်းမှာစိုးလို့ အိပ်မပျော်အောင်ဖြစ်ခဲ့ရ"

  14. ရေနံတွင်းတွေကို မီးရှို့လို့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ဒေသကာကွယ်ရေးတပ်ထုတ်ပြန်

    မကွေးတိုင်း ၊ မြိုင်မှာရေနံမှော်တွေမီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်တွေကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင်၂ဦး သေဆုံးခဲ့တယ်လို့ မြိုင်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ဒီကနေ့ဇန်နဝါရီ၃၀ရက် မှာထုတ်ပြန်ပါတယ်။ မြိုင်မြို့နယ် သပြေညိုရေနံမှော် နဲ့ ရေကားရေနံမှော်ကြားမှာတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

    မြိုင် ပြည်သူ့ကာကွယ်ရေးက တာဝန်ရှိသူက " ရေနံမှော်တွင်းတွေကို မီးတွေ လာလာရှို့နေတာ ဒုက္ခပေးနေတာကြာပြီ။ အဲဒါကြောင့် မိုင်းဆွဲတိုက်ခဲ့တာ" လို့ ဘီဘီစီကိုပြောပါတယ်။ပြီးခဲ့တဲ့ ဇန်နဝါရီ၂၀ရက်ကစတင်ပြီး မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အနောက်ဘက်ပိုင်း ပေါက်မြို့နယ်မြောက်ဘက်ပိုင်းက ကြက်ဆူအိုင်ရေနံမှော် အပါအဝင်ရေနံတွင်းတွေကို စစ်ကောင်စီတပ်တွေဝင်ရောက်ပြီး မီးရှို့တာ၊ဖမ်းဆီးတာနဲ့ခြိမ်းခြောက် ငွေကြေးတောင်းယူတာတွေလုပ်တယ်လို့ ဒေသခံတွေက ပြောဆိုနေကြတာဖြစ်ပါတယ်။

    အဲဒီနောက်အခုလိုတုံ့ပြန်တိုက်ခိုက်မှုတွေလုပ်လာတာလို့ ဒေသကာကွယ်ရေးတပ်တွေ ဘက်ကပြောပါတယ်။လက်ရှိ မြိုင်မြို့နယ်အတွင်းစစ်ရေး အခြေအနေတင်းမာနေတယ်လု့ိသိရပါတယ်။ မြိုင်မြို့နယ်ဘက်ကအခြေအနေတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့သတင်း ထုတ်ပြန်တာမရှိသေးပါဘူး။

    သပြေညိုရေနံမှော် နဲ့ ရေကားရေနံမှော်

    ဓာတ်ပုံ ရင်းမြစ်, ရေစကြိုဒေသကာကွယ်ရေးတပ်

    ဓာတ်ပုံ ပုံစာ, သပြေညိုရေနံမှော် နဲ့ ရေကားရေနံမှော်
  15. စစ်ကောင်စီလက်အောက်ကဝန်ထမ်းတွေ ဆယ်ရက်အတွင်းထွက်ခွာဖို့ KNU တပ်မဟာ ၅ သတိပေး

    KNU/KNLA တပ်မဟာ ၅ က ကရင်ပြည်နယ်၊မူတြော်ခရိုင်၊ ဖာပွန်မြို့အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်မှာတာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာအသီးသီးကဝန်ထမ်းတွေအားလုံး ဖေဖော်ဝါရီ ၁ ရက် ကနေ ဖေဖော်ဝါရီ ၁၀ ရက်နေ့အထိ ၁၀ ရက်အတွင်း နေရပ်ကို ပြန်ဖို့ (KNU/KNLA) တပ်မဟာ ၅ က ဇန်နဝါရီလ ၂၉ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

    ထုတ်ပြန်ချက်အရ စစ်ကောင်စီလက်အောက်က အရပ်ဖက်ဆိုင်ရာဌာနအသီးသီးကဝန်ထမ်းတွေအနေနဲ့ သတ်မှတ်ထားတဲ့အချိန်နဲ့နေ့ရက်အတွင်း နေရပ်တွေကို ရေလမ်းနဲ့ ထွက်ခွာကြဖို့နဲ့၊ ဖာပွန်မြို့ ဒေသခံတွေလည်း စစ်ကောင်စီလက်အောက်က ဌာနတွေမှာ တာဝန်ထမ်းဆောင်တာမလုပ်ဖို့ပါရှိပါတယ်။ အခုညွှန်ကြားချက်ကိုလိုက်နာမှုမရှိဘဲ ပျက်ကွက်ပါက ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

    လက်ရှိမှာ ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုပေါင်း ၁၈၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅၉ ယောက်သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရကြောင်း၊ဒူးသထူခရိုင်၊ ညောင်လေးပင်ခရိုင်၊ ဘိတ်ထားဝယ်ခရိုင်၊မူတြော်ခရိုင်နဲ့ ဒူးပလာယာခရိုင်တွေအတွင်း လက်နှက်ကြီးတွေနဲ့ပစ်ခတ်မှုဟာအကြိမ်ရာချီရှိပြီး လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေလည်း ရှိခဲ့တယ်လို့ ကေအဲန်ယူက အစောပိုင်းမှာထုတ်ပြန်ထားပါတယ်။

    ပြည်သူတွေနေထိုင်ရာ ဒေသအတွင်းကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ရှိတာကြောင့် သေဆုံးသူနဲ့ ဒဏ်ရာရရှိသူတွေရှိတယ်လို့ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး KNUရဲ့ ၁၅ ရက် တိုက်ပွဲ သတင်း ထုတ်ပြန်ချက်မှာ ပါရှိခဲ့တာပါ။ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေ အုပ်ချုပ်နယ်မြေအတွင်းမှာ ပြည်သူပေါင်း ၅၀၀၀၀ ကျော် စစ်ရှောင်နေကြရပြီး အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

    ဖာပွန်မြို့

    ဓာတ်ပုံ ရင်းမြစ်, ဓါတ်ပုံ - လူထုနွေဦး

    ဓာတ်ပုံ ပုံစာ, ဖာပွန်မြို့
  16. သကြားစျေး နှစ်ဆနီးပါးတက်

    ပြည်တွင်းဈေးကွက်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလက သကြား တစ်ပိဿာကို ၁၀၀၀ ကျပ် ဝန်းကျင်သာ ရှိရာက အခု ၂၀၂၂ ဇန်နဝါရီမှာ၂၀၀၀ ကျပ်အထိ နှစ်ဆနီးပါးဈေးမြင့်တက်လာပါတယ်။

    ဒါဟာ တနှစ်အတွင်း ကျပ်တထောင်ဝန်းကျင်ကို ဈေးမြင့်တက်လာတာ ဖြစ်ပါတယ်။

    ပုံမှန်ဝယ်နေကျ တရုတ်ဘက်က အဝယ်တွေ လျော့နည်းသွားခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်အတွင်းကစလို့ဗီယက်နမ်က မြန်မာ့သကြားကို ဝယ်ယူမှုတွေ ရှိလာပြီး ဒီနှစ်မှာလည်း တန်ချိန်တစ်သိန်းကျော် တင်ပို့ဖို့လျာထားချက်လည်း ရှိနေပါတယ်။

    ဒါပေမဲ့ သကြားဈေးတွေ ပြည်တွင်းဈေးကွက်မှာ မြင့်တက်နေသလို ပြည်ပဝယ်လိုအားကြောင့် ဈေးကောင်းတွေ ရနေပေမယ့်လည်း တစ်ဖက်မှာ ‌ ကြံစိုက်တောင်သူတွေအနေနဲ့ အကျိုးအမြတ် မခံစားရသေးဘဲ အခက်အခဲတစ်ချို့နဲ့ ရင်ဆိုင်နေကြရပါတယ်။

    ကသာ ‌ဒေသက ကြံစိုက်တောင်သူတစ်ဦးက စက်ရုံတွေကို ကြံတွေ တင်ပို့နေပေမယ့် ဒေသတွင်းက စက်ရုံတစ်ချို့က ငွေရှင်းမပေးသေးဘဲ ကြန့်ကြာနေတာကြောင့် ကြံတွေကို စက်ရုံကို တင်ပို့တာ ခဏ ရပ်ဆိုင်းထားတယ်လို့ ပြောပါတယ်။

    ဒါကြောင့် ကြံစိုက် တောင်သူတွေ အနေနဲ့ ဈေးကောင်းရနေတဲ့အချိန်မှာ ရသင့်တဲ့အကျိုးအမြတ်ကို ခံစားခွင့်ရဖို့ စက်ရုံတွေ လည်ပတ်ပြီး ကျသင့်ငွေတွေရှင်းပေးဖို့ မျှော်လင့်ချက်တွေ ရှိနေပါတယ်။

    အင်းလေးအနီးက ကြံစိုက်ခင်းတွေ  ၂၀၁၇

    ဓာတ်ပုံ ရင်းမြစ်, Getty Images

  17. မြန်မာမှာ အလုပ် တစ်သန်းခွဲကျော် ဆုံးရှုံးသွားတယ်လို့ ILO ခန့်မှန်း

    ကိုဗစ်ကပ်ရောဂါရိုက်ခတ်မှုကြား စစ်အာဏာသိမ်းကြောင့် မြန်မာနိုင်ငံမှာ အလုပ်အကိုင် အခွင့်အလမ်း ၁.၆ သန်း လောက် ဆုံးရှုံးသွားခဲ့တယ်လို့ အပြည်အပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ILO က ရဲ့ နောက်ဆုံးထုတ်ပြန်လိုက်တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    အလုပ်ချိန်တွေလည်း လျော့ကျသွားခဲ့ပြီး ၂၀၂၀ ပြည့်နှစ်နဲ့ယှဥ်ရင် ၂၀၂၁ မှာ အလုပ်ချိန် ၁၈ ရာခိုင်နှုန်း လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

    အဲဒါဟာ အချိန်ပြည့် အလုပ်သမား အနည်းဆုံး ၃.၁ သန်းရဲ့ အလုပ်ချိန်နဲ့ ညီမျှပါတယ်။

    အဓိက အလုပ်အကိုင် ကဏ္ဍတွေမှာ အဲဒီရိုက်ခတ်မှုတွေ သိသိသာသာ ဖြစ်ခဲ့ပါတယ်။

    ကျေးလက်က လယ်ယာလုပ်ကိုင်သူတွေကို လက်နက်ကိုင် ပဋိပက္ခ၊ အကြမ်းဖက်မှုတွေနဲ့ မလုံခြုံမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ကြရပါတယ်။

    ၂၀၂၀ နဲ့ နှိုင်းယှဥ်ရင် ၂၀၂၁ မှာ အလုပ်အကိုင် ဆုံးရှုံးမှုတွေဟာ ဆောက်လုပ်ရေးကဏ္ဍမှာ ၃၁ ရာခိုင်နှုန်း၊ အထည်ချုပ် လုပ်ငန်းမှာ ၂၇ ရာခိုင်နှုန်းနဲ့ ခရီးသွားလုပ်ငန်းမှာ ၃၀ ရာခိုင်နှုန်း ရှိပါတယ်။

    အဲဒီလို အလုပ်အကိုင်တွေနဲ့ အလုပ်ချိန် ဆုံးရှုံးမှုတွေဟာ အမျိုးသမီးတွေမှာ အမျိုးသားတွေထက် ပိုပြီး အကြီးအကျယ် သက်ရောက်ခဲ့ပါတယ်။ အဲဒီ အမျိုးသမီး အလုပ်အကိုင် အများစု ဆုံးရှုံးမှုတွေဟာ အထည်ချုပ်လုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းတွေမှာ ဖြစ်ခဲ့ပါတယ်။

    ပုသိမ်မြို့က အထည်ချုပ် စက်ရုံတစ်ရုံ (၂၀၂၀)

    ဓာတ်ပုံ ရင်းမြစ်, Kha Kha

    ဓာတ်ပုံ ပုံစာ, ပုသိမ်မြို့က အထည်ချုပ် စက်ရုံတစ်ရုံ (၂၀၂၀)
  18. စစ်ကောင်စီတပ်တွေနဲ့ကိုးကန့်တပ်ဖွဲ့တို့ ကွတ်ခိုင်၊ ကုန်းဆာရွာအတွင်း တိုက်ပွဲဖြစ်ပွား, မပေါက်ကွဲဘဲကျန်နေတဲ့လက်နက်ကြီးကျည်တချို့ ရွာထဲ ရှိနေလို့ ဒေသခံတွေစိုးရိမ်

    ကွတ်ခိုင်မြို့ရဲ့ အနောက်ဘက်ခြမ်း ကုန်းဆာရွာမှာ စစ်ကောင်စီတပ်နဲ့ ကိုးကန့် (MNDAA) တပ်ဖွဲ့တို့အကြား မနေ့ ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲခန့်မှာ သုံးနာရီခန့်ကြာ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့သလို ကွတ်ခိုင်မြို့မ စစ်ကောင်စီ အမြောက်တပ်ကနေ လက်နက်ကြီး ၁၅ လုံးထက်မနည်း ပစ်ကူခဲ့တာကြောင့် ကုန်းဆာရွာသားတွေ ကွတ်ခိုင်မြို့ပေါ်ကို တိုက်ပွဲရှောင်ခဲ့ရပါတယ်။

    ဒီကနေ့ ဇန်နဝါရီ ၂၉ ရက်မနက်မှာ တိုက်ပွဲရှောင်တွေ နေရပ်ပြန်ချိန်မှာတော့ ရွာထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် ကျရောက်နေတာကိုတွေ့ရတယ်လို့ ရွာခံတစ်ဦးက အခုလိုပြောပါတယ်။

    " ရွာထဲထိတိုက်ပွဲဖြစ်တာ။ မနေရဲလို့ ကွတ်ခိုင်မြို့ထဲမှာ လာရှောင်ခဲ့တယ်။ ဒီနေ့မနက်ပိုင်းလောက်မှာ ရွာကို အားလုံးပြန်ကြပြီ။ ရွာထဲက အိမ်တစ်လုံးအောက်မှာ လက်နက်ကြီးတစ်လုံးကျနေတယ် ။ မပေါက်သေးဘူး။ အဲဒီအိမ်မှာလည်း ဘယ်သူမှမနေရဲတော့ဘူးလေ"လို့ သူကပြောပါတယ်။ ဒါ့အပြင် ရွာအတွင်းမှာ လက်နက်ကြီး လက်နက်ငယ် ကျရောက်ပေါက်ကွဲခဲ့တဲ့ပျက်စီးထိခိုက်မှုတွေကိုတွေ့မြင်ရတယ်လို့သူကဆက်ပြောပါတယ်။

    တိုက်ပွဲအတွင်း ရွာသားတွေ ထိခိုက်မှုမရှိသလို ရွာထဲမှာ လက်နက်ကိုင်တပ်ဖွဲ့တွေ သွားလာလှုပ်ရှားတာမတွေ့ရပေမယ့် ဘယ်ချိန်တိုက်ပွဲပြန်ဖြစ်မလဲဆိုတာကိုတော့ စိုးရိမ် နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

    ကုန်းဆာကျေးရွာဟာ အိမ်ခြေ ၁၅အိမ်၊ လူဦးရေ ၅၀ ခန့်ရှိပြီး စစ်ကောင်စီတပ်တွေလှုပ်ရှားတဲ့နေရာဖြစ်သလို မြောက်ပိုင်းညီနောင်မဟာမိတ်တပ်တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာန်းအဖွဲ့ TNLAနဲ့ကိုးကန့်အဖွဲ့ MNDAA တို့အပြင် KIAတပ်ဖွဲ့လည်း သွားလာလှုပ်ရှားကြတဲ့ နယ်မြေတစ်ခု ဖြစ်ပါတယ်။

    Battle between MNDAA and Myanmar Military

    ဓာတ်ပုံ ရင်းမြစ်, CJ

  19. လေးကေ့ကော်စစ်ရှောင်တွေ ခိုလှုံနေတဲ့ မယ့်ကိုးကင်စစ်ရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေပိတ်သိမ်း, မိုင်းအန္တရာယ်အပါအဝင်လုံခြုံရေးကိုစိတ်ပူလို့ မပြန်ရဲကြ

    ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့က နွားခြံတစ်ခုအတွင်း ဖွင့်ထားတဲ့ မဲ့ကိုကင်းစစ်ရှောင်စခန်းကို မြဆောက်ဒေသအုပ်ချုပ်ရေးပိုင်းက ပိတ်သိမ်းလိုက်ပြီး အဲဒီမှာ ခိုလှုံနေရတဲ့ လေးကေ့ကော်စစ်ရှောင်တွေ ကိုနေရပ်ပြန်ပို့ပေမယ့် လုံခြုံရေးကိုစိုးရိမ်တဲ့စစ်ရှောင်တစ်ထောင်ခန့်မှာ နေရပ်ကိုမပြန်ဘဲ မြန်မာဘက်ခြမ်း သောင်းရင်းမြစ်တစ်ဘက်ကမ်းပြောင်းစိုက်ခင်းထဲက လေးကေ့ကော်အုပ်ချုပ်ရေးတာဝန်ရှိသူ ဦးစီးဖွင့်လှစ်ထားတဲ့ ယာယီစစ်ရှောင်စခန်းကို ပြောင်းရွှေ့နေထိုင်နေရပါတယ်။

    "ကျွန်တော်တို့က ထိုင်းဘက်နွားခြံမှာ နေနေတာ တစ်လကျော်ပြီ၊ မနေ့က ရွှေ့ကြ ပြန်ကြဆိုတော့ လေးကေကော် သူကြီး အဖိုး ဆီ အကူအညီ လှမ်းပြောပြီး သူတို့ စစ်ရှောင်စခန်း ဘက် ကို ပြောင်း နေဖို့ ကျွန်တော်တို့ရောက်လာခဲ့တယ်။ လေးကေ့ကော် ပြန်နေဖို့က မလွယ်ဘူး။ သွားလာလုပ်စားဖို့ ဘာမှ မရှိ တာ လေ။ အိမ်တွေ ဖောက်ပြီး ယူတယ်။ ကားတွေ ဆိုင်ကယ်တွေ ဘာတစ်ခု မှ မရှိတော့ဘူး ၊ သွားပြန်နေရင် ပေါ်တာခေါ် ပြီး လမ်းပြခိုင်းမှာ ကြောက်ရတယ်။ မပေါက်သေးတဲ့ လက်နက်ကြီး တွေ အိမ်တွေ ထဲ စိုက်ဝင်နေတာတွေလည်း ရှိနေတယ် ဆိုတော့ မပြန်ဘဲ ဒီမှာ တစ်စုတည်ဒ ဆက်ပြီး နေနေရတယ်" လို့ စစ်ဘေးရှောင် တစ်ဦးက ဆိုပါတယ်။

    ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ လေးကေ့ကော် ဒေသတိုက်ပွဲတွေကြောင့် ထီးမယ်ဝါးခီး ၊ ဘဲဟိ့ပလော်၊ ရသေ့ဂူ၊ ဖလူးကြီး၊ ဖလူးလေး ကျေးရွာတွေနဲ့ လေးကေ့ကော်မြို့သစ် ရပ်ကွက် ၆ ခုမှာ နေထိုင်ကြတဲ့ ဒေသခံတွေဟာ တစ်ဘက်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

    ခုတော့ အဲဒီစစ်ရှောင်တွေကိုနေရပ်ကို ပြန်နေဖို့ ထိုင်းမြန်မာနှစ်ဘက် အာဏာပိုင်တွေက ညှိနှိုင်းပြီး မနေ့ဇန်နဝါရီ ၂၈ ကစလို့ စီစဉ်ခဲ့ပေမယ့် ဒေသခံ တစ်ထောင်ကျော်ကတော့ နေရပ်ပြန်ဖို့ စိတ်ပူနေကြပါတယ်။ တိုက်ပွဲတွေဖြစ်ပွားချိန်က မပေါက်ကွဲသေးတဲ့ လက်နက်ကြီးတွေကျန်နေမှာ၊ မိုင်းတွေ ထောင်ထားမလားဆိုတဲ့စိုးရိမ်ပူပန်မှုတွေအပြင် လေးကေ့ကော်ဒေသတွင်း စစ်ကောင်စီတပ်တွေတပ်စွဲထားတာကြောင့် ဒေသခံတွေအနေနဲ့ လုပ်အားပေးစေခိုင်းခံရမှာပေါ်တာဆွဲခံရမှာကိုစိုးရိမ်နေကြပါတယ်။

    ထိုင်း၊ နွားခြံ စစ်ရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေက ပိတ်သိမ်းလိုက်တာအပြင် ထိုင်းဘက် သောင်ရင်းမြစ် တစ်လျှောက် ကိုင်းတောနဲ့ သဲသောင်ခြုံ စပ်တွေ မှာ အစုလိုက်ခိုလှုံ နေကြသူတွေ ကိုပါ မြန်မာဘက်ကမ်း ဘက်ကို ပြန်ပြောင်းနေကြဖို့ ထိုင်းနယ်ခြားစောင့် စစ်တပ်က သတိပေး ပြောဆို တာတွေ ကြောင့် ထိုင်းဘက် ရောက်နေ တဲ့ မြန်မာစစ် ရှောင် ပြည်သူတွေကို ဇန်နဝါရီ ၂၄ ကစပြီး ဖလူးလေးရွာအပိုင်ထဲက လေးကေ့ကော်စစ်ရှောင်စခန်းဘက်ကို ပြန်လာစုနေကြဖို့ ပြန်ခေါ်ခဲ့ခြင်းဖြစ်တယ်လို့ လေးကေ့ကော် သူကြီး စစ်ရှောင်စခန်းရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    "အခုရောက်ရှိနေတဲ့ စစ်ရှောင်ပြည်သူတွေဟာ ကိုယ့်အိမ်ကိုယ်ပြန်လို့မရသေးတဲ့ လေးကေ့ကော်၊ မယ်ဝါးခီး၊ ဘဲဟိကလော်နဲ့ ဖလူးလေးဖလူးကြီးရွာသားတွေပေါ့ နော့်။ အခုအဲဒီရွာတွေကိုပြန်ဖို့ စစ်တပ်ကလည်း ပြန်မဆုတ်သေးဘူး ၊နေရာမဖယ်ပေးသေးဘူး ဆိုတော့ ကျွန်တော်တို့လည်း ရွာသား တွေကိုပေး မပြန် သေးဘူး ၊ တချို့ မြို့ဘက် နေစရာရှိ တဲ့သူတွေ ကတော့ မြို့ပေါ်ဘက်တို့ အရင်နေခဲ့တဲ့ ကိုယ့်ဒေသဘက် ကိုယ် ပြန် ရွှေ့သွား ကြတယ်။ မယ့်ထော်သလေး၊ ဖလူးကြီး၊ မင်းလက်ပန်နဲ့ အင်းကြင်းမြိုင်ရွာက ဒေသခံတွေ ကတော့ တချို့ ကိုယ်အိမ်ကိုယ် ပြန်နေကြသလို တချို့ လည်း ရွာဘုန်းကြီးကျောင်းမှာ သွားစုနေကြတာလည်း ရှိတယ် အကုန်လုံးတော့ပြန်မနေကြသေးဘူး၊ တိုက်ပွဲ အခြေအနေ ကို ကြည့် နေကြတုန်းပါပဲ" လို့ သူကပြောပါတယ်။

    Lay Kay Kaw, Karan State

    ဓာတ်ပုံ ရင်းမြစ်, CJ

  20. အာဆီယံ အထူးသံနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ စစ်ကောင်စီ ကြေညာ

    ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီးက အာဆီယံ အထူးသံအဖြစ် သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဥ်ကို ပြင်ဆင်နေပြီလို့ ဒီကနေ့ ထုတ်ပြောလိုက်အပြီးမှာ မြန်မာ စစ်ကောင်စီ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း ကမ္ဘောဒီးယားက ခန့်အပ်မယ့် အာဆီယံ အထူးကိုယ်စားလှယ်သစ်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိတယ်လို့ ထုတ်ပြန်လာပါတယ်။

    အာဆီယံ အထူးကိုယ်စားလှယ်ဟာ မြန်မာနိုင်ငံရဲ့ အခြေအနေပေါ်မူတည်ပြီး သက်ဆိုင်သူ အားလုံးနဲ့တွေ့ဆုံခွင့်ရမယ်လို့လည်း ဆိုပါတယ်။ ဒါဟာ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာ ခရီးစဥ်ရလဒ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် အာဆီယံ အထူးသံဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြုလုပ်တဲ့ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခွင့်ရမယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

    ဒီလို နှစ်နိုင်ငံ ထုတ်ပြန်ချက်တွေ ရှိပေမဲ့ ဒီလထဲမှာ ကျင်းပဖို့ ရှိတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကို ရွှေ့ဆိုင်းခဲ့ရသလို မြန်မာဘက်က အခြေအနေတွေ မတိုးတက်မချင်း မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံ ထိပ်သီးအစည်းအဝေးတွေ တက်ခွင့်မပေးဖို့ အာဆီယံနိုင်ငံခေါင်းဆောင်တချို့က ပြောထားပါတယ်။